Breaking News

About Me

Friday, August 25, 2017

ကက်သလစ်တွေ ကယ်တင်ခြင်းရရှိပြီးပြီလား

အမေး။       ။    ။ကက်သလစ်တွေဟာ သူတို့ရဲ့အကျင့်အားဖြင့် ကောင်းကင်နိုင်ငံရောက်အောင် ပို့ဆောင်ပေးတယ်လို့ယူဆနေကြပါတယ်။ ဒါကြောင့် ဘုရားသခင်ကိုယုံကြည်ပြီး ကယ်တင်ခြင်းရရှိဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဧဖက်သြဝါဒစာစောင်မှာ ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရောက်ရ၏။ ကိုယ်အလိုအလျောက်ရောက်သည်မဟုတ်။ ဘုရားသခင်သနားတော်မူရာ ဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှဝါကြွားစရာ အခွင့်မရှိ။ ဟူ၍ ဖော်ပြထားပါတယ်။

 အဖြေ။      ။      ။ပထမဦးဆုံးကျွနိုပ်တို့ နားလည်ထားသင့်တာကတော့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကျမ်းစာတော်မြတ်ကို
ကိုယ်ကြိုက်သလိုဘာသာပြန်မရဘူး၊အဓိပ္ပယ်ဖွင့်ဆိုလို့မရဘူးဆိုတာ
နားလည်ထားသင့်ပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ ကျမ်းစာတစ်ခုနဲ့တစ်ခုကဆက်စပ်နေပြီး သခင်ယေဇူးကိုယ်တိုင်ဓမ္မဟောင်းကျမ်းကို ကိုးကားအသုံးပြုခဲ့တာတွေရှိသလို သခင်ယေဇူးဟောပြောခဲ့တာတွေကလည်း ဓမ္မဟောင်းကျမ်းကို ထောက်ပြခဲ့တာတွေရှိပါတယ်။အဲဒါကြောင့်ဓမ္မသစ်ကျမ်းကိုနားလည်ဖို့ကြိုးစားတဲ့အခါမှာလည်း ကျမ်းစာတစ်ခုနဲ့တစ်ခုရဲ့ဆက်စပ်မှုကို နောက်ကျမ်းစာတစ်စောင်ကနေသိဖို့လိုအပ်ပါတယ်။
ဧဖက် :ဒုစရိုက်အပြစ်၌ သေလျက်ရှိနေသော  ငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေ တော်မူပြီ။ ကျေးဇူးတော်ကြောင့်သာကယ်တင်ခြင်းသို့ ရောက်ရ၏။
စိန်ပေါလ် ပြောထားတဲ့အတိုင်းဆို ကုသိုလ်ကောင်းမှုကြောင့်ကယ်တင်ခြင်းရတာမဟုတ်ဘူး၊ကျေးဇူးတော်ကြောင့်
လို့ ထောက်ပြထားပါတယ်။ ဒါပေမယ့် နောက်ထပ် ဧဖက် အခန်းကြီး ၂ အခန်းငယ် ၁၀ ကိုပြန်ကြည့်ရအောင်
