Breaking News

About Me

Sunday, June 22, 2014

23-6-2014 Reading

Mon the 23rd:   Vigil of Solemnity of Birth of John the Baptist.
                          2 Kgs 17:5-18; Ps 60:3-13; Heb 4:12; Matt 7:1-5
Vigil Readings: Jer 1:4-10; Ps 71:1-17; 1 Pet 1:8-12; Luke 1:5-17

ဓမ္မရာဇဝင်စတုတ္ထစောင် အခန်းကြီး ၁၇ (2 Kgs 17:5-18);

၅ ဣသရေလပြည်တရှောက်လုံး သို့ စစ်ချီ၍၊ ရှမာရိမြို့သို့ ရောက်သော်သုံးနှစ်ဝိုင်းထား၏။
၆ ဟောရှေနန်းစံကိုးနှစ်တွင်၊ အာရှုရိရှင်ဘုရင်သည် ရှမာရိမြို့ကို ရပြီးလျှင်၊ ဣသရေလ အမျိုးကို အာရှုရိပြည်သို့ သိမ်းသွင်း၍ ဂေါဇန်မြစ်နား၊ ဟာလမြို့၊ ဟာဗော်မြို့အစရှိသော မေဒိနိုင်ငံမြို့ရွာတို့၌ ထား၏။
၇ အကြောင်းမူကား၊ အဲဂုတ္တုပြည်နှင့် အဲဂုတ္တုဖါရောဘုရင် လက်ထဲက ကယ်နှုတ်တော်မူသော မိမိတို့ဘုရားသခင် ထာဝရဘုရားကို ဣသရေလအမျိုးသားတို့သည် ပြစ်မှား၍ အခြားတပါးသော ဘုရားတို့ကိုရိုသေကြ၏။
၈ သူတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသော တပါးအမျိုးသားတို့ ထုံးစံနှင့် မိမိတို့မြှောက်သော ရှင်ဘုရင်တို့ ထုံးစံသို့ လိုက်ကြ၏။
၉ မိမိတို့ဘုရားသခင် ထာဝရဘုရားတဘက်၌ မတရားသောအမှုကို မထင်မရှားပြုကြ၏။ ကင်းစောင့် သောမျှော်စင်ဖြစ်စေ၊ ခိုင်ခံ့သော မြို့ဖြစ်စေ၊ မြို့ရွာအလုံးစုံတို့၌ မြင့်သောအရပ်ကိုတည်ကြ၏။
၁၀ ရုပ်တုဆင်းတုနှင့် အာရှရပင်တို့ကို မြင့်သောကုန်းရှိသမျှတို့ အပေါ်မှာင်း၊ စိမ်းသောသစ်ပင်ရှိသမျှတို့ အောက်မှာင်း၊ တည်ထောင် ပြုစုကြ၏။

ဆာလံကျမ်း အခန်းကြီး ၆၀ (Ps 60:3-13);

