Breaking News
About Me
Monday, December 31, 2018
Sunday, December 30, 2018
Saturday, December 29, 2018
ဆက်သွယ်ရန်
ဆက်သွယ်ရန်လိပ်စာ။ မြစ်ကြီးနားမြို၊၊ကချင်ပြည်နယ်၊အမှတ် (64) ခရစ်ယာန် ဘာသာရေး ဇာတ်လမ်း များကို စိတ်ဝင်စားသူများ ၊ မေးချင်သောအကြောင်းအရာများရှီခဲ့ပါလျှင် မေးမြန်းနိုင်ပါသည်၊။
Sunday, November 18, 2018
အသင်းတော်အတွင်း ၀ိညာဉ်ရေး သြဇာတိက္ကမ ကြီးမားတဲ့အသင်းဂိုဏ်းကြီး ၅ ဂိုဏ်း
ဘက်နက်ဒင်းအသင်းဂိုဏ်း။
အသင်းဂိုဏ်းတည်ထောင်သူမှာ စိန်ဘက်နက်ဒစ်ဖြစ်သည်။
၎င်းရဲ့ဆောင်ပုဒ်မှာ - ဆုတောင်းခြင်းနှင့် အလုပ် လို့အဓိပ္ပာယ်ရတဲ့ "Ora et labora" ပါ။ အသင်းဂိုဏ်းအမျိုးအစားကတော့ Monastic လို့ခေါ်တဲ့ ဘုန်းတော်ကြီးကျောင်းနေ အမျိုးအစားဖြစ်ပါတယ်။ ကျောင်းတွင်းနေဘုန်းကြီးများပေါ့ဗျာ။ သူတို့ရဲ့ သင်္ကန်းဝတ်ရုံတွေက အနက်ရောင်ဖြစ်လို့ ဘုန်းကြီးနက်များလို့ပင် ခေါ်ဆိုကြပါတယ်။ သို့သော်လည်း အချို့ဘက်နက်ဒင်းဘုန်းကြီး အဖွဲ့အစည်းများက အဖြူရောင်ဝတ်ပါတယ်။
ဘက်နက်ဒင်းအသင်းဂိုဏ်းရဲ့ ၀ိညာဉ်ရေးကတော့ အဓိကအားဖြင့် ဆုတောင်းခြင်းနှင့်အလုပ်ပါပဲ။ ဘုန်းတော်ကြီးကျောင်းအတွင်း မှာ ဆုတောင်းခြင်းများပြုလုပ်နေ ကြသလို နေ့စဉ်အလုပ်များလည်း လုပ်ကြပါတယ်။ သူတို့ဘ၀သက်တာမှာတော့ သမ္မာကျမ်းစာနှင့် ဆုတောင်းမေတ္တာစာအုပ် (Divine Office) ဟာ ဘ၀ရဲ့အစိတ်အပိုင်းတစ်ခုကဲ့သို့ အရေးကြီးလှပါတယ်။ တချိန်တည်းမှာပဲ ဘုန်းတော်ကြီးကျောင်းအတွင်း အတူတကွနေထိုင်ကြတာမို့ ဘုန်းတော်ကြီးများအကြား ညီအစ်ကိုစိတ်ဓါတ်နှင့်အတူ အဖွဲ့အစည်းနှင့်နေထိုင်တဲ့အ သက်တာကိုလည်း ကျင့်ကြံရပါတယ်။ ဒီနောက် နာခံခြင်းကလည်း ပါရမီတစ်ခုပါ။စိန်ဘက်နက်ဒစ်အပြင် အသင်းတော်အတွင်း လူသိများတဲ့ ရဟန္တာများမှာ စိန်ဘက်နက်ဒစ်ရဲ့ညီမ သံတာစကော်လစ္စကာနှင့် ကြီးမြတ်သော စိန်ဂရေဂေါ်ရီတို့ပါ။
စိန်ဘက်နက်ဒစ် - ကျွန်ုပ်တို့အတွက် ဆုတောင်းပေးတော်မူပါ။ အာမင်။
ဒိုမီနီကန်ဝိညာဉ်ရေးကတော့ ဆုတောင်းခြင်း၊ စာပေလေ့လာခြင်း၊ တရားဟောခြင်းနှင့် အဖွဲ့အစည်းလိုက်နေထိုင်ခြင်းပါပဲ။
စိန်ဒေါမီနစ်နှင့်အတူ အသင်းတော်အတွင်း ကျော်ကြားတဲ့ သူတော်စင်ကြီးများကတော့ စိန်သောမတ်စ်အကွိုက်နက်စ်၊ စိန်ကက်သရင်းနှင့် ကြီးမြတ်သော စိန်အဲလ်ဘတ်။
စိန်ဒေါမီနစ်- ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။ အာမင်။
ဂျေးဇူးရစ်အသင်းဂိုဏ်း။
အသင်းဂိုဏ်းတည်ထောင်သူဟာ စိန်အစ်ညှားစီအု့စ်ဖြစ်ပါတယ်။ အသင်းဂိုဏ်းရဲ့ဆောင်ပုဒ်ဟာ လုပ်သမျှ ဘုရားသခင်ရဲ့ဘုန်းဂုဏ်တော်ပို၍ကြီးမြတ်ပါစေ လို့ အဓိပ္ပာယ်ရတဲ့ For the greater glory of God ပါ။ အသင်းဂိုဏ်းအမျိုးအစားကတော့ ဘာသာရေးအသင်းဂိုဏ်းတစ်ခုပါ။ ထို့အပြင် အသင်းဂိုဏ်းမှာတော့ သီးသန့်သင်္ကန်းရယ်လို့မရှိဘဲ ဒေသခံဘုန်းကြီးတွေနဲ့တန်းတူ ယှဉ်ပြီး လိုက်လျောညီထွေစွာဝတ်ဆင်တတ်ကြပါတယ်။
