Breaking News

About Me

Sunday, June 29, 2014

30-june-2014(Reading)

Mon the 30th:        Optional memorial of First martyrs of the Church in Rome.
Amos 2:6-16; Ps 50:16-23; Ps 95:8; Matt 8:18-22

အာမုတ်အနာဂတ္တိကျမ်း အခန်းကြီး ၂ (Amos 2:6-16);

၆ တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသည် ဖြောင့်မတ်သောသူကို ငွေနှင့်င်း၊ ဆင်းရဲသောသူကို ခြေနင်းတရံနှင့်င်း ရောင်းသောအပြစ်၊
၇ ဆင်းရဲသောသူတို့၏ခေါင်းကို မြေမှုန့်နှင့်ဖုံးလွှမ်းစေခြင်းငှါ အလွန် အလိုကြီး၍၊ နှိမ့်ချသောသူကို မတရားသဖြင့်စီရင်သောအပြစ်၊ ငါ၏နာမမြတ်ကိုရှုတ်ချခြင်းငှါ အဘနှင့်သားသည် တဦးတည်းသောမိန်းမကို ပေါင်းဘော်သောအပြစ်၊
၈ ပေါင်ထားသောအဝတ်ကို ခပ်သိမ်းသော ယဇ်ပလ္လင်တို့အနား၌ ခင်း၍အိပ်သောအပြစ်၊ လျော်ပြစ်ငွေနှင့် ဝယ်သော စပျစ်ရည်ကို သူတို့ဘုရား၏အိမ်၌ သောက်သောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည်ဒဏ်မပေးဘဲမနေ။
၉ အာရဇ်ပင်အရပ်နှင့်အမျှမြင့်၍ သပိတ်ပင်ကဲ့သို့ ခိုင်မာသော အာမောရိအမျိုးကို သင်တို့ရှေ့မှာ ငါပယ် ရှား၍၊ အထက်၌သူ၏အသီးကိုင်း၊ အောက်၌သူ၏အမြစ်ကိုင်း ငါဖျက်ဆီးပြီ။
၁၀ သင်တို့ကို အဲဂုတ္တုပြည်မှနှုတ်ယူ၍ အာမောရိပြည်ကို ဝင်စားစေခြင်းငှါ၊ အနှစ်လေးဆယ်ပတ်လုံး တော၌ပို့ဆောင်ပြီ။
၁၁ သင်တို့သားအချို့ကို ပရောဖက် အရာ၊ လုလင်အချို့ကို နာဇရိလူအရာ၌ ငါခန့်ထားပြီ။ အိုဣသရေလအမျိုးသားတို့၊ ဤစကားမှန်သည်မဟုတ်လောဟု ထာဝရဘုရားမေးတော်မူ၏။
၁၂ သင်တို့မူကား၊ နာဇရိလူသောက်ဘို့ စပျစ်ရည်ကိုပေးကြပြီ။ ပရောဖက်တို့ကိုလည်း ပရောဖက်ပြု၍ မဟောကြနှင့်ဟု မြစ်တားကြပြီ။
၁၃ ထိုကြောင့်၊ လှည်းသည် အပြစ်တင်သောကောက်လှိုင်း၏ ဖိစီးခြင်းကို ခံရသကဲ့သို့၊ သင်တို့၏နေရာအရပ်ကို ငါဖိစီးမည်။
၁၄ အပြေးကောင်းသောသူသည် ပြေးသောအခွင့်ကို မရ။ ခွန်အားကြီးသောသူသည် မိမိခွန်အားကို ထုတ်ရသောအခွင့်မရှိရ။ သူရဲသည် ကိုယ်ကိုမကယ်လွှတ်၍။
၁၅ လေးကိုကိုင်သောသူသည် မရပ်ရ။ လျင်မြန်သောခြေသည်သူရဲသည် ကိုယ်ကိုမကယ်လွှတ်ရ။ မြင်းစီးသူရဲသည်လည်း ကိုယ်ကိုမကယ်လွှတ်ရ။
၁၆ ရဲရင့်သောသူရဲသည် ထိုနေ့၌ အဝတ်မပါဘဲ ပြေးသွားရလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

ဆာလံကျမ်း အခန်းကြီး ၅၀ (Ps 50:16-23);