၃ ကိုယ်တော်၏ လူတို့ကို ခက်ထန်စွာ စီရင်၍ မှိုင်တွေခြင်း စပျစ်ရည်ကို တိုက်တော်မူပြီ၊၊
၎ ကိုယ်တော်ကို ကြောက်ရွံ့သော သူတို့သည် သစ္စာရားကြောင့် ထူရသောအလံကို ပေးသနားတော်မူပြီ ၊
၅ ချစ်တော်မူသော သူတို့သည် ချမ်းသာရမည်အကြောင်း အကျွန်ုပ်စကားကို နားထောင်၍ လက်ျာလက်ရုံးတော်အားဖြင့် ကယ်တင်တော် မူပါ၊၊
၆ သန့်ရှင်းခြင်းပါရမီတော်ကို တိုင်တည်၍ ဘုရာုးသခင်သည် ဗျာဒိတ်ထားတော်မူသောကြောင့် ငါသည် ဝမ်းမြောက်မည်၊၊ ရှေခင်မြို့ကို ပိုင်းခြားမည်၊၊ သုကုတ်လယ်ပြင်ကို တိုင်းထွာမည်၊၊
၇ ဂိလဒ်ပြည်ကို ငါပိုင်ရ၏၊၊ မနာရှေ ပြည်ကိုလည်း ငါပိုင်ရ၏၊၊ ဧဖရိမ်ပြည်ကား ငါဦးခေါင်း၏ အစွမ်းဖြစ်ရ၏၊၊ ယုဒပြည်ကား၊ ငါ၏ လွှတ်တော်ဖြစ်ရ၏။ 
၈ မောဘပြည်ကား၊ ငါ့ရေချိုးအိုးဖြစ်ရ၏၊၊ ဧဒုံပြည်ကား ငါ့ခြေနင်းရာ ဖြစ်ရ၏၊ ဖိလိတ္တိပြည်အပေါ်မှာ အောင်သံနှင့် ကြွေးကြော်မည်၊၊
၉ အားကြီးသော မြို့ထဲသို့ ငါ့ကို အဘ့ယ်သူသွင်းပေးမည်နည်း၊၊ ဧဒုံပြည်သို့ ငါ့ကို အဘယ်သူ လမ်းပြမည်နည်း၊၊
၁၀ အိုဘုရားသခင်၊ အကျွန်ုပ်တို့ ကို စွန့်ပစ်တော်မူသော ကိုယ်တော်သည် ပြုတော်မူမည်မဟုတ်လော။ အိုဘုရားသခင်၊ အကျွန်ုပ်တို့ ဗိုလ်ခြေနှင့်အတူ ကြွတော်မမူသော ကိုယ်တော်သည် ပြုတော်မူမည် မဟုတ်လော။
၁၁ ဒုက္ခနှင့် ကင်းလွတ်စေခြင်းငှါ မစတော်မူပါ။ လူတို့သည် ကယ်တင်စေခြင်းငှါ မတတ်နိုင်ကြပါ၊၊
၁၂ ဘုရား သခင်အားဖြင့် ငါတို့သည် ရဲရင့်စွာ ပြုကြမည်၊၊ ငါတို့၏ ရန်သူများကို ကိုယ်တော်တိုင် နင်းတော်မူမည်၊၊

ဟေဗြဲသြဝါဒစာ အခန်းကြီး ၄ (Heb 4:12);

၁၂ ဘုရားသခင်၏ နှုတ်ကပတ်တရား တော်သည် အသက်ရှင် ခြင်း၊ တန်ခိုးနှင့် ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့်စိတ်ဝိညာဉ်ကို၎င်း၊  အရိုးဆစ်နှင့် ခြင်ဆီကို၎င်း ပိုင်ခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံ အစည်များကိုလည်း သိမြင်တတ်၏။ 

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၇ (Matt 7:1-5);

၁ သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့်ကင်းလွတ်ရမည်အကြောင်း သူတပါး၏အမှု၌ စစ်ကြော ဆုံးဖြတ် ခြင်းကိုမပြုကြနှင့်။
၂ သင်တို့သည် အကြင်တရားအတိုင်းသူတပါးကိုစီရင်ကြ၏၊ ထိုတရား အတိုင်းစီရင်ခြင်းကိုခံရကြမည်။ အကြင်ချိန်၊ တင်းပမာဏနှင့် သူတပါးအားပေး၏၊ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။
၃ ကိုယ်မျက်စိ၌ရှိသော တံကျင်ကိုမအောက်မေ့ဘဲ ညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကိုအဘယ်ကြောင့်ကြည့်ရှုသနည်း။
၎ ကိုယ်မျက်စိ၌ တံကျင်ရှိလျက်ပင် ညီအစ်ကိုအားသင်၏ မျက်စိ၌ရှိသောငြောင့်ငယ်ကို ထုတ်ပါရစေဟုအဘယ်သို့ဆိုသနည်း။
၅ လျှို့ဝှက်သောသူ၊ ကိုယ်မျက်စိ၌ ရှိသောတံကျင်ကို ရှေးဦးစွာထုတ်ပစ်လော့။ နောက်မှညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကို ထုတ်ပစ်ခြင်းငှာ ရှင်းလင်းစွာမြင်လိမ့်မည်။