ဂျေးဇူးရစ်ဝိညာဉ်ရေးကတော့ ၀ိညာဉ်ရေးလေ့ကျင့်မှု့တွေပေါ်မှာ မူတည်နေပြီး အစ်ညှေးစီယမ်းဝိညာဉ်ရေးလို့လည်း ခေါ်ဆိုကြပါတယ်။ အဓိကတော့ - အရာရာထဲမှာ ဘုရားသခင်ကို ရှာဖွေခြင်း၊ ခရစ်တော်ကိုချစ်ခြင်း၊ အရေးကြီးတဲ့ အမှု့ဆောင်များပေးခြင်း၊ ၀ိညာဉ်ရေးစမ်းစစ်ဖို့နှင့် ပညာရေးတို့ပင်ဖြစ်ပါတယ်။
အသင်းတော်အတွင်း ကျော်ကြားတဲ့ ရဟန္တာများကတော့ စိန်ဖရန်စစ်ဇေးဗီးယားနှင့် စိန်အလော်ရှိုက်တို့ဖြစ်ပါတယ်။
စိန်အစ်ညှားစီးအု့စ်။-ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။ အာမင်။
Read more ...
အသင်းဂိုဏ်းတည်ထောင်သူမှာ စိန်ဘက်နက်ဒစ်ဖြစ်သည်။
၎င်းရဲ့ဆောင်ပုဒ်မှာ - ဆုတောင်းခြင်းနှင့် အလုပ် လို့အဓိပ္ပာယ်ရတဲ့ "Ora et labora" ပါ။ အသင်းဂိုဏ်းအမျိုးအစားကတော့
ဘက်နက်ဒင်းအသင်းဂိုဏ်းရဲ့ ၀ိညာဉ်ရေးကတော့ အဓိကအားဖြင့် ဆုတောင်းခြင်းနှင့်အလုပ်ပါပ
စိန်ဘက်နက်ဒစ် - ကျွန်ုပ်တို့အတွက် ဆုတောင်းပေးတော်မူပါ။ အာမင်။
ဖရန်စစ္စကန်အသင်းဂိုဏ်းများ။
ဖရန်စစ္စကန်အသင်းဂိုဏ်းမှာ အဓိက ဂိုဏ်းကွဲသုံးခုရှိပါတယ်။ မိုင်နာဖရိုင်ရာများ၊ ကွန်ဗန့်တုရယ်ရဟန်းများနှင် ကာပူချီနိုရဟန်းတို့ပါ။
အသင်းဂိုဏ်းအား အဓိကတည်ထောင်ခဲ့သူမှာ အာစီစီမြို့မှ စိန်ဖရန်စစ်ဖြစ်ပါတယ်။ အသင်းဂိုဏ်းရဲ့ အဓိက ဆောင်ပုဒ်ကတော့ ငြိမ်းချမ်းခြင်းနှင့် ကောင်းမြတ်ခြင်းပင်ဖြစ်ပါတယ်။
ဖရန်စစ္စကန်ဝိညာဉ်ရေးကတော့ ဧ၀ံဂေလိတရားတော်အတိုင်း နေထိုင်ခြင်း၊ ခရစ်တော်နောက်သို့ လိုက်ခြင်း၊ ဆင်းရဲခြင်းနှင့် ညီအစ်ကိုစိတ်ထားခြင်းပါပဲ။
အသင်းတော်အတွင်း ကျော်ကြားတဲ့ ဖရန်စစ္စကန်ရဟန္တာများမှာ စိန်အန်ထော်နီ၊ စိန်ဘောနဲဘမ်ချား၊ သံတာကလဲလ်၊ ပါထရေပီအိုနှင့် စိန်မာစီမီလီယံတို့ဖြစ်ပါတယ်။
စိန်ဖရန်စစ်- ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။ အာမင်။
ဖရန်စစ္စကန်အသင်းဂိုဏ်းမှာ အဓိက ဂိုဏ်းကွဲသုံးခုရှိပါတယ်။ မိုင်နာဖရိုင်ရာများ၊ ကွန်ဗန့်တုရယ်ရဟန်းများနှင်
အသင်းဂိုဏ်းအား အဓိကတည်ထောင်ခဲ့သူမှာ အာစီစီမြို့မှ စိန်ဖရန်စစ်ဖြစ်ပါတယ်။ အသင်းဂိုဏ်းရဲ့ အဓိက ဆောင်ပုဒ်ကတော့ ငြိမ်းချမ်းခြင်းနှင့် ကောင်းမြတ်ခြင်းပင်ဖြစ်ပါတယ
ဖရန်စစ္စကန်ဝိညာဉ်ရေးကတော့ ဧ၀ံဂေလိတရားတော်အတိုင်း နေထိုင်ခြင်း၊ ခရစ်တော်နောက်သို့ လိုက်ခြင်း၊ ဆင်းရဲခြင်းနှင့် ညီအစ်ကိုစိတ်ထားခြင်းပါပဲ။
