Breaking News

About Me

Friday, February 15, 2013

အလုပ်အကိုင်ရှာဖွေရာ၌ ဆုတောင်းမေတ္တာ

အိုအဖ ဘုရားသခင်၊ သင့်လျော်သောအလုပ်ကို ရှာဖွေနေသည့်အလျောက် အကျွန်ုပ်သည် ကိုယ်တော်၏ လမ်းပြစောင့်ရှောက်ခြင်းနှင့် အကူအညီအတွက် ကိုယ်တော့်ထံ တောင်းလျှောက်ပါသည်။ စစ်မှန်သော လမ်းကြောင်းအတိုင်းလျှောက်လှမ်းနိုင်ရန် အကျွန်ုပ်၏ခြေလှမ်းတိုင်းအား လမ်းပြပေးရန်အလို့ငှာ ကိုယ်တော်၏ာဏ်ပညာတော် လိုအပ်ပေသည်။ သင့်လျော်သောစကားကိုဆို၍ သင့်လျော်ရာများကို လုပ်ဆောင်ဖို့ရန် ကျွန်ုပ်အား ဦးဆောင်ပြုတော်မူပါ။ ကိုယ်တော်ရှင်ပေးထားသော ပညာအရည်အချင်းများနှင့် စွမ်းဆောင်ရည်တို့အား အသုံးချလိုပါသည်။ သို့သော်လည်း ထိုသို့အသုံးချရန် သင့်လျော်သောအလုပ်အကိုင် ရရှိဖို့လိုနေပါ၏။ အကျွန်ုပ်အား စွန့်ပစ်မထားဘဲ ကျေးဇူးပြု၍ သနားတော်မူပါ။ သို့ဖြစ်၍ ကိုယ်တော်၏ ကြင်နာရက်ရောသောကူညီမ,စမှု့အတွက် ကျေးဇူးတော်တင်နိုင်ရန်နှင့် ထာဝရချီးမွမ်းဧကျူးနိုင်ရန် ကိုယ်တော်၏သားတော် ကျွန်ုပ်တို့သခင် ခရစ်တော်ကိုအမှီပြု၍ တောင်းလျှောက်ပါသည်။ အာမင်။ 


(စစ္စတာတစ်ပါးမှ အင်္ဂလိပ်ဘာသာ စကားဖြင့် ပို့ပေးထားသော Prayer for employment ကိုဘာသာပြန်ပေးထားပြီး ဝေမျှထားခြင်းဖြစ်ပါသည်။)


No comments:

Post a Comment

Designed By