Breaking News

About Me

Friday, August 4, 2017

'မင်းတို့ ကက်သလစ်ဘာသာသူများ မယ်တော်မာရီယားကို ရှိခိုး ကိုးကွယ်ကြတာလား'


            ကက်သလစ်ဘာသာဝင်များ တစ်ချိန်မဟုတ် တစ်ချိန် အမေးခံရသောမေးခွန်းတစ်ခုမှာ 'မင်းတို့ ကက်သလစ်ဘာသာသူများ မယ်တော်မာရီယားကို ရှိခိုး ကိုးကွယ်ကြတာလား' နောက်မေးခွန်းတစ်ခုမှာ 'မယ်တော် ထံဆုတောင်းဖို့လိုလို့လား၊ သားတော်ဘုရားထံ တိုက်ရိုက် တောင်းလျှောက်လျှင်လည်းရရဲ့သားနဲ့' စသည်ဖြင့် အမေးခံ ရတတ်သည်။ ထိုသို့အမေးခံရသောအချိန်တွင် ကျွန်ုပ်တို့ ဆွံ့အသွားတတ်ပါသည်။ တိကျသောအဖြေတစ်ခု၊ လုံ လောက်သောဖြေရှင်းချက်မျိုး မပေးနိုင်ကြပေ။ ထိုမျှမက မိမိ ယုံကြည်သောအရာသည် မှန်မှမှန်ပါလေစ စသည်ဖြင့် မိမိယုံကြည်ချက်ကိုတောင် သံသယဝင်မိပါတော့သည်။
   ကက်သလစ်အသင်းတော်နှင့် မယ်တော် မာရီယားသည် မည်သို့မည်ပုံဆက်စပ်ပါသနည်း။ ကက်သလစ်ဘာသာ ဝင်များက မယ်တော်ကို မည်သည့်အကြောင်းကြောင့် သဒ္ဓါ ကြည်ညိုခြင်းပြုကာ ဆုတောင်းကြပါသနည်း။ (သို့) မယ် တော်ထံဆုတောင်းခြင်းအားဖြင့် မယ်တော်သည် ဆုကျေးဇူး များကိုအမှန်တကယ်ပေးပါ၏လော။ စသည့်မေးခွန်းသုံး ခုနှင့်ဆွေးနွေးလိုပါသည်။ ကျွန်ုပ်၏ ဆွေးနွေးချက်များသည် အမှန်ကန်ဆုံးနှင့်အပြည့်စုံဆုံးသော တင်ပြဆွေးနွေးချက် မဟုတ်သည်ကို ဦးစွာဝန်ခံလိုပါသည်။ သို့သော်လည်း ဤစာကိုဖတ်ခြင်းအားဖြင့် မယ်တော်ကို အားကိုးကြသော သာသာသူများ၏စိတ်တွင် တွေးတောစရာတစ်ခုခုကျန်မည် ဆိုလျှင် ကျွနု်ပ်ရေးရကျိုးနပ်ပါသည်။



ဆက်လက်ဖတ်ရှုရန် »

No comments:

Post a Comment

Designed By