အသင်းတော်အတွင်း ကျော်ကြားတဲ့ ဖရန်စစ္စကန်ရဟန္တာများမှာ စိန်အန်ထော်နီ၊ စိန်ဘောနဲဘမ်ချား၊ သံတာကလဲလ်၊ ပါထရေပီအိုနှင့် စိန်မာစီမီလီယံတို့ဖြစ်ပါတယ
စိန်ဖရန်စစ်- ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။ အာမင်။
ဒိုမီနီကန်အသင်းဂိုဏ်း။
အသင်းဂိုဏ်းတည်ထောင်သူဟာ အသင်းတော်အတွင်း စိတ်ပုတီးစိတ်နည်းစတင်ပေးခဲ့ သူ စိန်ဒေါမီနစ်ဖြစ်ပါတယ်။ အသင်းဂိုဏ်းရဲ့ ဆောင်ပုဒ်ကိုတော့ ဘုရားသခင်အားချီးမွမ်းရန်၊ ကောင်းကြီးသြဘာပေးရန်နှင့် တရားဟောခြင်းပါ။ အသင်းဂိုဏ်းရဲ့ တရားဝင်အမည်မှာကိုက - တရားဟောသူများအသင်းဂိုဏ်းလို့ အဓိပ္ပာယ်ရတဲ့ Order of Preachers ဖြစ်ပါတယ်။ အသင်းဂိုဏ်းအမျိုးအစားကတော့ နေ့စဉ်ဆွမ်းခံစားတဲ့ Mendicant ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ၁၂၄၇ ခုနှစ်တွင်ပြုလုပ်တဲ့ အသင်းတော်ကြီးညီလာခံမှာ ပုပ်ရဟန်းမင်းကြီး ဂရေဂေါ်ရီ (၁၀)က ဘာသာဝင်တွေအပေါ်ဝန်မပိစေရန်အ တွက် ဆွမ်းခံခြင်းကို ဖြတ်သိမ်းပေးခဲ့ပါတယ်။
ဒိုမီကန်များရဲ့သင်္ကန်းကတော့ အဖြူရောင်ဖြစ်ပြီး အနက်ရောင် ၀တ်ရုံအပေါ်မှာ ခြုံပါတယ်။ အဲဒီနောက် ခါးမှာ ခါးပတ်နှင့်အတူ စိတ်ပုတီးချိတ်ဆွဲထားပါတယ်။ စကာပူလာလည်းပါတယ်။ ခေါင်းစွပ် Hood လည်း ပါပါတယ်။
ဒိုမီကန်များရဲ့သင်္ကန်းကတော့
ဒိုမီနီကန်ဝိညာဉ်ရေးကတော့ ဆုတောင်းခြင်း၊ စာပေလေ့လာခြင်း၊ တရားဟောခြင်းနှင့် အဖွဲ့အစည်းလိုက်နေထိုင်ခြင်
စိန်ဒေါမီနစ်နှင့်အတူ အသင်းတော်အတွင်း ကျော်ကြားတဲ့ သူတော်စင်ကြီးများကတော့ စိန်သောမတ်စ်အကွိုက်နက်စ်၊ စိန်ကက်သရင်းနှင့် ကြီးမြတ်သော စိန်အဲလ်ဘတ်။
စိန်ဒေါမီနစ်- ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။ အာမင်။
ဂျေးဇူးရစ်အသင်းဂိုဏ်း။
အသင်းဂိုဏ်းတည်ထောင်သူဟာ စိန်အစ်ညှားစီအု့စ်ဖြစ်ပါတယ်။ အသင်းဂိုဏ်းရဲ့ဆောင်ပုဒ်ဟာ လုပ်သမျှ ဘုရားသခင်ရဲ့ဘုန်းဂုဏ်တော်ပို၍ကြီးမြတ်ပါစေ လို့ အဓိပ္ပာယ်ရတဲ့ For the greater glory of God ပါ။ အသင်းဂိုဏ်းအမျိုးအစားကတော့ ဘာသာရေးအသင်းဂိုဏ်းတစ်ခုပါ။ ထို့အပြင် အသင်းဂိုဏ်းမှာတော့ သီးသန့်သင်္ကန်းရယ်လို့မရှိဘဲ ဒေသခံဘုန်းကြီးတွေနဲ့တန်းတူ ယှဉ်ပြီး လိုက်လျောညီထွေစွာဝတ်ဆင်တတ်ကြပါတယ်။
ဂျေးဇူးရစ်ဝိညာဉ်ရေးကတော့ ၀ိညာဉ်ရေးလေ့ကျင့်မှု့တွေပေါ်မှာ မူတည်နေပြီး အစ်ညှေးစီယမ်းဝိညာဉ်ရေးလို့လည်း ခေါ်ဆိုကြပါတယ်။ အဓိကတော့ - အရာရာထဲမှာ ဘုရားသခင်ကို ရှာဖွေခြင်း၊ ခရစ်တော်ကိုချစ်ခြင်း၊ အရေးကြီးတဲ့ အမှု့ဆောင်များပေးခြင်း၊ ၀ိညာဉ်ရေးစမ်းစစ်ဖို့နှင့် ပညာရေးတို့ပင်ဖြစ်ပါတယ်။
အသင်းတော်အတွင်း ကျော်ကြားတဲ့ ရဟန္တာများကတော့ စိန်ဖရန်စစ်ဇေးဗီးယားနှင့် စိန်အလော်ရှိုက်တို့ဖြစ်ပါတယ်။