Vigil Readings:

ယေရမိအနာဂတ္တိကျမ်း အခန်းကြီး ၄ (Jer 1:4-10);

၎ အိုယုဒပြည်သူ ယေရုရှလင်မြို့သားတို့၊ ထာဝရဘုရားအဘို့ အလိုငှါ၊ အရေဖျားလှီးမင်္ဂလာကို ခံ၍၊ သင်တို့နှလုံးအရေဖျားကို လှီးဖယ်ကြလော့။ သို့မဟုတ်၊ သင်တို့၏ အကျင့်မကောင်းသောကြောင့်၊ ငါ့အမျက်သည်မီးကဲ့သို့ထွက်၍ အဘယ်သူမျှမငြိမ်းနိုင်အောင် လောင်လိမ့်မည်။
၅ ယုဒပြည်၌တံပိုးမှုတ်ကြလောဟု၊ ယေရုရှလင်မြို့မှစ၍ တပြည်လုံးကြွေးကြော်၍ သိတင်းကြားကြလော့။ စည်းဝေး၍ ခိုင်ခံ့သောမြို့များအတွင်းသို့ ဝင်ကြကုန်အံ့ဟု အရပ်ရပ်၌ အနှံ့အပြားကြွေးကြော်ကြလော့။
၆ ဇိအုန်တောင်ပေါ်မှာ အလံကိုထူကြလော့။ လွတ်အောင်ပြေးကြလော့။ ရပ်၍ မနေကြနှင့်။ အကြောင်းမူကား၊ ကြီးစွာသောပျက်စီးခြင်း ဘေးဥပဒ်ကို မြောက်မျက်နှာမှ ငါသည်ဆောင်ခဲ့မည်။
၇ ခြသေ့င်္သည် မိမိနေရာခြုံထဲထွက်လာပြီ။ တိုင်းနိုင်ငံတို့ကို ဖျက်ဆီးသောသူသည် လမ်း၌လာဆဲရှိ၏။ သင်၏ပြည်ကို လူဆိတ်ညံ့ရာ အရပ်ဖြစ်စေခြင်းငှါ၊ သူသည်မိမိနေရာမှ ထွက်လာသည်ဖြစ်၍၊ သင်၏မြို့တို့သည် လူမနေနိုင်အောင် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။
၈ ထိုအကြောင်း ကြောင့် လျှော်တေအဝတ်ကို ဝတ်စည်းလျက်၊ ငိုကြွေးမြည်းတမ်း၍ အော်ဟစ်ကြလော့။ အကြောင်းမူကား၊ ထာဝရဘုရား၌ ပြင်းစွာသောအမျက်တော်သည် ငါတို့မှာလွှဲရှောင်၍ မသွားသေး။
၉ ထိုအခါ ရှင်ဘုရင်နှင့် မှူးမတ်တို့သည် စိတ်ပျက်ကြလိမ့်မည်။ ယဇ်ပုရောဟိတ်တို့သည် မိန်းမောတွေဝေလျက်၊ ပရောဖက်တို့သည် ထိတ်လန့်လျက်ရှိကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
၁၀ ငါကလည်း၊ အိုအရှင်ထာဝရဘုရား၊ သံလျက်သည် အသက်ကိုထိသည်တိုင်အောင် ခွင်းသော်လည်း၊ သင်တို့သည် ငြိမ်သက်ခြင်းရှိကြလိမ့်မည်ဟု ကိုယ်တော်သည် ဆာလံကျမ်း အခန်းကြီး ၇၁မိန့်တော်မူသောအားဖြင့်၊ ဤလူများနှင့်တကွ ယေရုရှလင်မြို့သားတို့ကို အလွန်လှည့်စားတော်မူပါပြီတကားဟု လျှောက်ဆို၏။     

ဆာလံကျမ်း အခန်းကြီး ၇၁ (Ps 71:1-17);