၁၆ မတရားသောသူကိုကား သင်သည်ငါ၏အထုံးအဖွဲ့တို့ကို ကြားပြော၍ငါ၏ ပဋိညာဉ်တရားကို မြွက်ဆိုခြင်းငှါ အဘယ်သို့ဆိုင်သနည်း၊၊
၁၇ ဆုံးမသွန်သင်ခြင်းကို သင်သည်မုန်း၍ငါ့စကားကို သင်နောက်၌ ပစ်ထား ပါသည်တကား၊၊
၁၈ သင်သည်သူခိုးကို မြင်လျှင်သူနှင့် သဘောတူတတ်၏၊၊ သူ့မယားကို ပြစ်မှားသောသူတို့နှင့် ဆက်ဆံတတ်၏၊၊
၁၉ သင်၏နှုတ်ကို ဒုစရိုက်၌အပ်နှံ၍ သင်၏လျှာဖြင့် မုသာကိုစီရင်တတ်၏၊၊
၂၀ သင်သည်ထိုင်လျက် ကိုယ်ညီအစ်ကိုကို ဆန့်ကျင်ဘက်ပြု၍ ပြောဆိုတတ်၏၊၊ ကိုယ်အမိ၏သားကို ဆဲရေးတတ်၏၊၊
၂၁ ထိုသို့ကျင့်၍ ငါသည်တိတ်ဆိတ်စွာ နေသောကြောင့် ငါ့ကိုသင်နှင့်တူသည်ဟု ထင်လေပြီတကား၊၊ သင်၏အပြစ်ကို ငါဘော်ပြ၍ သင့်မျက်မှောက်၌ ခင်းထားမည်၊၊
၂၂ ဘုရားသခင်ကို မေ့လျော့သောသူတို့ ဤအမှု ဆင်ခြင်ကြလော့၊၊ သို့မဟုတ် သင်တို့ကို ကယ်နှုတ်သောသူမရှိ၊၊
၂၃ ငါသည်အပိုင်းပိုင်းဆွဲဖြတ်မည်၊၊ ကျေးဇူးချီးမွှမ်းခြင်း ယဇ်ကိုပူဇော်သောသူသည် ငါ၏ဘုန်းကို ထင်ရှားစေသောသူဖြစ်၏၊၊ မိမိသွားသောလမ်းကို ဆင်ခြင်သောသူအားလည်း ကယ်တင်တော်မူခြင်း ကျေးဇူးကို ငါပြမည်ဟုဘုရားသခင်မိန့်တော်မူ၏၊၊

ဆာလံကျမ်း အခန်းကြီး ၉၅ (Ps 95:8);

၈ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက် ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၈ (Matt 8:18-22);

၁၈ များစွာသောလူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်းရံလျက်နေကြသည်ကိုမြင်တော်မူလျှင်၊ ကမ်းတဘက် သို့ကူးမည်အကြောင်းအမိန့်တော်ရှိ၏။
၁၉ ထိုအခါကျမ်းပြုဆရာတယောက်သည် လာ၍အရှင်ဘုရား၊ ကိုယ်တော်ကြွ တော်မူရာအရပ်ရပ်သို့အကျွန်ုပ်လိုက်ပါမည်ဟုလျှောက်လေ၏။
၂၀ ယေရှုကလည်း၊ မြေခွေးသည်မြေတွင်းရှိ၏။ မိုဃ်းကောင်းကင်၌ကျင်လည်သောငှက်သည် နားနေရာ အရပ်ရှိ၏။ လူသားမူကား၊ ခေါင်းချရာမျှမရှိဟုမိန့်တော်မူ၏။
၂၁ အခြားသောတပည့်တော်ကလည်း၊ သခင်၊ အကျွန်ုပ်အဘကို ရှေ့ဦးစွာသွား၍သင်္ဂြိုဟ်ရသောအခွင့်ကိုပေးတော် မူပါဟုလျှောက်လေ၏။
၂၂ ယေရှုကလည်း၊ ငါ့နောက်သို့လိုက်လော့။ လူသေတို့သည် မိမိလူသေတို့ကိုသင်္ဂြိုဟ်ပါ လေစေဟုမိန့်တော်မူ၏။
၂၃ ထိုအခါလှေထဲသို့ဝင်တော်မူ၍တပည့်တော်တို့သည်လိုက်ကြ၏။ အိုင်၌လှိုင်းတံပိုးပြင်းစွာထ၍ လှေကို လွှမ်းလေ၏။




No comments:

Post a Comment

Designed By