စိန်အစ်ညှားစီးအု့စ်။-ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။ အာမင်။
စလေးရှင်းအသင်းဂိုဏ်း။
အသင်းဂိုဏ်းတည်ထောင်သူကတော့ ဂျွန်ဘောစ္စကိုဖြစ်ပြီး အသင်းဂိုဏ်းရဲ့တရားဝင်အမည်မှာ စိန်ဖရန်စစ်ဒေဆားလပ်ရဲ့အဖွဲ့ အစည်းပါ။ စလေးရှင်းတို့ရဲ့ ဆောင်ပုဒ်ကတော့ - ၀ိညာဉ်များကို အကျွန်ုပ်အားပေးပြီး ကျန်တာတွေကို ယူဆောင်ပါလို့ အဓိပ္ပာယ်ရတဲ့ Give me souls, take away the rest ပါ။
အသင်းဂိုဏ်းအမျိုးအစားကတော့ ဘုန်းကြီးအသင်းဂိုဏ်းတစ်မျိုးဖြစ်ပြီး သင်္ကန်းအမျိုးအစားလည်း သီးသန့်မရှိဘဲ သင့်လျော်တာကို လိုက်လျော်ညီထွေစွာ ၀တ်ဆင်ကြပါတယ်။
ဆလေးရှင်းဝိညာဉ်ရေးကတော့ သိုးထိန်းဆိုင်ရာမေတ္တာတရား၊ ပျော်ရွှင်ခြင်းနှင့်အကောင်း မြင်ဝါဒ၊ အလုပ်နှင့် ခြိုးခြံကျင့်ကြံခြင်း၊ လူငယ်များကို သိုးထိန်းဆိုင်ရာဂရုစိုက်ပျိုးထောင်ပေးခြင်းနှင့် ခရစ်တော်မှာ အမြစ်တွယ်ပြီး မယ်တော်သခင်မရဲ့လက်ထဲမှာ ဘ၀သက်တာကို ဆက်ကပ်နေထိုင်ခြင်းတို့ပင်ြ ဖစ်ပါတယ်။
အသင်းတော်အတွင်း ကျော်ကြားတဲ့ သူတော်စင်များမှာ စိန်ဒေါမီနစ်ဆာဗီယို နှင့် စိန်မေရီမာဇာရက်လိုတို့ဖြစ် ကြပါတယ်။
စိန်ဂျွန်ဘောစကို။ - ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။ အာမင်။
ဒိုမီနီကန်ကိုရင်
အသင်းဂိုဏ်းတည်ထောင်သူကတော့
အသင်းဂိုဏ်းအမျိုးအစားကတော့
ဆလေးရှင်းဝိညာဉ်ရေးကတော့ သိုးထိန်းဆိုင်ရာမေတ္တာတရား၊
အသင်းတော်အတွင်း ကျော်ကြားတဲ့ သူတော်စင်များမှာ စိန်ဒေါမီနစ်ဆာဗီယို နှင့် စိန်မေရီမာဇာရက်လိုတို့ဖြစ်
စိန်ဂျွန်ဘောစကို။ - ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။ အာမင်။
ဒိုမီနီကန်ကိုရင်
dom.koyin@gmail.com
Wednesday, November 14, 2018
ရဟန္တာသူတော်စင်အပေါင်းပွဲနေ့ကြီး
နိုဝင်ဘာ ၁ရက်နေ့။
Άγιοι που δε θα γιορταστούν γιατί δε θα τους βρουν ημέρα που ταιριάζει.ဂရိလိုရေးထားတဲ့ စာကြောင်းရဲ့အဓိပ္ပာယ်ကတော့ "သင့်တော်တဲ့ရက်ရှာမတွေ့၍ ပွဲတော်မကျင်းပပေးဖြစ်သော ရဟန္တာသူတော်စင်များအားလုံး" လို့ဆိုပါတယ်။ ဒီစာကြောင်းလေးဟာ ရဟန္တာသူတော်စင်များအားလုံးရဲ့ ပွဲနေ့ကြီးကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်လေးကို ပေါ်လွင်စေပါတယ်။
အသင်းတော်၏ယုံကြည်ရာချက်မှာ အသင်းတော်တစ်ခုတည်းရှိပြီး အသင်းတော်ကြီးရဲ့ဦးခေါင်းဟာ ယေဇူးခရစ်တော်ဘုရားကိုယ်တော်တိုင်ဖြစ်ပြီး များစွာသော ခန္တာအစိတ်အပိုင်းများရှိပါတယ်။ ဒီ တစ်ခုတည်းသောအသင်းတော်ထဲမှာပင် နယ်ပယ် (State)သုံးခုနဲ့ နားလည်နိုင်ပါလိမ့်မယ်။ ပထမနယ်ပယ်ကတော့ ကောင်းကင်နိုင်ငံအသင်းတော်ကြီး၊ ဒုတိယနယ်ပယ်ကတော့ ကျနော်တို့ကမ္ဘာပေါ်အသင်းတော်နဲ့ တတိယနယ်ပယ်ကတော့ အောက်နက်ရာအရပ်မှ အသင်းတော်ဖြစ်ကြပါတယ်။ ဒီအချက်ဟာ ယုံကြည်ရာအချုပ်ထဲတွင်လည်း ပါဝင်ပါတယ်။ ယေဇူးခရစ်တော်ဟာ ကျနော်တို့အားလုံးကို ကယ်တင်ဖို့အတွက် ဖွားမြင်ခြင်းကိုခံယူတော်ပြီး အသေခံတော်မူရာမှ အောက်နက်ရာအရပ်သို့ ဆင်းကြွတော်မူပါတယ်။-ထိုနောက် သုံးရက်မြောက်သောနေ့မှာ ရှင်ပြန်ထမြောက်တော်မူပြီး ကောင်းကင်ဘုံသို့ တက်ကြွတော်မူတယ်လို့ ယုံကြည်ရာချက်မှာ အသင်းတော်နှင့်အတူ ကျနော်တို့ ၀န်ခံကြပါတယ်။
ကောင်းကင်နိုင်ငံအသင်းတော်ကြီးဟာ လောကစုံစမ်းနှောက်ယှက်မှုတွေနဲ့ အခက်ခဲတွေကို အောင်မြင်ပြီးတဲ့ ရဟန္တာသူတော်စင်များရှိရာ နေရာပဲဖြစ်ပါတယ်။ ဘုရားသခင်ကိုယ်တိုင် စံပယ်ပြီး ဘုရားသခင်ရဲ့ ရွှေမျက်နှာတော်ကို ဖူးခွင့်ရပြီးသူများရဲ့ အရပ်ပဲဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ ခရစ်ယာန်တွေအားလုံး မျှော်လင့်တောင်းတနေကြတဲ့ ထာဝရဆုလာဒ်ကြီးပဲမဟုတ်ပါလား။
ဒီလို ကောင်းကင်နိုင်ငံတော်မှာ ဘုရားသခင်ရဲ့ရွှေမျက်နှာတော်ကို ဖူးမျှော်ခွင့်ရနေကြပြီးဖြစ်တဲ့ ကျနော်တို့ရဲ့ ညီအစ်ကိုမောင်နှမတွေကို ရဟန္တာသူတော်စင်များအဖြစ် ကမ္ဘာပေါ်အသင်းတော်ကြီးက ကြေငြာပေးပါတယ်။ ဒါမှ ကမ္ဘာပေါ်အသင်းတော်တွင် ရှိနေကြတဲ့ ကျနော်တို့ လူသားတွေဟာ အဲဒီရဟန္တာသူတော်စင်များကို အတုယူကျင့်ကြံပြီး ခရစ်တော်နောက်ကို ဆက်လက်လျှောက်လှမ်းနိုင်ကြမှာဖြစ်ပါတယ်။ အသင်းတော်ကြီးအတွင် ရဟန္တာသူတော်စင်များစွာကို ကြေငြာပြီးဖြစ်ပေမယ့် လူမသိ၊သူမသိနဲ့ ခရစ်တော်နောက်လိုက်ရင်း ယုံကြည်ခြင်းအတွက် အသက်ပေးခဲ့တဲ့ သူတော်စင်များစွာလည်း ရှိနေပါတယ်။ ဒါ့ကြောင့် ဒီနေ့ နိုဝင်ဘာလ ၁ ရက်နေ့ကို လူသိ၊ လူမသိ အားလုံးသောရဟန္တာ သူတော်စင်များအား အောက်မေ့သတိရ ကျင်းပကြပါတယ်။
ပထမသံယောဟန်ကျမ်းမှာမိန့်ဆိုခဲ့သလိုပဲ ကျနော်တို့အားလုံးဟာ ယေဇူးခရစ်တော်အားဖြင့် ဘုရားသခင်၏သားသမီးများအဖြစ်သို့ ခေါ်တော်မူခြင်းခံရပြီး အားလုံးဟာ ရဟန္တာသူတော်စင်များအဖြစ်သို့ လမ်းဖွင့်ဖိတ်ခေါ်ကြိုဆိုခံနေရတာကို သတိရစေချင်ပါတယ်။ ဘာကိုသတိရမိသလဲဆိုတော့ ...ရှေးဦးကာလ ခရစ်တော်နောက်လိုက်များကို ခရစ်ယာန်များလို့ အခေါ်မခံရခင်ကာလမှာတုန်းက သူတို့ကို ဂရိဘာသာစကားနဲ့ Οἱ Ἁγιοι ဆိုပြီး သန့်ရှင်းသောသူတော်စင်များလို့ ခေါ်ဆိုကြပါတယ်။ အဲဒီဝေါ်ဟာရကနေတဆင့် ကျနော်တို့ဘိုးဘွားတွေကို ဘာကြောင့် အဲဒီလိုခေါ်ဆိုခဲ့ကြသလဲဆိုတာကို မြင်မှန်းဆနိုင်ပါတယ်။
ရဟန္တာသူတော်စင်ပေါင်းပွဲနေ့ကြီးကို အေဒီ ၃၇၃ ခုနှစ်မှာ ကျင်းပနေကြပြီးဖြစ်ကြောင်း အစောဆုံးသက်သေခံချက်အဖြစ် စိန်အက်ဖရင်စီးရီးယမ်း၏ သြ၀ါဒမှာတွေ့ရှိနိုင်ပါတယ်။
