Breaking News

About Me

Friday, April 19, 2013

သင်္ကြန်ကာလ ၀တ်စောင့်ပွဲ

သင်္ကြန်ကာလ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက် အားလပ်ရက်များကို အကောင်းဆုံးအခွင့်အရေးတစ်ခုဖြစ်စေဖို့နှင့် ဘာသာဝင်သိုးစုများအား ၀ိညာဉ်ရေးစတုဒီသာများ ကျွေးမွေးစေရန်အတွက် နှစ်ရက်တာ ၀တ်စောင့်ပွဲကို ပြည်သာသနာ စိန်ပေါလ်တိုက်နယ် လူငယ်များအား ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာရ်ကောရတ် မိုးကျော်ထူးမှ ဦးဆောင်လမ်းညွှန်မှု့ပြုကာ ပြုလုပ်ခဲ့ကြပါတယ်။

ဝတ်စောင့်ပွဲအတွင်း  ဆရာတော်ကြီး အလဇန္ဒား ဦးပြုံးချိုမှ လူနှင့် လူ့ဂုဏ်သိက္ခာ ခေါင်းစဉ်ဖြင့်လည်ကောင်း၊ ဖာသာရ်ဟူးဘတ် မင်းနိုင်မှ ဆုတောင်းခြင်း ခေါင်းစဉ်ဖြင့် လည်ကောင်း အသီးသီးပို့ချဝေမျှခဲ့ကြပါတယ်။ ၎င်းတို့၏ပို့ချမှု့များမှာ ဘာသာဝင် သိုးငယ်များအတွက် အလွန်ပင်ဝိညာဉ်ခွန်အား ဘ၀ခွန်အားဖြစ်စေခဲ့ပါတယ်။ ထို့အပြင် ပို့ချခဲ့ပြီး နေ့လည်ပိုင်းများတွင် တာဝန်ခံ Sr. လှမယ်ဦးဆောင်၍ စိတ်ပုတီးစိတ်ခြင်း ၊ ကိုယ်တော်မြတ် ဖူးမျှော်ခြင်း၊ ကျမ်းစာ တော်မြတ် ထောက်ရှုခြင်းများကို ဦးဆောင် ပြုလုပ်ပေးသောကြောင့် သင်္ကြန်အတွင်း အကောင်းဆုံးသော ၀ိညာဉ်ရေး စတုဒီသာများကို စားသုံးရသကဲ့သို့ ခံစားရပါတယ်။

ထိုဝတ်စောင့်ပွဲကို နှစ်စဉ်နှစ်တိုင်း သင်္ကြန် ကာလတွင် ပြုလုပ်လေ့ ရှိပါတယ်။ ယခုနှစ် တွင်လည်း သင်္ကြန်အတွင်း ဧပြီလ ၁၄ရက်နှင့် ၁၅ရက်များတွင် ပြုလုပ်ပြီး ၀တ်စောင့်ပွဲတွင် လူငယ် (၃၀)ကျော်ခန့် ပါဝင်ကြောင်း တွေ့ရှိရပါတယ်။ နောင်နှစ်တွင်လည်း ဒီထက်မက ပါဝင်လာကြမည်ဟု မျှော်လင့်မိပြီး အကောင်းဆုံးသော ၀ိညာဉ်ရေးစတုဒီသာများလည်း ကျွေးမွေးနိုင်မည်ဟု ယုံကြည်မျှော်လင့်မိပါတယ်။


တိုက်နယ်လူငယ်
 မဆက်ဆက်မိုး

No comments:

Post a Comment

Designed By