Breaking News

About Me

Saturday, March 8, 2014

သမုဒ္ဒရိုး(သမုတ်တရိုး) ကျေးရွာ မယ်တော့်ပုလ္လင်တင်ခြင်း

ပုသိမ်ဂိုဏ်းအုပ်သာသနာ၊ လက်သမားသာသနာအုပ်စု၊ သမုဒ္ဒရိုး(သမုတ်တရိုး)ကျေးရွာ တွင် ဖေဖော်ဝါရီလ (၁၇) နံနက် (၁၀)နာရီ တွင် မယ်တော့်ပုလ္လင်တင်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ သမုဒ္ဒရိုး(သမုတ်တရိုး)ကျေးရွာမှာ ဟင်္သာတမြို့မှ တဆင့် မြန်မာသမိုင်းဝင် ဦးဖိုးကျား၏ ဇာတိဖြစ်သည့် နိဗာန်မြို့မှ လမ်းခွဲကာ အာဇာနည်ဝင် မန်းဘခိုင်၏မွေးရပ်ဖြစ်သော ယုံသလင်းကျေးရွာမှ တဆင့် အနောက်ဖက် (၇) ဖာလုံခန့်တွင် တည်ရှိသော ကျေးရွာဖြစ်သည်။ ပုသိမ်ဂိုဏ်းအုပ်သာသနာ၊ လက်သမာသာသနာအုပ်စုဝင် ကျေးရွာဖြစ်သည်။ ဘာသာတူ ၈ အိမ် ခန့်ရှိသော်လည်း ဘုရားရှိခိုးကျောင်းတခုနှင့် တင့်တင့်တည်တည် တည်ရှိနေသည်။

ဖေဖော်ဝါရီလ (၁၇) ရက်နေတွင် လုဒ်မယ်တော်သခင်မ၏ ပုလ္လင်တင်ခြင်းအခန်းအနားနှင့် အတူ မယ်တော့်ဆင်းတုတော် ကျောင်းကြီးပေးခြင်းကို ကျင်းပခဲ့ပါသည်။ ထိုမစ္ဆားတရားအခန်းအနားသို့ လက်သမားသာသနာအုပ်စု၏ ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာရ် အော်ဇွယ်၊ လက်သမားသာသနာမှ သီလရှင် (၃) ပါး၊ ဓမ္မဆရာ (၂)ဦးနှင့် အနီးနားကျေးရွာများမှ ကက်သလစ် ဘာသာတူ ညီအစ်ကိုမောင်နှမများ (၅၀) ဦးခန့်ပါဝင် တတ်ရောက်ခဲ့ကြပါသည်။ လက်သမားသာသနာအုပ်စု၏ ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာရ် အော်ဇွယ်မှ မစ္ဆားတရားပူဇော်ပေးပြီး မစ္ဆားတရားအတွင်း မယ်တော်ဆင်းတုတော် ကောင်းကြီးပေးခြင်းနှင့် ပုလ္လင်တင်ခြင်းကို ကျင်းပပြုလုပ်ခဲ့ပါသည်။ မစ္ဆားတရားအတွင်း ဘုန်းတော်ကြီးမှ သြ၀ါဒမိန့်ကြားရာတွင် မယ်တော်သခင်မ အပေါ် အားကိုး အားထားပြုကြရန် အားပေး တိုက်တွန်းပြီး အလှူရှင်များအားလည်း ကျေးဇူးတင်ရှိကြောင်း သြ၀ါဒတွင် မိန့်ကြားခဲ့ပါသည်။

မစ္ဆားတရားအပြီးတွင် ကျေးရွာမှ ဘာသာတူများက မုန့်ဟင်းခါးဖြင့် ဧည့်သည်များအား ဧည့်ခံကျွေးမွေးခဲ့ပါသည်။

အလင်းသက်သေ


No comments:

Post a Comment

Designed By