Breaking News

About Me

Friday, August 4, 2017

ဈးပေါသောခွင့်လွှတ်ခြင်း

''ကိစ္စကြီးကြီးမားမားလည်းမဟုတ်ပါဘူး။ ဒီလောက်လေးတော့ ဘုရားသခင်ကခွင့်လွှတ်ပေးမှာပါ'' ဟု ထရေးဇာ လွယ်လွယ်နဲ့ပြောတတ်လာသည်။ ''ငါ ကျောင်း စာမေးပွဲမှာ မရိုးမသားလုပ်လည်း ဘာဖြစ်လဲ။ ကျောင်းသူ ကျောင်းသားတိုင်းလိုလိုလည်း လုပ်နေကြတာပဲ။ ဘုရား သခင်လည်း ငါ့ကိုနားလည်ပေးမှာပါ'' ဟု ပီတာ ပြောတတ် လာသည်။ ''ငါ့ မိဘဆီကပဲငါခိုးတာ ဘာအပြစ်ကြီးလို့လဲ။ ဘုရားတော့ကြိုက်မှာမဟုတ်ဘူး။ ဒါပေမယ့် သူက ငါမခိုး ခင်ကတည်းက၊ ခိုးဖို့ကြံစည်ကတည်းက ခွင့်လွှတ်ပြီးသား ပဲဥစ္စာ။ ခိုးတာလည်းအများကြီး မဟုတ်ပါဘူး'' ဟု ယောဟန် တွေးတတ်လာသည်။ ''လူဆိုတာပြည့်စုံသူမရှိသလို၊ အမှား နှင့်လည်း မကင်းနိုင်ကြပါဘူးကွာ...ငါပေါ့ပျက်ပျက်နဲ့လုပ် လို့ ချွတ်ချော်မှားယွင်းမှုရှိလည်း ဘာဖြစ်သေးလဲ။ အမှား မလုပ်မိအောင်တစ်ချိန်လုံးပဲ သတိထားနေရလို့ကတော့ ငါတော့စိတ်ရောဂါရမှာ သေချာတယ်။

ဆက်လက်ဖတ်ရှုရန် »

No comments:

Post a Comment

Designed By