Breaking News

About Me

Sunday, May 26, 2013

မြင်းခြံမြို့မှ ရဟန်းသစ်၏မစ္ဆားဦး


မင်းခြံမြို့၊ စိန်မေရီ ဘုရားကျောင်းတွင် ၇.၄.၂၀၁၃န့ နံနက် ၇း၀၀ နာရီတွင် ရဟန်းသစ် John ကျော်သူရ၏ တရားဦး (ပထမဆုံး) မစ္ဆားဟောကြားပြီး၊ ဂုဏ်ပြုခြင်း အစီအစဉ် ပြုလုပ်ရာ သာသနာ အကျိုးဆောင်ဥက္ကဌ ဦးခင်ဆက်မှ ၀မ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားခဲ့ခြင်း၊ ဒုဥက္ကဌ ဦးဝင်းအောင်မှ နှုတ်ဆက်သြဘာစာ ဖတ်ကြားခြင်း၊ မအမာရီမှ ဂုဏ်ပြုလွှာ ပေးအပ်ခြင်း၊ ဒေါ်ခင်မာဝင်းမှ အလှူငွေ ဆက်ကပ်ခြင်း၊ လူငယ်များမှ နှုတ်ဆက် သီချင်းသီဆိုခြင်း၊ ဘာသာတူများမှ အလှူငွေနှင့် လက်ဆောင်ပေး၍ လက်ဆွဲ နှုတ်ဆက်ခြင်း၊ Bro သန်းနိုင်ဦးနှင့် ကလေးများမှ နှုတ်ဆက် သီချင်းသီဆိုခြင်း၊ ကျောင်းထိုင်ဖာသာရ်ပြုံးချိုမှ အစီအစဉ် ကြီးကြပ်ဆောင်ရွက်ပေးခြင်း၊ ဖာသာရ်ဂျွန်ကျော်သူရ၏ ကောင်းကြီး မင်္ဂလာခံယူခြင်းနှင့် အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့ကြ၏။

နီလာစမိုင်းလ် (ရေဦး)


No comments:

Post a Comment

Designed By