Breaking News

About Me

Saturday, October 10, 2015

၂၇ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့


သံမာကု ၁၀း၁၇-၃၀
ကောင်းမြတ်သောဆရာသခင် ထာဝရအသက်ကိုရရှိရန် အကျွန်ုပ်သည် မည်သည့်အရာကို ပြုရပါမည်နည်း

ယနေ့ဧ၀ံဂေလိတရားတော်တွင် အစစအရာရာပြီးပြည့်စုံသည်ဟု ယူဆရသည့် သူဌေးလေးတစ်ဦးဟာ ခရစ်တော်သခင်အားမြင်တွေ့၍ အမှန်တကယ် ထာဝရအသက်ကိုပိုင်ဆိုင်ဖို့ မိမိတွင် လုပ်စရာတစ်ခုခုလိုအပ်နေသေးသည်ဟု ခံစားမိ၍ ခရစ်တော်ထံချည်းကပ်ပြီး မည်သည့်အရာကို ပြုရမည်နည်းဟု မေးလျှောက်ပါတယ်။

တကယ်တော့ ထိုသူဌေးလေးဟာ လောကမှာဖြောင့်မတ်ရိုးသားလှသူ တစ်ဦးဖြစ်ပါတယ်။ သူဟာ မိုးဇယ်ပေးထားသည့် တရားကျမ်းများကို တသွေမတိမ်းဖြည့်ဆည်းကာ ပညတ်တော်ဆယ်ပါးကိုလည်း လုံးဝစောင့်ထိန်းသူဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ထိုကြောင့်သူဟာ လိမ်မာယဉ်ကျေး၍ တရားနှင့်ပြည့်စုံသော မိသားစုမှမွေးဖွားလာသူတစ်ဦးဖြစ်ကြောင်း ကောက်ချက်ချနိုင်ပါတယ်။ သို့သော်လည်း ထာဝရအသက်ကို ရရှိပိုင်ဆိုင်ဖို့ သူ့မှာ တစ်ခုခုလစ်ဟာနေတုန်းပါပဲ။

ထိုအလစ်ဟာနေသည့်အရာဟာ မျှဝေတတ်ခြင်းပါရမီပါပဲ။ သူဌေးလေးမှာ မျှဝေတတ်ခြင်းပါရမီပျောက်ကွယ်ေ်နပါတယ်။ ဒီပါရမီဟာ ခရစ်တော်၏ဗဟိုရ်တရားဖြစ်ပြီး ကျွန်ုပ်တို့ခရစ်ယာန်တိုင်းဟာ ရရှိလာတဲ့ကျေးဇူးတော်တွေကို မျှဝေအသုံးချကြရမှာ ဖြစ်ပါတယ်။ ဒီနေ့တရားတော်ထဲက သူဌေးလေး၏ ချမ်းသာကြွယ်ဝမှု့တွေဟာ တကယ်တော်ကျေးဇူးတော်တွေပါပဲ။ သို့သော်လည်း ထိုကျေးဇူးတော်တွေကို မျှဝေတတ်ခြင်း၊ လိုအပ်နေသူတွေကို ပေးကမ်းစွန့်ကြဲခြင်းဆိုတဲ့ ပါရမီသူ့မှာပျောက်ကင်းနေပါတယ်။ သူဟာ ကျေးဇူးတော်တွေကို ကျေးဇူးတော်ဖြင့် မမြင်ဘဲ လောကတတ်မက်စရာစည်းစိမ်ဥစ္စာအဖြစ် တွယ်တာလွန်းသောကြောင့် မျှဝေတတ်ခြင်းပါရမီကို မကျင့်ဆောက်တည်နိုင်ခဲ့ဘူး ဖြစ်နေပါတယ်။

ချစ်စွာသော မိတ်ဆွေများခင်ဗျာ- အကျွန်ုပ်တို့တစ်ဦးချင်းစီတိုင်းမှာလည်း မတူညီတဲ့ ကျေးဇူးတော်တွေကို ဘုရားသခင်က အစဉ်သွန်းလောင်းပေးနေပါတယ်။ တချို့ဟာ ချမ်းသာကြွယ်ဝခြင်းကျေးဇူးတော်၊ တချို့ဟာ ပညာပါရမီပြည့်စုံခြင်းကျေးဇူးတော်၊ တချို့ဟာ အတတ်ပညာအမျိုးမျိုးကျေးဇူးတော်၊ ခေါင်းဆောင်နိုင်စွမ်းကျေးဇူးတော်၊ ဟာသညဏ်၊ ရသအမျိုးမျိုးပေးနိုင်သော ပါရမီကျေးဇူးတော် စသဖြင့် များစွာသောကျေးဇူးတော်များဟာ အကျွန်ုပ်တို့တစ်ဦးချင်းစီတိုင်းမှာ မတူညီတဲ့ပုံစံမျိုးစုံနဲ့ အမျိုးမျိုးပေးသနားခံရပါတယ်။ သို့သော်လည်း ထိုကျေးဇူးတော်တွေကို ဝေမျှတတ်သည့်ပါရမီကို အကျွန်ုပ်တို့တတွေ ဆောက်တည်နိုင်ပြီလား။ ဒါမှမဟုတ် ထိုကျေးဇူးတော်တွေကို မိမိအတွက်သာလျှင်ဆိုတဲ့ အတ္တစိတ်တတ်မက်ကာ တကိုယ်ကောင်းဆန်ဆန်သိမ်းဆည်းထားသလား - စဉ်းစားထောက်ရှု့သွားကြပါစို့။

ကိုရင် (ဒိုမီနီကန်)

No comments:

Post a Comment

Designed By