ဧဖက် ၂:၁၀ အဘယ်ကြောင့် နည်းဟူမူကား၊ ငါတို့သည် ကောင်းသော အကျင့်တို့ကို ကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍  ဖန်ဆင်းတော်မူရာ ဖြစ်ကြ၏။ ထိုကောင်းသော အကျင့်တို့၌  ငါတို့သည် ကျင်လည်ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။ ဟု အကျင့်(အလုပ်) နဲ့ပက်သက်ပြီး ပြန်ထောက်ပြထားပါတယ်။ ဒါဟာ ဘာကိုဆိုလိုချင်တာလည်းဆိုတော့ ကမ္ဘာဦးကျမ်း၊ ဓမ္မဟောင်းကျမ်းကတည်းက ဘုရားသခင်က လူကိုဖန်ဆင်းတဲ့အခါ သူရဲ့ပုံစံနဲ့အညီ ဖန်ဆင်းထားခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ လူကိုဘုရားသခင် သူရဲ့ပုံစံနဲ့အညီဖန်ဆင်းထားတယ်ဆိုတဲ့အရာကတော့ လူဟာသဘာဝအလျှောက် လောကသဘာဝအပြစ်ကိုရှောင်ပြီးတော့ ကောင်းသောအမှုကိုပြုစေချင်တဲ့ သဘောထားကို ပြောပြနေတာဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရဲ့ကယ်တင်ခြင်းကျေးဇူးကို ရရှိတဲ့လူဟာ ကောင်းသောအမှုကိုပြုတဲ့အခါ အကျင့်ကအဲဒီကယ်တင်ခြင်းကျေးဇူးတော်နဲ့ ဆန်ကျင်ခြင်းဖြစ်စေတာမဟုတ်ဘဲနဲ့ ကယ်တင်ခြင်းကျေးဇူးတော်ရရှိခြင်းကြောင့်သာ ကောင်းသောအမှု(အကျင့်) ကိုပြုတာဖြစ်ပါတယ်။ ဒါကိုနားလည်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် ကောင်းတဲ့အမှုကိုပြုတာနဲ့ ယုံကြည်ခြင်းနဲ့ ဘယ်လိုမှဆန့်ကျင်ဘက်ဖြစ်နေတဲ့ သဘောတရားမရှိပါဘူး။ ဒါနဲ့ပက်သက်ပြီး နောက်ကျမ်းပိုဒ်ပြန်ကြည့်ရအောင်
ရှင်ယာကုပ် ၂:၁၄-၁၈
၁၄ ငါ့ညီအစ်ကိုတို့၊ တစုံတယောက်သောသူက၊ ငါသည်ယုံကြည်ခြင်း ရှိ၏ဟုပြောလျက်၊ အကျင့်ကို မကျင့် ဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။ ထိုယုံကြည်ခြင်း သည် ထိုသူကိုကယ်တင်နိုင်သလော့။
၁၅ ညီအစ်ကိုနှမတို့သည် အဝတ်အချည်းစည်းရှိ၍ ၊ နေ့တိုင်းစာရသော အစာမရှိသော အခါ၊
၁၆ သင်တို့တွင် တစုံတယောက်သောသူက၊ ငြိမ်ဝပ်စွာ သွားကြလော့။ နွေးကြလော့။ ဝကြလော့ဟု ပြောလျက်၊ သူတို့ကိုယ်နှင့်တော်လျော်သော  အသုံးအဆောင်ကိုမပေး ဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။
၁၇ ထိုနည်းတူ၊ အကျင့်နှင့် ကင်းသော ယုံကြည်ခြင်း သည် တပါးတည်းရှိသော  ကြောင့်အသေဖြစ်၏။
၁၈ တနည်းကား၊ သင်သည်ယုံကြည်ခြင်း ရှိ၏။ ငါသည်အကျင့်ရှိ၏။ သို့ဖြစ်၍ သင်သည် အကျင့်မရှိဘဲသင်၏ ယုံကြည်ခြင်း ကိုပြလော့။ ငါမူကား၊ အကျင့်အားဖြင့်ငါ၏ ယုံကြည်ခြင်း ကိုပြမည်ဟု ပြောစရာရှိ၏။

