Breaking News

About Me

Monday, August 21, 2017

ကောင်းကင်ဘုံမေတ္တာ

ကောင်းကင်ဘုံ၌ မေတ္တာ
(The Lord’s Prayer/ Our Father Prayer)
အနက်အဓိပ္ပာယ်အား ဝေမျှခြင်း၏ ရည်ရွှယ်ချက်၊
ကိုးကား - YOUCAT (YOUth CATechism)

ငယ်စဉ်ကတည်းက ခရစ်ယာန်တိုင်း ရွတ်ဆိုခဲ့သော ဤကောင်းကင်ဘုံ၌ မေတ္တာအား အသင်းတော်အနေဖြင့် ကျွန်ုပ်တို့ ခရစ်ယာန်များအတွက် မည်သို့ အသေးစိတ် အနက်ဖွင့်ဆိုထားသနည်းဟု သိလိုခဲ့သည်။
ဤသို့ဖြင့် ကျွန်ုပ်သည် အနားယူပြီးသော ကျွန်ုပ်တို့၏ ပုပ်ရဟန်းမင်းကြီး ဘက်နဒစ် (၁၆)၏ စာအုပ်ဖြစ်သည့် နာဇရက်မြို့သား ယေဇူး Jesus of Nazareth: ပထမ စာအုပ်တွင် အစပြုကာ “ကောင်းကင်ဘုံ၌ မေတ္တာ” အနက်ဖွင့်ထားသည်ကို ဖတ်မိသဖြင့် အတိုင်းမသိ ကြည်နူးခဲ့ပါသည်။
သို့သော် ပုပ်ရဟန်းမင်းကြီး ဘက်နဒစ် (၁၆)၏ Jesus of Nazareth ပထမတွဲမှ ကောင်းကင်ဘုံ၌ မေတ္တာအဖွင့်အား မဝေမျှခင် ပုပ်ရဟန်းမင်းကြီး ဘက်နဒစ် (၁၆) လက်ထက်က (CCC) Catechism of Catholic Church “ကက်သလစ် အသင်းတော်၏ အမေးအဖြေပုံစံ သွန်သင်ချက်များ (စီစီစီ)”ကို လူငယ်များအတွက် ထုတ်ဝေခဲ့သော YOUCAT စာအုပ်မှ ကိုးကားကာ ဘာသာပြန်ပါသည်။
ထိုသို့ ခရစ်ယာန်တစ်ဦးအနေဖြင့် ကောင်းကင်ဘုံ၌ မေတ္တာနှင့် အခြားသော ယုံကြည်ခြင်းဆိုင်ရာ နက်နဲဖွယ်ရာများအား ဝမ်းမြောက်ခြင်းဖြင့် ဝေမျှလိုက်ရပါသည်။

ဆက်လက်ဖတ်ရှုရန် »

No comments:

Post a Comment

Designed By