Breaking News

About Me

Friday, February 7, 2014

ကုလသမဂ္ဂမှ ကက်သလစ်သာသနာတော်ကို ဆူပူကြိမ်းမောင်း

(Fox News ၏တင်ပြချက်မှ ကောက်နှုတ်ဖော်ပြပါသည်)

 ကလေးသူငယ်အလွဲသုံးစားပြုမှု စွပ်စွဲချက်များအပေါ် ကက်သလစ်သာသနာတော်၏ အမြင်နှင့်ကိုင်တွယ်ပုံကို ကုလသမဂ္ဂမှ ဆူပူကြိမ်းမောင်း နေတာလား?

 
အသက်သာဆုံးနှင့် အသိမ်မွေ့ဆုံးပြောရလျှင် သူ့ပြဿနာနှင့်သူပင် မရှင်းနိုင် မပြီးနိုင် ဖြစ်နေသော “ကလေးသူငယ်များဆိုင်ရာ အခွင့်အရေးကော်မတီ” မှတင်ပြထားသည့် ကုလသမဂ္ဂ၏ အစီရင်ခံစာသည် ကက်သလစ်သာသနာတော်ကို ရှေ့တန်းမှ တိုက်ခိုက်လာသည်။

ကက်သလစ်သာသနာတော်အတွင်း ကြုံတွေ့နေရသည့် ကလေးသူငယ် အလွဲသုံးစားမှုကို ကုလသမဂ္ဂမှ ဝေဖန်ဆုံးမနေခြင်းသည် ကင်ဂျုံအွန်းမှ မိသားစုအရေးကြီးပုံကို မိန့်ခွန်းပြောနေသည့်အလားပင် ဖြစ်သည်။ 

ကက်သလစ်ဘုန်းတော်ကြီး အချို့တို့၏ ပြစ်မှုများကို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်မှု မရှိဟု ဆိုကာ ကုလသမဂ္ဂမှ ဗာတီကန်၏ ဦးဆောင်မှုပိုင်းကို အပြင်းအထန်ဝေဖန်ထားသည်။ တရားခံအဖြစ် မထုတ်ဖော်နိုင်ဘဲ အပြစ်ဒဏ် လွှတ်နေသေးသော ဘုန်းတော်ကြီးများနှင့်ဆိုင်ရာ စာရွက်စာတမ်း မှတ်တမ်း မှတ်ရာများကို စစ်ဆေးခွင့်ပြုရန်လည်း ကုလသမဂ္ဂမှ ဗာတီကန်ကို တောင်းဆိုလိုက်သည်။

လွန်ခဲ့သော နှစ် ၃၀၊ နှစ် ၄၀ ဆိုသော ထိုဘုန်းတော်ကြီးများ၏ ပြစ်မှုများသည် လွန်ခဲ့သည့် ၁၀နှစ်တုန်းက ကုလသမဂ္ဂမှ စုံစမ်း စစ်ဆေးခဲ့သော အဖွဲ့အစည်းတစ်ခု၏ ပြစ်မှုနှင့် မည်သို့ ခြားနားနိုင်မည်နည်း။ 

ကုလသမဂ္ဂ စစ်ဆေးခဲ့သည် ဆိုသော ထိုအဖွဲ့အစည်းသည် ကွန်ဂို (Congo) သို့စေလွှတ်ခံရသည့် ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးအဖွဲ့ (United Nations Peacekeeping Force) ပင်ဖြစ်သည်။ ထိုကုလသမဂ္ဂအဖွဲ့စည်း ကိုယ်စားပြုဝန်ထမ်းများသည် မဒိမ်းမှု၊ ပြည့်တန်ဆာ အဓမ္မ လုပ်ကိုင် စေမှုနှင့် ကလေးသူငယ်များအား လိင်အလွဲသုံးစားပြုမှု တို့ကို ကျူးလွန်မှုဖြင့် စွပ်စွဲခံခဲ့ရသည်။ 
ထိုအချိန်က ကုလသမဂ္ဂအနေနှင့် “လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၊ အလွဲသုံးစားမှု၊ အထူးသဖြင့် အသက်မပြည့်သေးသူများအား ပြည့်တန်ဆာ လုပ်ကိုင်စေမှုများသည် နေရာအနှံ့ ပြန့်နှံ့ ဖြစ်ပျက်နေပြီး အသစ်အဆန်းမဟုတ်ဘဲ ဖြစ်တတ်သော ပြစ်မှုများသာ ဖြစ်သည်” ဟုသာ ပေါ့ပေါ့ပင် ကောက်ချက်ချခဲ့သည်။ 