ကျနော်တို့တတွေလည်း ရဟန္တာသူတော်စင်များအဖြစ်သို့ အခေါ်ခံထားရတာကို မမေ့ကြဖို့၊ ဘုရားသခင်ရဲ့သားသမီးများအဖြစ် ထိုက်ထိုက်တန်တန် ရှင်သန်သက်သေခံကြဖို့ ဒီနေ့ပွဲတော်အားဖြင့် ပြန်လည်သတိယူ ခွန်အားယူကြပါစို့။
ကောင်းကင်အရပ်ရှိ ရဟန္တာသူတော်စင်အပေါင်းတို့- ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။
ဒိုမီနီကန်ကိုရင်
dom.koyin@gmail.com
တရားဟောသူတော်စင်များ (ခ) ဒိုမီနီကန်များ
သံမာတေဦး ၂၈း၁၉-၂၀ မှာ ခရစ်တော်က «သင်တို့သည်သွားကြ၍ လူမျိုးတကာတို့ကို ငါ၏တပည့်များ ဖြစ်စေကြလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ နာမတော်မြတ်၌ သူတို့ကို ဆေးကြောကြလော့။ -သင်တို့အား ငါမိန့်မှာထားသမျှကို လိုက်နာကျင့်ကြံစေခြင်းငှာ သူတို့ကို သွန်သင်ကြလော့» ဟုမိန့်ဆိုခဲ့လေ၏။
တမန်တော်ကြီးများသည်လည်း မိန့်ဆိုသည့်အတိုင်း ဆောင်ရွက်ခဲ့ကြသည်။ သူတို့တတွေဟာ အရှေ့အနောက် တောင်မြောက် အဘက်ဘက်သို့ လမ်းစဖွင့်ကာ သူတို့ကြားသိ ကြုံတွေ့ခဲ့ရသော ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းနှင့် လူသားတို့အား အသက်သစ်ပေးသော သတင်းကောင်းကို ကမ္ဘာ တ၀ှမ်းလုံးမှာ ဟောပြောခဲ့ကြသည်။ နှုတ်တော်ထွက်တရားတော်ကို ဟောပြောခြင်းသည် သူတို့၏တာဝန်ဝတ္တရားနှင့် ရည်မှန်းချက် ဖြစ်သည့်အတိုင်း သူတို့ဟောပြောခဲ့ကြသည်။ ထို့နောက် အခြားသူများကိုလည်း ခရစ်တော်၏ နာမတော်မြတ်၌ သူတို့ကဲ့သို့ လုပ်ဆောင်ကြရန် လှုံ့ဆော် တာဝန်ခွဲ ပေးအပ်ခဲ့ကြသည်။ ဒါ့ကြောင့် နှစ်တွေ ကြာလာသည်နှင့်အမျှ၊ ရာစုတွေ တစ်ခုပြီးတစ်ခု ဖြတ်ကျော်လာပြီးသောအခါ နှုတ်တော်ထွက်တရားတော်သည် ကမ္ဘာတဝှမ်းလုံး၌ ပဲ့တင်ထပ်လာခဲ့ပေတော့သည်။ ခရစ်တော်၏တပည့်များသည်လည်း တိုးပွားလာကာ ကမ္ဘာ့လူဦးရေ အများဆုံးမှာ ခရစ်ယာန်များပင် ဖြစ်လာပေတော့သည်။ ဥရောပတိုက်တစ်ခုလုံးကိုမူ ခရစ်ယာန်များဒေသ (Christian Land) ဟုပင် လူသိများလာခဲ့သည်။
သို့သော်လည်း နှုတ်တော်ထွက်တရားတော်ကို ဟောပြောခြင်းသည် တစ်ကြိမ်တစ်ခါတည်းနှင့် လုပ်ဆောင်ပြီးစီးသည့် အရာမဟုတ်ပေ။ ဤအတိုင်းသာဆိုရလျှင် ယုံကြည်ခြင်းကို လက်ခံရုံမျှနှင့် ရင့်ကျက်ပြီ၊ တစ်သက်စာပြီးပြီဟု ဆိုရလိမ့်မည်။ သို့သ်ာလည်း ဤသို့မဟုတ်ပေ။ ယုံကြည်ခြင်းသည် ဝိညာဉ်၏အသက်ဆိုသည်ထက် ခန္တာ၏အသက်နှင့်ပိုတူသည်ဟု ဆိုရလိမ့်မည်။ ၎င်းသည် ဒီရေကဲ့သို့အတက်အကျတို့ရှိပြီး အတားအဆီးများ၊ အန္တရာယ်များလည်း ၎င်းကို ဝိုင်းရံနေကြသည်။ ထို့ကြောင့် အမြဲတမ်းခွန်အားယူလျက်၊ အမြဲတမ်းပြန်လည်သုံးသပ်ကာ ပျောက်ဆုံးလျှင်ပင် ပြန်တွေ့အောင် ကြိုးစားရပေလိမ့်မည်။
