Breaking News

About Me

Saturday, January 23, 2016

‪သူတော်စင် အာဂ္ဂနက်(စ်) (St. Agnes)

(၂၉၂-၃ဝ၄) ဇန်န၀ါရီလ ၂၁
အာဂ္ဂနက်(စ်)အား ဘာသာတရားမရှိသူများက သူတို့၏နတ်ဘုရား မီနဲဗာ (ငြညနမလနမ)ကို အမွှေးနံ့သာများပူဇော်ပေးရန်ခိုင်းစဉ်က၊ သူမ၏အသက်မှာ (၁၂)နှစ်သာရှိသေး၏။ ယင်းသို့အခိုင်းခံခဲ့ရာတွင် သူမကမိမိ၏ လက်နှစ်ဘက်ကိုမြောက်လျက် သ္ခင်ခရစ်တော်အား ရည်စူး၍ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၊ ဟူ၍ကရူးစူးအမှတ်သားပြုခဲ့သည်။ စစ်သားများသည် သူမ၏လက်နှင့် ခြေများကိုသံကြိုးများနှင့်ချည်နှောင်ကြသည်။ သူမ၏လက်များသည် အလွန်သေးသွယ်သည်ဖြစ်၍ ချည်နှောင်ထားသောသံကြိုးများမှာ လက်ကောက်ဝတ်မှပြုတ်ထွက်ခဲ့သည်။ သူမအား စစ်ဆေးသော တရားသူကြီးက သူမ၌ကြောက်ရွံ့စိတ်မတွေ့ရသဖြင့် အဝတ်အချည်းစည်းဖြင့်ထားရန်အမိန့်ပေးလေသည်။
ဆက်လက်ဖတ်ရှုရန် »

No comments:

Post a Comment

Designed By