ဒီကျမ်းပိုဒ်ကိုထောက်ရှုရရင် ရှင်ယာကုပ်ပြောတာရှင်းရှင်းလေးဖြစ်ကြောင်းတွေ့ရမှာပါ။ ဘုရားသခင်က ကယ်တင်ခြင်းကျေးဇူးတော်၊ယုံကြည်ခြင်းကျေးဇူးတော်ပေးထားပါတယ်။ အဲဒီယုံကြည်ခြင်းကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းရတယ်ဆိုပေမယ့် ကယ်တင်ခြင်းကျေးဇူးတော်ကို ကျွန်ုပ်တို့သေတဲ့အချိန်မှာကောင်းကင်ဘုံမှာ အပြည့်အဝခံစားရပါမယ်။ ကယ်တင်ခြင်းကလည်းရရပြီးသား။ ဒါပေမယ့်ကောင်းကင်နိုင်ငံမဝင်ခင် အဲဒီကြားထဲမှာ မိမိရဲယုံကြည်ခြင်းကို ကောင်းသောအမှုအကျင့် အထူးသဖြင့် တစ်ဦးနှင့်တစ်ဦးအစေခံခြင်း၊ တစ်ဦးကိုတစ်ဦး သနားကြင်နာခြင်းစသော အရာတွေနဲ့ သက်သေမပြနိုင်ဘူးဆိုရင် ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းဟာ သေနေသောယုံကြည်ခြင်းဖြစ်တယ်၊ သေနေသောယုံကြည်ခြင်းကဘယ်လိုကယ်တင်ခြင်းကို ပေးနိုင်မလဲဆိုတာ ရှင်ယာကုပ်က ပြန်ပြောထားပါတယ်။
ရှင်ပေတရုသြဝါဒစာ ဒုတိယစောင် ၂း၈
အကြောင်းမူကား ဆိုးယုတ်သောသူတို့အလယ်တွင် နေထိုင်ခဲ့သောထိုဖြောင့်မတ်သူသည် မိမိတွေ့မြင်ကြားသိခဲ့ရသော မကောင်းမူများကြောင့် နေ့စဉ်ရက်ဆက် မိမိ၏ ဖြောင့်မတ်သော စိတ်ဝိညာဉ်၌ အနှောင့်အယှက်ဖြစ်ရလေ၏။


