Breaking News

About Me

Monday, April 29, 2013

အမျိုးသမီးဒီကင်သိက္ခာ ဂျာမနီဆရာတော်များဆွေးနွေးလို


ဂျာမနီနိုင်ငံ ဆရာတော်ကြီးများအဖွဲ့သည် အမျိုးသမီးများအား ဒီကင်သိက္ခာပေးဖို့အရေး စတင်ဆွေးနွေးလိုကြောင်း ဆန္ဒရှိနေကြသည်။

ဂိုဏ်းချုပ်ဆရာတော်ကြီး ရောဘတ်ဇိုလစ်ခ်ျ ပြောဆိုသည်မှာ- “အမျိုးသမီးဒီကင်များ မေးခွန်း အတွက် မပြောအပ်မပြောသင့်သော (Taboo)အဖြစ် သဘောမထားသင့်ပါဗျာ”။ ဒီစကားကို ၄ရက်တာ ဆရာတော်ကြီးများအစည်းအဝေးအပြီးတွင် ပြောဆိုခဲ့ပါတယ်။
ထို့အပြင် ဆရာတော်ကြီးမှ ၎င်းတို့ဂျာမန်အထက်ပုဂ္ဂိုလ်ဆရာတော်ကြီးများ အနေဖြင့် အိမ်ထောင်ကွဲနေသောကက်သလစ်ဘာသာဝင်များ၊ နှင့် နောက်အိမ်ထာင်ပြုသူ ကက်သလစ် ဘာသာဝင်များအား ကိုယ်တော်မြတ်စက္ကရမင်တူး ပင့်ယူခွင့်ပေးဖို့ကိုလည်း ခွင့်ပြုပေးဖို့ ဆွေးနွေးနေကြောင်း ဆက်လက်ပြောဆိုပါတယ်။

ဂျာမန်စကားပြောနိုင်ငံများရှိ လွတ်လပ်သောသီအိုလိုဂျီဓမ္မပညာရှင်များမှာ ထိုခေါင်းစည်းများကို  ပြောဆိုဆွေးနွေးနေကြပြီး ထိုခေါင်းစည်းများနှင့်ပတ်သက်သော အသင်းတော်၏သွန်သင်ချက်များတွင် ပြုပြင်ပြောင်းလဲရေးများကို လိုလားနေကြသည်။

ဆရာတော်ကြီးကတော့ သူ၏အမြင်ကိုပြောဆိုပြီးသော်လည်း အပြောင်းအလဲအတွက်မူ ကတိမပေးကြောင်း ထပ်မံပြောဆိုခဲ့ပါတယ်။ ထိုကဲ့သို့သော အငြင်းပွားဖွယ်ခေါင်းစဉ်များနှင့်စပ်လျဉ်း၍ ဂျာမန်ဆရာတော်ကြီးများအကြားတွင်လည်း အဆုံးတိုင်အောင် ဆွေးနွေးဖြစ် မဖြစ်ကိုလည်း ကတိမပေးခဲ့ပါ။

မနောအောင် 

No comments:

Post a Comment

Designed By