၁ အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏၊ အရှက်ကွဲခြင်းနှင့် အစဉ် ကင်းလွတ်ပါစေသော၊၊
၂ တရားတော်နှင့် အညီ အကျွန်ုပ်ကို နှုတ်ယူ၍ လွှတ်တော်မူပါ၊၊   နားတော်ကို အကျွန်ုပ်ဘက်သို့လှည့်၍ ကယ်တင် တော်မူပါ၊၊ 
၃ အကျွန်ုပ်အစဉ်ရောက်၍ နေရာကျသော ကျောက်ဖြစ်တော်မူပါ၊၊ အကျွန်ုပ်ကို ကယ်တင်မည်အကြောင်း မိန့်တော်ရှိ၍ အကျွန်ုပ်၏ ကျောက်၊ အကျွန်ုပ်၏ ရဲတိုက်ဖြစ်တော်မူ၏၊၊
၎ အကျွန်ုပ်၏ ဘုရားသခင် ဆိုးသောသူ၏ လက်မှ၎င်း၊ မတရား သောသူနှင့် ကြမ်းတမ်းသော သူ၏ လက်မှ၎င်း အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ၊၊
၅ အရှင်ထာဝရ ဘုရား ကိုယ်တော်သည် အကျွန်ုပ်မြော်လင့်ရာ ဖြစ်တော်မူ၏၊၊ အကျွန်ုပ်ငယ်သော အရွယ်မှစ၍ အကျွန်ုပ်ကိုးစားရာ ဖြစ်တော်မူ၏၊၊
၆ အကျွန်ုပ် သည် ဘွားကတည်းက ပင်  ကိုယ်တော်ကို မှီဝဲပါပြီ။ အမိဝမ်းတွင်းမှ စ၍ ကျေးဇူးတော်ကို ခံရပါပြီ။
၇ ကိုယ်တော်ကို အစဉ်ချီးမွမ်းပါမည်။ အကျွန်ုပ်သည် များစွာ သောသူတို့၌ အံ့ဘွယ်သောအရာ  ကဲ့သို့ဖြစ် သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်၌ ခိုင်ခံ့သော ခိုလှုံရာဖြစ်တော်မူ၏။
၈ ဂုဏ်အသရေတော်နှင့် ယှဉ်သော ထောပနာစကားကို ကျွန်ုပ်သည် နေ့တိုင်း အစဉ် မြွက်ဆိုပါစေသော။
၉ အကျွန်ုပ်ကို အိုသောအခါပယ်တော်မမူပါနှင့်။ အားလျော့သောအခါ စွန့်ပစ်တော်မမူပါနှင့်။
၁၀ ရန်သူတို့သည် အကျွန်ုပ် တဘက်၌ ပြောဆိုကြပါ၏။ အကျွန်ုပ် အသက်ကို ချောင်းကြည့်သော သူတို့က၊ 
၁၁ ဘုရားသခင် သည်သူ့ကိုစွန့်ပစ်တော်မူ၏။ လိုက်၍ ဘမ်းကြကုန်အံ့။ကယ် လွတ်သောသူမရှိဟု တိုင်ပင်ပြောဆိုကြပါ၏။
၁၂ အိုဘုရားသခင်၊ အကျွန်ုပ် နှင့်ဝေးဝေး နေတော်မမူပါနှင့်။ အကျွန်ုပ်၏ ဘုရားသခင် ၊ ကျွန်ုပ်ကိုမစခြင်းငှာ အလျင်အမြန်ပြုတော်မူပါ။
၁၃ အကျွန်ုပ် အသက်ကိုရန်ဘက်ပြုသော သူတို့သည် အရှက်ကွဲ၍ဆုံးရှုံးခြင်းသို့ရောက်ကြပါစေသော။ အကျွန်ုပ် ၌အပြစ်ပြုခြင်းအခွင့်ကိုရှာသော သူတို့သည် ကဲ့ရဲ့ခြင်း၊ အသရေပျက်ခြင်းနှင့် မွန်းကြပါစေသော။
၁၄ အကျွန်ုပ်မူကား၊ အစဉ်မြော်လင့်၍ ကိုယ်တော်ကို ချီးမွမ်းသမျှ ထက်သာ၍ ချီးမွမ်းပါမည်။
၁၅ ဖြောင့်မတ်တော် မူခြင်းနှင့် ကယ်တင် တော်မူခြင်းကျေးဇူးကို အကျွန်ုပ်သည် နေ့တိုင်းအစဉ် ညွန်ကြားပါမည်။ ကျေးဇူးတော်တို့ကို ရေတွက်၍ မကုန်နိုင်ပါ။
၁၆ အရှင်ထာဝရ ဘုရား၏ ဘုန်းတန်ခိုးတော် များကို အမှီပြု၍ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းတရားကိုသာ ပြသပါမည်။
၁၇ အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကိုငယ်သော အရွယ်မှ စ၍ သွန်သင်တော်မူပါပြီ။ ယခုတိုင် အောင်အံ့ဘွယ်သော အမှုတော်တို့ကို အကျွန်ုပ်ပြပါပြီ။