နောက်ကျမ်းပိုဒ်တစ်ခုကြည့်ရအောင်
ကောရိန့်သုသြဝါဒစာ ပထမစောင် ၂း ၁၅
ဝိညာဉ်နှင့်ဆိုင်ရာကိုလိုက်နာ ကျင့်ကြံသူတို့သည် အရာခပ်သိမ်းကိုစီရင်ဆုံးဖြတ်ပြီး သူကိုယ်တိုင်မှာမူ မည်သူ၏စီရင်ဆုံးဖြတ်ခြင်းကိုမခံရပေ။
ဆိုပြီးစိန်ပေါလ်က ဆိုထားပါတယ်။
အခုလိုအချိန်ခါတွေ အထူးသဖြင့် ကက်သလစ်တွေကိုစွပ်စွဲပြောဆိုတဲ့ သင်တို့ရဲ့ကောင်းမှုကုသိုလ်ပြုခြင်းတွေ နိုဗီနာပြုလုပ်ခြင်းတွေဒါမှမဟုတ် စက္ကရမင်းတူးခံယူခြင်းတွေဟာ မလိုဘူး ယုံကြည်ရင် ကယ်တင်ခြင်းရပြီဆိုတဲ့သူတွေလွဲနေတာကတော့ သံပေါလူးဖြစ်စေ၊သံပေတရူးဖြစ်စေ အဲဒီအချိန်အခါက သူတို့ပြောနေတာတွေက ဂျူးလူမျိုးတွေကို ပြောနေတာဖြစ်ပါတယ်။ ဂျူးလူမျိုးတွေဟာ မိုးဇယ်ရဲ့တရားဥပဒေကိုဘဲ ခံယူပြီးတော့ သခင်ခရစ်တော်ကိုလက်မခံတဲ့သူ၊ လက်မခံချင်တဲ့အခြေအနေတွေမှာရှိနေတဲ့သူတွေကို ပြောတာဖြစ်ပါတယ်။ အဓိကသူတို့ပြောချင်တာက မင်းတို့ဂျူးလူမျိုးတွေ ဘယ်လောက်ဘဲ ဒီဥပဒေတွေရဲ့အောက်မှာကောင်းတဲ့အရာတွေကိုဘယ်လောက်ဘဲလုပ်ပါစေ သခင်ခရစ်တော်ကိုမယုံကြည်ဘူးဆိုရင် ကယ်တင်ခြင်းမရနိုင်တဲ့အကြောင်း ပြောချင်တာဖြစ်ပါတယ်။
နောက်တစ်မျိုးပြောရရင် ယုံကြည်ခြင်းကိုဘေးဖယ်ထားပြီးတော့ ကောင်းမှုတစ်ခုတည်းနဲ့ကောင်းကင် ဘုံရောက်ဖို့ကြိုးစားနေတဲ့ ဂျူးလူမျိုးတွေကို အဲဒီခေတ်၊အဲဒီအချိန်မှာ ပြောနေတာဖြစ်ပါတယ်။ သူတို့ဟာ ခရစ်တော်ကိုယုံကြည်ခြင်းမရှိဘူး၊ ဒါ့အပြင် ကယ်တင်ခြင်းကို လက်ခံခြင်းမရှိဘဲနဲ့ ပညတ်တော် ၁၀ ပါးနဲ့ မိုးဇယ်ပေးထားတဲ့ဥပဒေတွေကိုဘဲလုပ်ရင် ငါတို့လည်းကောင်းကင်ဘုံရောက်မယ် ဆိုပြီးခံယူနေကြတဲ့ အဲဒီအချိန်က ဂျူးတွေကိုရေးနေတာဖြစ်ပါတယ်။ ဒီတော့ ကျွန်ုပ်တို့ယုံကြည်ခြင်းရရှိပြီးသားသူတွေအတွက်ကျတော့ ဘယ်လိုဖြစ်သွားမလဲ သံပေါလူးနဲ့သံပေတရူးပြောချင်က ကောင်းမှုဘယ်လောက်လုပ်လုပ် ယုံကြည်ခြင်းကိုလက်မခံရင် ကောင်းကင်ဘုံမရောက်ဘူး၊ ဒါပေမယ့် ယုံကြည်ခြင်းကိုလက်ခံထားပြီးတော့ကောင်းမှု(အကျင့်)မလုပ်ရဘူးလို့ပြောနေတာမဟုတ်ဘူး၊ ယုံကြည်ခြင်းကိုလက်ခံထားပြီးတော့ ကောင်းမှုလုပ်တာဟာ ယုံကြည်ခြင်းနဲ့ဆန်ကျင်နေတယ်၊အပိုတွေဖြစ်တယ်လို့ ပြောနေတာမဟုတ်ပါဘူး။ ကောင်းမှုကုသိုလ်ဘဲလုပ်ပြီးတော့ ယုံကြည်ခြင်းကိုလက်မခံလို့ သူတို့က ပြောနေတာဖြစ်ပါတယ်။
ဒီတော့ ခရစ်တော်ကိုအသက်သခင်အဖြစ်ယုံကြည်ခြင်း၊ ဘုရားပေးတဲ့ကျေးဇူးတော်ကိုလက်ခံခြင်းပြီးတော့ကောင်းမှုကုသိုလ်ပြုခြင်းဆိုတာဟာ သံဟဇာတဖြစ်ပြီးတော့ ပြုလုပ်ရမယ့် အရာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်ကိုယ်တော်တိုင်ပြောထားပါတယ်။ မသဲ ၂၅း ၃၁-၄၆ ကိုရှုရန်။
