Breaking News

About Me

Saturday, July 22, 2017

ပေးဆပ်ခြင်းမည်သော မိဘမေတ္တာ

ပေးဆပ်ခြင်းမည်သော မိဘမေတ္တာ

"အချစ်ဆိုတာ ပေးဆပ်ခြင်းလား၊ ရယူခြင်းလား" ဆိုသည့် မေးခွန်းကို ခေတ်အ ဆက်ဆက် ဆွေးနွေးဖူးခဲ့ကြသည်။ အဖြေကိုလည်း အမျိုးမျိုး ပေးဖူးခဲ့ကြသည်။ ဂရိအတွေးအခေါ်ပညာရှင်များ၏ ခေတ်ကာလအချိန်ကပင် အချစ်တွင် အသွင်ပုံစံ များစွာရှိသည်ကို အသိအမှတ်ပြု ပြောဆိုခဲ့ကြသည်။ ထို့ကြောင့် အချစ်တွင် တစ်ခုတည်းသော အနက်ဖွင့်ဆိုခြင်း မရှိနိုင်ပါ။ ပေးဆပ်ခြင်း၊ ရယူခြင်း ဆိုသည့် စကားလုံး နှစ်လုံး အကြားတွင်လည်း ရှုတ်ထွေးနေတတ်ပြန်သည်။
မည်သို့ပင်ဆိုစေ အချစ်သည် နားလည်ရန်မဟုတ် ကျင့်ကြံနေထိုင်ရန်သာ ဖြစ် သည်။ လူသားများ အကြားတွင် အခိုင်အမာ ရှိနေသော အချစ်မှာ မိဘ၏ အချစ် ဖြစ်သည်။ မိဘ၏ အချစ်ခိုင်မာခြင်းကြောင့်သာလျှင် လူသားထုကြီးဆက်လက် တည် တံ့နေခြင်း ဖြစ်သည်ကို ကျွန်ုပ်တို့ အပြည့်အဝ နားလည်ကြသည်။ မိဘ စိတ်ထားဆိတ်သုန်းသွားသည့် လူ့အသိုင်းအဝိုင်းသည် မျိုးတုန်း ပျောက်ကွယ် ရမည်သာဖြစ်သည်။
ဆက်လက်ဖတ်ရှုရန် »

No comments:

Post a Comment

Designed By