Breaking News

About Me

Saturday, January 19, 2013

ဒုတိယသာမန်တနင်္ဂနွေနေ့

ကျွန်ုပ်တို့ ကက်သလစ် အသင်းတော်မှာ ကာလ အပိုင်းအခြား ငါးခုနဲ့ ၀တ်ပြု ကိုးကွယ်ခြင်းကို သတ်မှတ် ထားပါတယ်။ အာဒ်ဝင်တူးကာလ၊ ခရစ္စမတ်ကာလ၊၀ါတွင်းကာလ၊ ပါစကားကာလနဲ့ သာမန်ကာလ ဆိုပြီး သတ်မှတ် ထားပါတယ်။ ကာလအပိုင်း အခြားတိုင်းမှာ ပြည့်ဝတဲ့ အဓိပ္ပါယ်တွေ ရှိနေပါတယ်။ သာမန်ကာလ  ယျေဘုယအားဖြင့် ရဟန်းသည် အစိမ်းရောင် သင်္ကန်းကို ၀တ်ဆင်ပါတယ်။ ထို့ အစိမ်းရောင် ၀တ်ဆင်ခြင်း အားဖြင့် အစိမ်းသည် အမြဲ ရှင်သန်နေသည့် သဘောကိုဆောင်ပါတယ်။ သစ်စေ့ တစ်စေ့ဟာ မြေကြီးမှာ ကြဲချခံရတဲ့ အချိန်မှာ အ၀ါရောင် ဒါမှမဟုတ် အမဲရောင်ဖြစ်ကောင်းဖြစ်နေ ပါလိမ့်မယ်။ ဒါပေမယ့် သူဟာ ဆက်လက် ရှင်သန်နေပါတယ် ရက်အတန်ကြာမှာ အညှောင့် ထွက်လာပြီး နောက်ထပ် ရက်အနည်းငယ် ကြာလာတဲ့ အခါမှာတော့ စိမ်းလန်းတဲ့ အရွက်အခက်တွေနဲ့ အပင်ကြီးအဖြစ် ဆက်လက် ရှင်သန်နေမှာဖြစ်ပါတယ်။ သာမန်ကာလမှာ ကျွန်ုပ်တို့ရဲ့ ၀ိညာဉ်ရေးဘ၀ အသက်တာများကို ရပ်တန့်နေဖို့ မဟုတ်ပဲ ဆက်လက် ရှင်သန်နေဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ယနေ့ ဒုတိယ သာမန် တနင်္ဂနွေနေ့မှာ အသင်းတော်မှ ထောက်ရှု့ရန် ကျမ်းချက်ကို ပေးထားတာက ရှင်ယောဟန် ဧ၀ံဂေလိ ကျမ်းစာတော်မှ ကာနန်မြို့ လက်ထပ်ပွဲ၌ ခရစ်တော်ဟာ ရေကနေ စပျစ်ရည်ကို ပြောင်းလဲတဲ့ အကြောင်းကို ဖတ်ရှု့ရမှာဖြစ်ပါတယ်။ အမိမယ်တော်ရဲ့ ကြားဝင်တောင်းခံပေးမှု့ ကိုလဲ ကျွန်ုပ်တို့ တွေ့ရမှာဖြစ်ပါတယ်။ လက်ထပ်ပွဲမှာ ခရစ်တော်ဟာ ယခုလို အံ့ဖွယ်ရာ ကိုပြုလုပ်ခဲ့ခြင်း အားဖြင့် ရှေးဦး ပထမ ဘုရားအဖြစ်တော်၏ သဘော သဘာဝကို ဖေါ်ပြခဲ့ခြင်း ပဲဖြစ်ပါတယ်။ ဒီလိုမျိုး ကျွန်ုပ်တို့ရဲ့ ဘ၀မှာ အခက်အခဲတွေကြုံတွေ့နေတဲ့ အချိန်မှာ ဘုရားသခင် တတ်နိုင်တာကိုမေ့လျော့နေကြပြီး စိုးရိမ် ပူပန်နေမှုတွေ သာလျှင် ပြည့်နေ တတ်ပါတယ်။ ၀ိညာဉ်ရေးရင့် ကျက်တဲ့ သူတွေဟာ အခက်အခဲများ ကြုံတွေ့ လာသောအခါ ရှေးဦးစွာ ဘုရားရှင်ကို အားကိုး တတ်ပါတယ်။ မယ်တော်ဟာ ၀ိညာဉ်ရေး ရင့်ကျက်တဲ့သူဖြစ်တဲ့ အတွက် ကြောင့် ခရစ်တော်ကို အားကိုး တကြီးနဲ့ အခက်အခဲကို ပြောပြပါတယ်။ 

ခရစ်တော်၌် ချစ်ခင်ရပါသော ညီအစ်ကိုမောင်နှမ အပေါင်းတို့ ကျွန်ုပ်တို့ရဲ့ ဘ၀မှာ အခက်အခဲတွေ ကြုံလာပြီ ဆိုလျှင် ဘယ်နေရာကို အရင် သွားကြမလဲ။ ဗေဒင်ဆရာဆီကိုလား၊ အကြားအမြင် ဆီကိုလား၊ နတ်ဆရာတွေဆီကိုလား ဒါမှမဟုတ် ကိုယ်တော်မြတ်ကျောင်းဆောင်လေးဆီ ကိုလား...။ စဉ်းစားကြည့်ပါ။
ကျွန်ုပ်တို့ အမိမယ်တော်ကို အတုယူကြစို့။ ဘာတွေဖြစ်နေဖြစ်နေ၊ ဘယ်လောက်ခက်ခဲနေပါစေ အဖြေရှာမရနိုင်ဘဲဖြစ်နေပါစေ ကိုယ်တော် တတ်နိုင်တယ်ဆိုတဲ့ (ထက်သန်တဲ့ယုံကြည်ခြင်း) နဲ့ ကိုယ်တော်ထံ ချဉ်းကပ်ကြစို့။ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းတွေကို ဆန်းစစ်ဖို့ အကောင်းဆုံးဖြစ်တဲ့ ဒီအချိန်မှာ သေချာစွာ ဆန်းစစ်ကြည့်ကြစို့။ ယုံကြည်ခြင်းဆိုတာ ဘုရားရှင်အပေါ်မှာ ရိုးရှင်းစွာ၊စိတ်ချစွာနဲ့
အားကိုးမိနေခြင်းကို ယုံကြည်ခြင်းလို့ ခေါ်ပါတယ်။ အမိမယ်တော်ရဲ့ ယုံကြည်ခြင်းကို အတုယူလျက် ကျွန်ုပ်တို့ရဲ့ ၀ိညာဉ်ရေးအသက်တာကို ဆက်လက်ပြီး ရှင်သန်ကြပါစို့။ အာမင်။
Br.Jean-Freddie (ofs)


No comments:

Post a Comment

Designed By