Breaking News

About Me

Thursday, August 3, 2017

သိမ်းငှက်

သိန်းငှက်
**********
စူးရှတဲ့ မျက်လုံးတွေနဲ့ ကိုယ်ရဲ့ သားကောင်ကို ဝေဟင်ကနေ ကိုသိန်းငှက်က စိုက်ကြည့်လိုက်ပါတယ်။ ဘယ်အရာမဆို တစိုက်မတ်မတ်နဲ့ လိုချင်တဲ့အရာကို ပစ်မှတ်ထားတတ်တာက သူ့ရဲ့ ပင်ကိုအကျင့်တစ်ခုလိုပါပဲ။ သူ့ရဲ့ မျက်လုံးတွေက ကြည်လင်ပြတ်သားပြီး စူးရှတည်ငြိမ်နေတယ်။ သူ့ရဲ့ တောက်ပစူးနစ်တဲ့ မျက်လုံးတွေနဲ့ ချိန်ရွယ်ပြီး ချီသုတ် လိုက်တဲ့ သားကောင်မှန်သမျှက နောက်ဆုံးတော့ သူ့ရဲ့အစာပဲ ဖြစ်သွားရတယ်။ ဒီလိုထူးခြားတဲ့ သူ့ရဲ့ မျက်လုံး၊ ချွန်ထက်တဲ့ နှုတ်သီး၊ ခိုင်မာကျစ်လျစ်တဲ့ ခြေသည်းတွေနဲ့ ဖျတ်လတ်မြန်ဆန်တဲ့ အတောင်ပံတွေကို ပိုင်ဆိုင်နေရတာကိုက သူ့အတွက် ဂုဏ်ယူဝင့်ကြွားစရာတစ်ခုပေါ့။


 သြော် မေ့လို့ . . နောက်ထပ် ဂုဏ်ယူစရာတစ်ခု ရှိသေးတယ်။ အဲ့ဒါကတော့ ငှက်မျိုးနွယ် အုပ်စုတွေထဲမှာ အသက်ရှည်ကြာဆုံး ငှက်ဆိုရင်လည်း ကိုသိန်းငှက်ပဲဗျ။ အေးပေါ့လေ သူ ဂုဏ်ယူချင်လည်း ယူလောက်ပါပေတယ်။ အသက် (၇၀)ထိ ရှင်သန်နိုင်တယ်ဆိုတာ နည်းတာ မှတ်လို့ ။ မဟုတ်ဘူးလား။ သူများတွေက သိန်းငှက်ဆိုတဲ့ အမျိုးက အသက်ရှည်တယ်၊ သန်စွမ်းတယ်၊ ကုန်ကုန်ပြောရရင် ငှက်တို့ရဲ့ ဘုရင်လို့သာ သိကြတာပါ။ ဘာကြောင့် ဒီလောက်ထိ အသက်ရှည်ရှည်နဲ့ ကြံ့ခိုင်သန်စွမ်းရတာလဲဆိုတဲ့ လျို့ဝှက်ချက်ကို သိချင်မှလည်း သိကြမှာပါ။


ဆက်လက်ဖတ်ရှုရန် »

No comments:

Post a Comment

Designed By