Breaking News

About Me

Monday, January 21, 2013

ကချင်ငြိမ်းချမ်းရေး မြန်မာ ခရစ်ယာန်များ ကြေငြာချက်ထုတ်

ငြိမ်းချမ်းရေးရရှိရန် တစ်တိုင်းပြည်လုံးတွင် တာဝန်ရှိသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီလ(၂၀) ရက်နေ့ ပဲခူးခရီးစဉ်တွင် ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ ဒေသခံတို့ အားပြောကြားခဲ့ကြောင်း The Myanma Age facebook စာမျက်နှာတွင် ဖော်ပြခဲ့ အပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ် (စီ၊ဘီ၊စီ၊အမ်)နှင့် မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များကောင်စီ (အမ်၊စီ၊စီ) တို့၏ “ ကချင်ပြည်နယ် အတွင်း ဖြစ်ပွားနေသော ပြည်တွင်း စစ်ကို ရပ်တန့်ကြရန် အတွက် ကြောငြာချက်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မရှင် ရုံးအဖွဲ့သို့ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များ ကောင်စီ၏ပြည်သူ့ ဆက်ဆံရေးကော်မတီ လက်ထောက် တာဝန်ခံ မလဝန်းရွှေ ဝတ်ရည် မှပေးပို့ ခဲ့သည်။

လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပို၍ ပေးဆောင်ကြရန်နှင့် ငြိမ်းချမ်းရေး အတွက် လိုအပ်သည့် အကူအညီများအား တတ်အားသမျှ အကျိုးဆောင်ပေးရန် အသင့်ရှိကြောင်း (စီ၊ဘီ၊စီ၊အမ်)နှင့် (အမ်၊စီ၊စီ) တို့၏ကြေငြာချက်တွင် ဖော်ပြထားပါသည်။

အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များ ကောင်စီ၏ ပြည်သူဆက်ဆံရေးကော်မတီ လက်ထောက် တာဝန်ခံ မလဝန်းရွှေဝတ်ရည် (၀၉-၄၃၁၄၃၆၆၀) သို့ ဆက်သွယ်မေးမြန်းနိုင် ပါသည်။


No comments:

Post a Comment

Designed By