ယုံကြည်ခြင်းလမ်း၌ လျှောက်လှမ်းရာတွင် နေ့စဉ်ပုံမှန်ကြုံတွေ့နေရသော သာမန်အတားအဆီးများ- ဥပမာ-အပြစ်၌ယိမ်းယိုင်ခြင်း၊ အနှောက်ယှက်များ၊ အပြစ်ပြုမိရန် အခွင့်အခါများနှင့် ဖောက်ပြန်ပျက်စီးတတ်သော လူ့သဘောသဘာဝမှ အလားတူအခြအနေများအပြင် တစ်ခါတစ်ရံ ဘုရားသခင်၏လူမျိုးများ၌ရှိသော ယုံကြည်ခြင်းသည် ပြင်ပဖိအားများဖြင့် တိုက်ခိုက်ခံနေရတတ်သည်။ ဤကဲ့သို့သော အကြောင်းတရားများကြောင့် ခရစ်ယာန် အသက်တာအပေါ် နာလည်ခြင်းနှင့် ကျင့်ကြံနေထိုင်ခြင်းတို့မှာ ရှုပ်ထွေးစေပြီး အသင်းတော်၏ ဘဝအသက်တာကိုလည်း တဖြည်းဖြည်းထိခိုက်စေသည်။
ယုံကြည်ခြင်း၏အဓိက ရန်သူမှာ အယူဝါဒလွဲမှားသည့်ဝါဒီ(heresy) ပင် ဖြစ်သည်။ ဆိုလိုသည်မှာ-အသင်းတော်၏ မူရင်းယုံကြည်ချက်ဝါဒီမှ ဆန့်ကျင်ပြီး ဟောပြောသွန်သင်ကြခြင်း၊ ကျင့်ကြံနေထိုင်ကြခြင်း၊ ယုံကြည်ခြင်းကို မိမိစိတ်ထင်သည့်အတိုင်း ထင်ရာစိုင်းကာ နေထိုင်ကျင့်ကြံခြင်းပင် ဖြစ်သည်။ ၎င်းအယူဝါဒလွဲမှားမှုများသည် အသင်းတော်သမိုင်း၌ မကြာခဏ ပေါ်ပေါက်ခဲ့တတ်သည်။ အမိအသင်းတော်၏ သွန်သင်ချက်များကို ဆန့်ကျင်လျက် ဝိညာဉ်များစွာအား စစ်မှန်သည့်ခရစ်ယာန်အယူဝါဒနှင့် ဝေးရာသို့ ဆွဲခေါ်နေကြသည်။
၁၂ ရာစုနှင့် ၁၃ ရာစုနှစ်တို့သည် ဥရောပ၌ ယုံကြည်ခြင်းပြင်းထန်သည့် ရာစုနှစ်များဟု ဆိုရလိမ့်မည်။ တစ်ချိန်တည်းမှာပင် အယူဝါဒလွဲမှားမှုများလည်း ပြန့်နှံ့နေခဲ့ပြီး ဘုရားသခင်၏လူမျိုးများအား ပျက်စီးခြင်းသို့ ဆွဲခေါ်နေကြသည်ကို တွေ့မြင်နိုင်သည်။ တစ်ခုသောဝါဒပျက်မှု မှာ အာဘီဂျန်းစီယမ်း (Albigensian)ဟု ခေါ်သည်။ [၎င်းသည် ပြင်သစ်ပြည်တောင်ပိုင်း၊ လန်ဂွါဒေါ့နယ်၊ အာဘီမြို့မှစတင်သောကြောင့် အာဘီဂျန်းစီယမ်းဟု ခေါ်ရခြင်းဖြစ်သည်။] အာဘီဂျန်းစီယမ်းတို့သည် ရှေးမနီခီယမ်း (Manichaean)တို့ ယုံကြည်ကြသည့်အတိုင်း ဖန်ဆင်းခြင်းနိယာမနှစ်ခုကို ယုံကြည်နေကြသည်။ ဤတစ်ခုသည်ကောင်း၏။ ကျန်တစ်ခုသည်ဆိုး၏။ ထို့အတူ ဝိညာဉ်ရေးသည်အကောင်းတရားဖြစ်သည်။ အခြားလောက ရုပ်ဝတ္ထုများသည် အဆိုးတရားဖြစ်သည်။ လောကရုပ်ဝတ္ထုတိုင်းသည် အဆိုးတရားဖြစ်သည်ဟု ထင်မြင်ယူဆနေပါက လူသားသည် မိမိကိုယ်ကို အဆိုးတရားဦးစီးသော ခန္တာ၏အကျဉ်းထောင်သား ဖြစ်နေတော့မည်။ သူ၏တစ်ခုတည်းသော ကယ်တင်ခြင်းမျှော်လင့်ချက်သည် လောကရုပ်ဝတ္ထုများအားလုံးကို ငြင်းပယ် စွန့်လွှတ်မှသာဖြစ်တော့မည်။ ဒါမှ အကောင်းတရားဖြစ်သည့် ဝိညာဉ်ရေးသက်သက်သာ ဖြစ်တော့မည်ဟု ယူဆကျင့်ကြံခဲ့ကြသည်။ ၎င်းအာဘီဂျန်းစီယမ်းတို့သည် သမ္မာကျမ်းစာ၏ အစိတ်အပိုင်းတစ်ချို့ကို လက်ခံလျက် မိမိတို့ကိုယ်ကို ခရစ်ယာန်များဟု ကြွေးကြော်ကြသည်။ သူတို့၏ ခေါင်းဆောင်များဆိုရင်လည်း ပြီးပြည့်စုံသူများဟု အသိများပြီး ဘုရားသခင်၏စစ်မှန်သော