Breaking News

About Me

Wednesday, November 12, 2014

ဂျုဘီလီပွဲတော်ကြီး အထူးသတင်း


မြန်မာနိုင်င့သို့ကက်သလစ်ဘာသာရောက်ရှိခြင်း နှစ်(၅၀၀)ပြည့်အထိမ်းအမှတ် ဂျုဘီလီပွဲတော်ကြီး
(၁၅၁၁ - ၂၀၁၁)

အထူးသတင်း
၁)။ တည်းခိုမည့်နေရာများ
ရန်ကုန်မြို့ပေါ်ရှိကက်သလစ်ဘုရားရှိခိုးကျောင်းများ၊ နိုင်ငံတော်အစိုးရ နှင့်ညီအစ်ကို ခရစ်ယန်များ က ခွင့်ပြုထားသော ဘုရားကျောင်း၊ ခန်းမဆောင်များ၊ တည်းခိုးဆောင်များဖြစ်ပါတယ်၊၊ အသေးစိတ်များကို စုံစမ်းရန် နေရာချထားရေးတာဝန်ခံ ဘုန်းတော်ကြီး Fr. Joseph Maung Win (095015324)ထံ သို့ ဆက်သွယ်နိုင်ပါသည်။
 
၂)။ သယ်ယူပို့ဆောင်ရေး
ဘုရားဖူးများတည်းခိုသောနေရာမှ သည်  စိန်မေရီကယ်သီဒြလ်သို့အချိန်မှီရောက်နိုင်စေရန် (ပါရမီ) ဘတ်စ်ကားလိုင်းကို (၂၁)ရက်နှင့် (၂၂)ရက်နေ့များ အတွက် စီစဉ်ထားပါတယ်။ တာဝန်ခံများက မိမိတို့သွားမည့်အချိန်၊ ပြန်မည့်အချိန် နှင့် လိုအပ်မည့် ကားအရေအတွက်ကို သယ်ယူပို့ဆောင်ရေး တာဝန်ခံဘုန်းတော်ကြီးထံသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကားခကို တစ်ဦးလျှင် ဘတစ်ကား နှုန်းထားဖြင့် ကောက်ခံပါမည်။
(၂၃)ရက်နေ့ ပွဲတော်ကြီးနေ့ အတွက် ဘုရားဖူးများတည်းခိုသောနေရာမှ  ပွဲတော်ကျင်းပမည့် သုဝဏကွင်းသို့ လိုအပ်သည့် ကားများကို (အခမဲ့) ပြေးဆွဲပေးပါမည်။
မိမိတို့သာသနာမှ သည် ပွဲတော်သို့ ဘုရားဖူးများစီးလာမည့် Express ကားများကိုလည်း မြို့တွင်း (မိမိတို့တည်းခိုမည့်နေရာအထိ) သွားလာနိုင်အောင် စီစဉ်ထားပါသည်။ သို့ဖြစ်ပါသောကြောင့် သယ်ယူပို့ဆောင်ရေး တာဝန်ခံဘုန်းတော်ကြီး Fr. Dominic Thet Thin (095198527) ထံသို့ ဆက်သွယ်နိုင်ပါသည်။
 
၃)။ စားသောက်ရေး
(၂၁)ရက်နေ့ နှင့် (၂၂)ရက်နေ့များတွင် စိန်မေရီကျောင်း (စိန်ပေါလ်)ဘက်တွင် နေ့လည်စာ နှင့် ညနေစာများကို နှစ်ရက်စလုံး (အခမဲ့) ဧည့်ခံပေးပါမည်။
 
(၂၃)ရက်နေ့တွင်လည်း ဘုရားရှိခိုးခြင်းပြီးဆုံးသောအခါ စိန်မေရီကျောင်းတွင် နေ့လည်စာဖြင့် ဧည့်ခံ ပါမည်။ သုဝဏကွင်းမှ ကားများစီစဉ်ပေးပါမည်။ မိမိတို့တည်းခိုသောနေရာများတွင်လည်း ဈေးနှုန်း အသက်သာဆုံးဖြင့် ထမင်းဆိုင်များကိုဖွင့်ထားပေးပါမည်။
 
၎)။ ကံစမ်းမဲဖွင့်ခြင်း
ကံစမ်းမဲကို စိန်မေရီကျောင်းတော်တွင် (၂၄)ရက်နေ့ဖွင့်ပါမည်။
 
အထူးသတိပြုရန်
နှစ် (၅၀၀)ပွဲတော်ကြီး ကောင်းမွန်စွာပြီးမြောက်နိုင်စေရန် တာဝန်ရှိသူများက အတတ်နိုင်ဆုံး အဆင်ပြေအောင် ကြိုးစားနေပါသည်။ ဘုရားဖူး သူတော်စင်များကလည်း အထူးဆုတောင်းကြရင်း မိမိတို့ သွားရာ၊ လာရာ၊ တည်းခိုသော နေရာများတွင် စည်းကမ်းအထူးရှိဖို့ လိုအပ်ပါကြောင်း အထူးနိုးဆော် တိုက်တွန်းအပ်ပါသည်။
 
ဘုရားသခင်သည်ကျွှနု်ပ်တို့အားလုံးကိုကောင်းကြီးပေးတော်မူပါစေ။
 
ပွဲတော်ဖြစ်မြောက်ရေး ကော်မတီ

No comments:

Post a Comment

Designed By