ကိုယ့်ကိုယ်ကိုယ် တရားဥပဒေအောက်မှာနေတယ်ဆိုတဲ့သူတွေက သူတို့ကိုတရားစီရင်တဲ့အချိန်မှာ ကောင်းကင်နိုင်ငံမှာလက်မခံတဲ့အတွက် သူတို့ဘာများအမှားလုပ်ခဲ့မိလို့လဲလို့ မေးတယ်၊ အဲဒီအချိန်မှာ သခင်ခရစ်တော်က ငါရေငတ်တဲ့အချိန်မှာ သင်တို့ငါ့ကိုရေမပေးဘူး၊ ငါထောင်ကျတဲ့အချိန်မှာ လာမကြည့်ဘူးဆိုပြီး Good Work of Mercy၊ကောင်းသောအမှုကိုလျစ်လျူရှုခဲ့ကြတဲ့ တရားဥပဒေအောက်မှာ နေခဲ့ကြတဲ့သူတွေကို ကောင်းကင်ဘုံက လက်မခံဘူးဆိုတာကို သခင်ယေဇူးရဲ့တရားဟောချက်မှာ ရှင်းရှင်းလင်းလင်းကိုတွေ့ရပါတယ်။ ဒါလေးက အင်မတန်မှကို ရှင်းနေပါတယ်။
နောက်ဥပမာတစ်ခုကိုကြည့်ရအောင်။။ ကောင်းသောဆာမာရိတန်အကြောင်းပါ။ နောက်ဆုံးမှာ သခင်ယေဇူးက သင်တို့လည်းထိုနညးတူပြုကြလော့လို့ဆိုထားပါတယ်၊ အဲဒီတော့ ကောင်းမူကုသိုလ်ပြုခြင်းက ယုကြည်ခြင်းကိုဆန့်ကျင်တာမဟုတ်ဘဲနဲ့ ဘုရားသခင်ပေးသနားတဲ့ ယုံကြည်ခြင်းကျေးဇူးတော်ရဲ့အောက်က အသီးအပွင့်သက်သေသာဖြစ်ပါတယ်။ ယုံကြည်ခြင်းကို မလက်ခံဘဲနဲ့ ကောင်းသောအမှုကိုပြုခြင်းက မလုံလောက်ပါဘူး။ ကောင်းသောအမှုကိုပြုပြီး ယုံကြည်ခြင်းကိုလက်ခံခြင်းက ကောင်းကင်နိုင်ငံရောက်စေဖို့ဖြစ်ပါတယ်။
ဒီတော့ ကယ်တင်ခြင်းကျေးဇူး၊ယုကြည်ခြင်းနဲ့ကောင်းသောအမှုဆိုတာ အဲဒါဖြစ်ပါတယ်။
ကယ်တင်ခြင်းလည်းလိုအပ်နေတယ်၊ယုံကြည်ခြင်းကိုလက်မခံဘဲနဲ့ ကောင်းမှုတွေဘယ်လောက်လဲလုပ်လုပ်အလားဘဲ။ ကယ်တင်ခြင်းကလည်းရပြီ၊ကျေးဇူးတော်ကိုလည်းရပြီ၊ ယုံကြည်ခြင်းကိုလည်းလက်ခံထားပြီး ကောင်မှုကုသလိုလ်လုပ်တာ ဘာမှဖြစ်မသွားဘူး ပိုတောင်ကောင်းလာတာဖြစ်တယ်။
 နောက်ဆုံးအနေနဲ့ ကက်သလစ်တွေဟာ သခင်ခရစ်တော်ကိုယုံကြည်မှသာလျှင် ကယ်တင်ခြင်းကျေးဇူးတော်ကိုရရှိမယ်ဆိုတာကိုယုံကြည်ပါတယ်။ ဘုရားသခင်ရဲ့ကျေးဇူးတော်အားဖြင့် ယုံကြည်တဲ့အတွက် ကောင်းမှုတွေကိုလုပ်တာဖြစ်ပါတယ်။
(CCC.၂၀၁၁) ခရစ်တော်သခင်၏ မေတ္တာတော်သည် ဘုရားသခင်၏ရှေ့တော်၌ ကျွန်ုပ်တို့ကုသိုလ်ရရှိမှု၏အရင်းအမြစ်ဖြစ်သည်။ ကျေးဇူးတော်သည် ခရစ်တော်သခင်၌ လက်တွေ့ကျသော ချစ်ခြင်းမေတ္တာနှင့်ပေါင်းစပ်စေခြင်းဖြင့် ကျွန်ုပ်တို့၏အပြုအမှုများကို သဘာဝထက်လွန်ကဲခြင်းအဆင့်သို့ မြှင့်တင်ပေး၍ ဘုရားသခင်ရှေ့တော်နှင့် လူတို့ရှေ့တွင် ကုသိုလ်ဖြစ်စေသည်။ ရဟန္တာအရှင်သူမြတ်တို့သည် မိမိတို့၏ကုသိုလ်များကို ဘုရားသခင်၏ ကျေးဇူးတော်သက်သက်ဖြစ်သည်ဟု အောက်မေ့ကြသည်။ 
င်ယ်ာကျမ်းပိုဒ်ပြန်ကြည့်ရအောင် န်ကြည့်ရအောင် နဲ့ ဘယ်လိုမှဆန်ကျင်ဘက်ဖြသ်နကိုနားလည်ဖို့လိုအပ်ပါတယ်။်

Joseph Khai

No comments:

Post a Comment

Designed By