Breaking News

About Me

Saturday, March 23, 2013

မေတ္တာပန်းဆန်းဒေးကဗျာ


မြေမှာခင်းကျင်း မာနအချင်း
ကိုယ်တော်ကြွလာ လမ်းတလျှောက်မှာ
ကြိုကာလေပြု ဒီလူတစု
နောက်ဆုံးတော့လည်း
တင်ပါသတ်ပါ အော်ကာဟစ်ကြ
ဟေရုဒ်ရှေ့မှာ ဒီလူတွေ
ကိုယ်တော်တောင်းတ ဒို့နှလုံးသား
အ၀တ်တွေမစုတ် နှလုံးသားတွေ စုတ်
ပန်းတွေ မခင်း နှလုံးသားကိုကျင်း
တောင်တွေ မဖြို မာနတွေ ချိုး
ကျင့်ကြံတည်ဆောက် ၀ါတွင်းတလျှောက်
ပြောင်းလဲ ပြုပြင် တို့ ဘ၀တွေ
ပေးအပ်ခံစား ကိုယ်တော့်ထံပါး
သက်သေတည်ရင်း ပြန်လည်ကြွေးကြော်
ဟိုရှဏ ဟိုရှဏ ဟိုရှဏ္ဏ. . . 


Justine (SFX)



No comments:

Post a Comment

Designed By