Breaking News

About Me

Friday, February 14, 2014

တိုက်တန်းနစ်သင်္ဘော၏ ကပ်ဆိုးကြားက လူသိနဲသော အာဇာနည်ဘုန်းတော်ကြီး

ဘုန်းတော်ကြီးအမည်က ဖာသာရ်သောမတ်စ်ဘီးစ် ( Fr. Thomas Byles, ) ဖြစ်ပြီး ကက်သလစ်ခရစ်ယာန်အသင်းတော်မှ ဘုန်းတော်ကြီး တစ်ပါးဖြစ်ပါတယ်။ သူနှင့်ပတ်သက်သည့် အဖြစ်က ၁၉၁၂ ခုနှစ်တွင် မြောက်ဘက်အတ္တလန္တိတ် သမုဒ္ဒရာတွင် ဖြစ်ပျက်ခဲ့သည့် တိုက်တန်းနစ်သင်္ဘောကြီး၏ အဖြစ်အပျက်မှာပါ။ သင်္ဘောနစ်မြုပ်ချိန်တွင် သင်္ဘောပေါ်မှာ ကျန်ရှိနေသေးသည့် ၀ိညာဉ်တွေကယ်တင်ရေးအတွက် သူ့အတွက်ကမ်းလင့်ခံရသည့် အသက်ကယ်လေ နှစ်နေရာအားငြင်းဆန်ခဲ့သူ ဖြစ်ပါတယ်။

အသက် ၄၂နှစ်အရွယ်ရှိ အင်္ဂလိပ်လူမျိုး ဘာသာပြောင်းဝင်လာသူ ဖာသာရ် ဘီးစ်ဟာ နယူးယောက်ရှိ သူ့ညီငယ်၏မင်္ဂလာဆောင်အတွက် မစ္ဆားတရားတော်မြတ်ပူဇော်ပေးရန် အသွားမှာ ဖြစ်ပါတယ်။ တိုက်တန်းနစ်သင်္ဘောကြီးဟာ အလင်းရောင်မှုန်ရီမှုန်ဝါးကြားမှာ ရေခဲပြင်ကြီးအား တိုက်မိချိန်တွင် ဖာသာရ်ဘီးစ်ဟာ သူ၏ဆုတောင်းမေတ္တာစာအုပ်ကို ရွတ်ဆိုနေပါတယ်။

သင်္ဘောကြီးနစ်မြုပ်လာသည့်အခါ ဖာသာရ်ဘီးစ်သည် အမျိုးသမီးများနှင့် ကလေးငယ်များအား အသက်ကယ်လှေထဲသို့ ကူပို့ပေးနေပါတယ်။ အာပတ်ဖြေခြင်းများကိုလည်း နားထောင်နေပြီး အပြစ်ခွင့်လွှတ်ခြင်း ကောင်းကြီးများလည်း ပေးနေပါတယ်။ ထိုနောက် ခရီးသည်များအား စိတ်ပုတီးရွတ်ဆိုရာ၌ ဦးဆောင်နေခဲ့ပါတယ်။ သင်္ဘောကြီးနစ်မြုပ်နေတဲ့အချိန် ကိုယ်တော်ဘီးစ်ဟာ မတ်တပ်ထရပ်လိုက်ပြီး ကက်သလစ်များ၊ ပရိုတက်စတန်များနှင့် ဂျူးများဝိုင်းလျက် ဒူးထောက်ကာ ဆုတောင်းလျက်ရှိနေပါတယ်။ဖာသာရ်ဘီးစ်ဟာ စိတ်ပုတီးရွတ်ဆိုရင်း အသက်ဆုံးရှုံးခါးနီးလူများ၏ ၀ိညာဉ်များအတွက် ဆုတောင်းလျက်ရှိပါတယ်။

ဖာသာရ်ဘီးစ်ဟာ အသက်ကယ်လှေပေါ်တွင် နေရာကမ်းလင့်ခံရခြင်းကို နှစ်ခါငြင်းဆိုခဲ့ကာ ၀ိညာဉ်တစ်ဝိညာဉ်ဟာ သူ၏စက္ကရမင်တူးဆိုင်ရာလုပ်ဆောင်ချက်များကို တောင်းဆိုနေချိန်တွင် ဤသင်္ဘောပေါ်တွင် ဆက်နေရမည်မှာ သူ၏တာဝန်ဝတ္တရားဟုဆိုပါတယ်။

အခြားသူတစ်ပါးတို့၏အသက်ကယ်တင်ခြင်းနှင့် ၀ိညာဉ်များ၏ ကယ်တင်ခြင်းသည် ဖာသာရ်ဘီးစ်၏ တာဝန်ဝတ္တရားပါ။ သို့သော်လည်း ထိုတာဝန်ဝတ္တရားကို ခရစ်တော်၌ခွန်အားယူနိုင်ခဲ့၍သာ ယခုလို အသက်ပေးပြီး ဖြည့်ဆည်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့တတွေလည်း ဖာသာရ်ဘီးစ်ကဲ့သို့ ခရစ်တော်၌ခွန်အားယူအသက်ရှင်ကာ “မိမိ၏မိတ်ဆွေအဖို့ မိမိအသက်ကိုစွန့်ပေးနိုင်သည့် ချစ်ခြင်းမေတ္တာထက် ကြီးမြတ်သည့်ချစ်ခြင်းမေတ္တာမျို အဘယ်သူတွင်မှ မရှိ။” ဆိုသည့် အတိုင်း ကျင့်ကြံသက်သေခံသွားနိုင်ရန် ကြိုးစားသွားကြပါစို့။


မနောအောင်

No comments:

Post a Comment

Designed By