ရှင်ပေတရုသြဝါဒစာပဌမစောင် အခန်းကြီး ၁ (1 Pet 1:8-12);

၈ ထိုသခင်ကို သင်တို့သည်မမြင်ဘူးသော်လည် ချစ်ကြ၏။ ယခုမှာလဲ မမြင်ဘဲလျက် ယုံကြည်သောအားဖြင့် ဘုန်းအသရေနှင့် စပ်ဆိုင်သော၊ ပြော၍မမှီနိုင်သော ရွှင်လန်းခြင်း စိတ်နှင့် ဝမ်းမြောက်ကြသည်ဖြစ်၍၊
၉ စိတ်ဝိညာဉ်ကို ကယ်တင်ခြင်းတည်း ဟူသော ယုံကြည်ခြင်း၏အကျိုးကို ခံရကြ၏။
၁၀ ထိုကယ်တင်ခြင်းအကြောင်းအရာကို ပရောဖက်တို့သည် စေ့စေ့စစ်ကြောမေးမြန်းရှာဖွေ၍၊ သင်တို့ခံရ သောကျေးဇူးတော်အကြောင်းကို ဟောပြောကြပြီ။
၁၁ ခရစ်တော်ခံတော်မူရသော ဆင်းရဲကို၎င်း၊ ဆင်းရဲခံပြီးမှ ဝင်စားတော်မူရသော ဘုန်းစည်းစိမ်ကို၎င်း၊ သူတို့အထဲ၌ရှိသော ခရစ်တော်၏ဝိညာဉ်သည် သက်သေခံနှင့်သော အခါ၊ အဘယ်မည်သောသူကို၎င်း၊ အဘယ်သို့သောအချိန်ကာလကို၎င်း ဆိုလိုတော်မူ သည်ဟု မေးမြန်ရှာဖွေကြ၏။
၁၂ ကိုယ်ဟောပြောပြုစုသော အရာများတို့သည်၊ ကိုယ်အဘို့မဟုတ်၊ သင်တို့ အဘို့ဖြစ်သည်ဟု ထိုသူတို့အား ဖွင့်ပြတော်မူ၏။ ကောင်းကင်ဘုံမှစေလွှတ်တော်မူသော သန့်ရှင်းသော ဝိညာဉ်တော်ပါလျက်၊ သင်တို့အားဧဝံဂေလိ တရားကို ဟောပြောသူတို့သည်၊ ထိုအရာများကို သင်တို့အား ယခုကြားပြောကြပြီ၊ ထိုအရာတို့ကို ကောင်းကင်တမန် တို့သည် စေ့စေ့ကြည့်ရှုစဉ်းစားချင်သော စေတနာ စိတ်ရှိကြ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁ (Luke 1:5-17);