ထိုအစီရင်ခံစာအပေါ်ကို တုန့်ပြန်သည့်အနေဖြင့်လည်း “ကုလသမဂ္ဂငြိမ်းမှုထိန်းသိမ်းရေးအဖွဲ့” က စုံစမ်းစစ်ဆေးသူများကို ခြိမ်းခြောက်ခဲ့သည်။

သို့ဆိုလျှင်“ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေးအဖွဲ့” လောက် မတရားယုတ်မာသည့် အဖွဲ့အစည်း “ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေး အဖွဲ့”သာ ရှိတော့မည် ဖြစ်သည်။ ၂၀၁၃ ခုနှစ်က လန်ဒန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုမှ ထို “ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေး အဖွဲ့” အတွင်း လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာ မတရားအလွဲသုံးစားပြုမှုများ ဆက်လက်ရှိနေသေးကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ထိုသို့ လိင်ပိုင်းဆိုင်ရာ ပြစ်မှုများကို ကျူးလွန်ဆဲဖြစ်သော်လည်း ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေးဝန်ထမ်းများသည် အပြစ်ဒဏ်မှ ကင်းလွှတ်နေကြဆဲ ဖြစ်သည်ဟုလည်း ပြစ်တင် ဝေဖန်ခဲ့သည်။

ကက်သလစ်သာသနာတော်ကို ပြစ်တင်ဝေဖန်သည့် ကုလသမဂ္ဂ၏ အစီရင်ခံစာထဲရှိ စွပ်စွဲခံ ဘုန်းတော်ကြီးများနေရာ၌ ကုလသမဂ္ဂ၏ ငြိမ်းချမ်းမှုထိန်းသိမ်းရေးအဖွဲ့ ၀န်ထမ်းများကို အစားထိုး အစီရင်ခံလိုက်မည်ဆိုလျှင် ကုလသမဂ္ဂ၏ သရုပ်မှန် ဧကန်ပင် ပေါ်လွင်နေပေလိမ့်မည်။ 

ကက်သလစ်သာသနာတော်အတွင်း၌ အချို့သော ဆရာတော်များ၏ ကိုင်တွယ်မှု နှေးကွေးလှသည်မှာ အမှန်တော့ဖြစ်သည်။ သေချာမှန်ကန် ကျူးလွန်မှု ရှိကြောင်းသိရန်လည်း အမှားအယွင်းမရှိအောင် စနစ်တကျ သတိထား စိစစ် နေရခြင်းဖြစ်ကြောင်း လူတိုင်းသိသာရန် တင်ပြထားပြီးဖြစ်သည်။
၂၀၀၈ ခုနှစ်က ပုပ်ရဟန်းမင်းကြီး ဘက်နဒစ် အမေရိကန်သို့ အလည်အပတ် ကြွရောက်လာခဲ့ချိန်၌ ထိုဘုန်းတော်ကြီးများ၏ ပြစ်မှုအတွက် တောင်းပန်ခဲ့ပြီး ထိုကိစ္စကို ကက်သလစ် ဘာသာရေးအကြီးအကဲများနှင့် တိုက်ရိုက် ပြောဆိုဆွေးနွေးခဲ့သည်။ ထိုတောင်းပန်ခဲ့မှု အတွက် ခွင့်လွှတ်ကြောင်း ယခုထိ မည်သူတစ်ဦးမျှ သက်ညှာမှု မပြနိုင်ကြသေးပေ။ 

