Breaking News

About Me

Thursday, April 25, 2013

မိဘမဲ့ဂေဟာသို့ အလှူဒါနပြု

မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ် ဇော်ဂျီကျေးရွာမှ စိန်ဂျိုးဇက်သီလှရှင်များ ပြုစုစောင့်ရှောက်နေသော မိဘမဲ့ဂေဟာသို့ အလှူဒါနပြု . . .
၂၄.၄.၂၀၁၃ နေ့ တွင် စိန်ဇေးဗီးယားလူငယ်ကော်မရှင်အဖွဲ့ အလုပ်အမှုဆောင် ဒု-ဥက္ကဌ Augustine စည်သူဝင်း နှင့်လူငယ်များ ဦးဆောင်ကာ ရပ်ဝေးရပ်နီးမှ စေတနာရှင် အလှူရှင်များ စုပေါင်းပြီးမန္တလေးတိုင်း စဥ့်ကိုင်မြို့နယ် ဇော်ဂျီကျေးရွာရှိ စိန်ဂျိုးဇက် ခရစ်ယာန်သီလရှင် ကျောင်းတွင် ပြုစုစောက့်ရှောက်ထားသော မိဘမဲ့ကလေးသူငယ်များ အား ကျောင်းဖွင့်ချိန် အမှီ ကလေးသူငယ်များ အတွက်လိုအပ်သော စာအုပ်၊ခဲတံ၊ပေတံများနှင့် ကျောင်းသုံး စာရေးကိရိယာများကို သွားရောက် လှူဒါန်းခဲ့ပါတယ်။

ကလေးသူငယ်များမှလည်း အလှူရှင်များအတွက် ကျေးဇူးတင်ဆုတောင်းပေးခြင်းနှင့် ကျေးဇူးတင်သီချင်းများပြန်လည်သီဆိုပေးခဲ့ကြပါသည်။ ၀မ်းသာပီတိ ဂွမ်းဆီထိသကဲ့သို့ခံစားခဲ့ရပါသည်။အခုလို အဘက်ဘက်မှ မိမိတို့တက်နိုင်သမျှ အလှူဒါနပြုခဲ့ကြသော မိတ်ဆွေ အလှူရှင်များအားလုံးကို ဂုဏ်ပြုကျေးဇူးတင်အပ်ပါသည်။ 
စိန်ဇေးဗီးယားလူငယ်တစ်ဦး

No comments:

Post a Comment

Designed By