၅ ယုဒပြည်ကိုအစိုးရသော ဟေရုဒ်မင်းကြီးလက်ထက်၊ အဘိယအသင်းဝင်ဖြစ်၍၊ ဇာခရိအမည်ရှိ သော ယဇ်ပုရောဟိတ်တပါးရှိ၏။ သူ၏ခင်ပွန်းသည် အာရုန်အမျိုးအနွှယ်ဖြစ်၏။ သူ့အမည်ကား၊ ဧလိရှဗက်တည်း။
၆ ထိုသူနှစ်ယောက်တို့သည် ထာဝရဘုရား၏ ပညတ်တရားတော်အမျိုးမျိုးတို့ကို ကျင့်ဆောင်၍ အပြစ်တင်ခွင့်နှင့် လွတ်သဖြင့်၊ ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်ခြင်း ပါရမီရှိကြ၏။
၇ ဧလိရှက်ေသည် မြုံသောကြောင့် သူတို့သည် သားမရှိ။ ထိုသူနှစ်ယောက်တို့သည် အသက်အရွယ်ကြီး ရင့်ကြ၏။
၈ ဇာခရိသည် မိမိအသင်းနှင့်တကွ အလှည့်သင့်၍၊ ဘုရားသခင့်ရှေ့တော်၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်သည်တွင်၊
၉ ယဇ်ပုရောဟိတ်ထုံးစံအတိုင်း စာရေးတံချသဖြင့်၊ သူသည် ထာဝရဘုရား၏ ဗိမာန်တော် အတွင်းသို့ဝင်၍ နံ့သာပေါင်းကို မီးရှို့ရ၏။
၁၀ ထိုသို့ နံ့သာပေါင်းကိုမီးရှို့သည်အချိန်တွင်၊ လူများအပေါင်းတို့သည် ပြင်၌ဆုတောင်းလျက်နေကြ၏။
၁၁ ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်သည် ထင်ရှား၍၊ နံ့သာပေါင်းကို ရှို့သောယဇ်ပလ္လင်လက်ျာဘက်၌ ရပ်နေသည်ကို၊
၁၂ ဇာခရိသည် မြင်လျှင်၊ စိတ်နှလုံးမငြိမ်မဝပ် ထိတ်လန့်ခြင်းသို့ ရောက်၏။
၁၃ ကောင်းကင်တမန်ကလည်း၊ ဇာခရိ၊ ကြောက်ရွံ့ခြင်း မရှိနှင့်။ သင်ပြုသောပဌနာကို နာခံတော်မူပြီ။ သင်၏ခင်ပွန်း ဧလိရှဗက်သည် သားယောက်ျား ကိုဘွားမြင် လိမ့်မည်။ ထိုသားကို ယောဟန်အမည်ဖြင့် မှည့်ရမည်။
၁၄ သင်သည် ဝမ်းသာရွှင်မြူးခြင်းရှိလိမ့်မည်။ ထိုသားကိုဘွားမြင်သောကြောင့် လူအများတို့သည်လည်း ဝမ်းမြောက် ခြင်းသို့ရောက်ကြလိမ့်မည်။
၁၅ အကြောင်းမူကား၊ ထိုသားသည် ထာဝရဘုရားရှေ့၌ ကြီးမြတ်သောသူဖြစ်လိမ့်မည်။ စပျစ်ရည်နှင့် ယစ်မျိုးကိုမသောက်ဘဲနေ၍၊ အမိဝမ်းထဲကပင် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလိမ့်မည်။
၁၆ ဣသရေလအမျိုးသားအများတို့ကို သူတို့ဘုရားသခင် ထာဝရဘုရားထံသို့ ပြောင်းလဲစေလိမ့်မည်။
၁၇ အဘတို့သည် သားတို့ကို အသင့်အတင့်ဖြစ်စေခြင်းငှါ၎င်း၊ ငြင်းဆန်သောသူတို့ကို သူတော်ကောင်းတို့၏ သတိပညာလမ်းသို့ ပြောင်းလဲစေသောအားဖြင့်၊ ထာဝရဘုရားအဘို့အလိုငှာ ပြင်ဆင်သောလူမျိုး ဖြစ်စေခြင်းငှါ၎င်း၊ သူသည် ဧလိယ၏ စိတ်ဝိညာဉ်တန်ခိုးနှင့်ပြည့်စုံလျက်၊ ဘုရားသခင့်ရှေ့တော်သို့ သွားလိမ့်မည်ဟု ကောင်းကင်တမန်ပြောဆို၏။

No comments:

Post a Comment

Designed By