ကက်သလစ်သာသနာတော်ကို ကုလသမဂ္ဂမှ ဝေဖန်ဆုံးမနေခြင်းသည် ကင်ဂျုံအွန်းမှ မိသားစုအရေးကြီးပုံနှင့် မိမိတို့၏ ခွေးကို မည့်သို့ ပြုစု စောင့်ရှောက်ရမည်ကို အရေးတယူ မိန့်ခွန်းပြောနေသည့်အလားပင် ဖြစ်နေပေတော့သည်။ 

ဘန်ကီမွန်းတစ်ယောက် ကုလအတွင်းရေးမှူးဖြစ်လာချိန်၌ ကွန်ဂိုသို့ သွားရောက်ခဲ့ပြီး ကုလငြိမ်းချမ်းမှု ထိန်းသိမ်းရေးဝန်ထမ်းများ၏ လိင်ပိုင်းဆိုင်ရာ အစော်ကားခံ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံရာတွင် ရင်ထဲဆို့နင့်ခဲ့ရသဖြင့် “ ဒီကိစ္စဟာ မိမိတို့ရဲ့ တာဝန်ဖြည့်ဆည်းမှုကို အတားအဆီး ဖြစ်စေတဲ့အတွက် အရေးကြီးကိစ္စအဖြစ်မြင်တယ်” ဟုသာ  လူ့အခွင့်ရေးစကား တစ်ခွန်းတစ်ပါဒမျှ မပါဘဲ မှတ်ချက်ပေးခဲ့သည်။ ဘန်ကီမွန်း၏ လူပီသပေခြင်းတည်း။ 

ထိုကိစ္စကို လုပ်ငန်းအရသာ သဘောထားပြီး ကော်မတီ တစ်ခုသို့သာ လွှဲပြောင်းပေးခဲ့သည်။ 

“ကုလငြိမ်းချမ်းမှုထိန်းသိမ်းရေးအဖွဲ့”၏ လိင်မှုဆိုင်ရာပြစ်မှုကျူးလွန်သူ မည်မျှသော ၀န်ထမ်းပုဂ္ဂိုလ်အရေအတွက် တရားစီရင်မှုမှ လွှတ်မြောက်နေသေးကြောင်း ကုလသမဂ္ဂ၏ စစ်ဆေးရေး စာရွက်စာတမ်းများ တောင်းကြည့်မည်ဆိုလျှင် မိမိတို့မှာ မည်သည့်နိုင်ငံ မည်သည့် အစိုးရအောက်တွင်မရှိသည့် အဖွဲ့အစည်းဖြစ်သည်ဟုသာ တွင်တွင်ဆိုကာ မိမိတစ်ကိုယ်ရည် အတွက် ဆက်လက်ရပ်တည် ကာကွယ်နေဦးမည်ဖြစ်သည်။ ကုလသမဂ္ဂ၏ ပွင့်လင်းမြင်သာမှု လွန်ကဲစွာ ရှိနေခြင်းပင်တည်း။ 

လက်ရှိပုပ်ရဟန်းမင်းကြီး အနေနှင့် မည်သည့် မှတ်ချက်မျှ မထုတ်ပြန်သေး။ မည်သို့ပင်မိန့်ဆိုနေစေကာမူ ကုလသမဂ္ဂ၏ ကြောင်သူတော် “ကလေးသူငယ်များဆိုင်ရာ အခွင့်အရေးအဖွဲ့” ကဲ့သို့သော ကက်သလစ်သာသနာတော်ကို မလိုမုန်းတီးနေသူများ အနေနှင့် ကျေနပ်ရောင့်ရဲမှု ရှိနိုင်ကြမည်တော့ မဟုတ်ပေ။ ဆင်းရဲ ချို့တဲ့သူများကို မျှဝေပေးလိုသော ပုပ်ရဟန်းမင်းကြီး၏ ဘဏ္ဍာတိုက် တစ်ခုလုံးပင်လျှင် ထိုသူများ၏ လောဘနှင့် ရန်လိုတိုက်ခိုက်မှုများကို အသောသတ်နိုင်ဦးမည် မဟုတ်ချေ။ 


Fox News ၏တင်ပြချက်မှ ကောက်နှုတ်ဖော်ပြပါသည်။
အလင်းသက်သေ

No comments:

Post a Comment

Designed By