ကိုယ်စားလှယ်သန့်သန့်များဟု မှတ်ထင်ကြသည်။ သူတို့က ခြိုးခြံ၊ ကျင့်ကြံခြင်းအားဖြင့် ဖိနပ်မစီးဘဲလှည့်လည်ကာ သူတို့၏ ခရစ်ယာန်ဂိုဏ်းခွဲ အကြောင်းကိုဟောပြောခဲ့ကြသည်။ ထိုသို့တရားဟောရာတွင် အသင်းတော်၏ အခွင့်အာဏာနှင့် သွန်သင်ချက်များကိုမူ အမြဲတမ်း ဝေဖန်ရှုံ့ချ တိုက်ခိုက်ခဲ့ကြသည်။ ကက်သလစ်သာဝင်များအား သွေးထိုးခဲ့ကြသည်။ သူတို့သွားလေရာတိုင်းမှာ ထိုအတိုင်းပင် ပြုလုပ်နေကြတော့သည်။
ထိုမျှော်လင့်ချက်မဲ့နေသည့် အခြေနေဆိုးကနေ လွတ်မြောက်ပြီး ဘုန်းမြင့်လာမည့် အချိုးအကွေ့ အလှည့်အပြောင်းတစ်ခုသည် အသင်းတော်၏သမိုင်းတွင် ဘုရားသခင်၏ကူညီမစခြင်းဖြင့် ပြန်လည်အသက်ဝင်လာခဲ့လေပြီ။ အဖြစ်ပျက်များသည် ဆက်စပ်မှုမရှိဟု ထင်ရသည်။ သို့သော်လည်း အာဘီဂျန်းစီယမ်းတို့နယ်များမှာ ပြသနာများဖြေရှင်းရန် ပုပ်ရဟန်းမင်းကြီး တတိယမြောက်အင်းနိုးဆင့် (Pope Innocent (III)) အတွက်တော့ စိန်ဒေါမီနစ်ဂူစ်မာန် (St. Dominic of Guzman)သည်၊ ၁၂၀၆ခုနှစ်တွင် ဘုရားသခင်ပို့ခဲ့သော ကူညီမ, စခြင်းပင် ဖြစ်ပေလိမ့်မည်။
၎င်းတာဝန်သည် စိန်ဒေါမီနစ်ထံ မမျှော်လင့်ဘဲ ရောက်လာခဲ့သော်လည်း သူတော်စင်ကြီးကတော့ အဆင့်သင့် ဖြစ်နေသည်ထက်ပင် ပို၍အဆင်သင့် ဖြစ်နေခဲ့သည်။ စိန်ဒေါမီနစ်အား ၁၁၇၀ခုနှစ်တွင် စပိန်နိုင်ငံ၊ကာလယ်ရုအလ်ဂါနယ်ရှိ ရဲတိုက်ဟောင်းတွင် (Caleruega,Spain) မွေးဖွားခဲ့သည်။ ငယ်စဉ်ဘ၀တွင် အနီးနားမြို့ရှိ သူ၏ဦးလေးဘုန်းတော်ကြီးသည် သူ့အား အခြေခံပညာ သင်ပေးခဲ့ပြီး အရွယ်ရောက်လာသောအခါ ဗာလင်စီယာတက္ကသိုလ်တွင် အမည်စာရင်းသွင်းကာ ပညာများ ဆက်လက်ဆည်းပူးခဲ့သည်။ တက္ကသိုလ် ပထမ(၆)နှစ်တွင် လစ်ဘရယ်ဝိဇ္ဇာ ဘာသာရပ်များ(Liberal Arts)ကို လေ့လာဆည်းပူးခဲ့ပြီးနောက် ဘုရားသခင်နှင့် တရားတော် အကြောင်းကို လေ့လာဆည်းပူးရသည့် ဓမ္မသင်္ဂြိုလ်ပညာ(Theology)နှင့် ကျမ်းစာများကို နောက်ထပ် (၄)နှစ်တိတိ ထပ်မံလေ့လာ ဆည်းပူးခဲ့သည်။ ဘုန်းတော်ကြီးတစ်ပါးအဖြစ် သိက္ခာခံယူခဲ့ပြီးနောက်၊ အိုစမာမြို့ရှိ ဘူးရ်ဂိုကက်သီဒြရယ်(Cathedral of Burgo de Osma)တွင် အမြဲတမ်းဝိနည်းတော်ဝင် ရဟန်းတော်များအဖွဲ့၌ ဝင်ရောက်ခဲ့လေသည်။ ဤတွင် စာဂျပိုးဘာသာရေးပါရဂူကြီးသည် ဘာသာရေး၌ တွေးခေါ်ထောက်ရှု့သော သီးသန့်ဘဝဖြင့်နေထိုင်ရင်း တရားသမားပုဂ္ဂိုလ်ကြီး ဖြစ်လာခဲ့ပေတော့သည်။
ထိုကဲ့သို့ ပညာရေးနှင့် ဝိညာဉ်ရေးပိုင်းတွင် နက်နက်ရှိုင်ရှိုင်း ကြိုးစားပြင်ဆင်ပြီးချိန်၊ စိန်ဒေါမီနစ်အသက်(၃၀) ဝန်းကျင်တွင် တမန်တော်တစ်ဦးကဲ့သို့ပင် ဖြစ်လာခဲ့လေသည်။ ဒါဟာ ပုပ်ရဟန်းမင်းကြီး အသိမှတ်ပြုထားသော ဘာသာရေးအသင်းဂိုဏ်းများနှင့် လိုက်လျောညီထွေမှုရှိရုံမကဘဲ သူ့ဘ၀အတွက်လည်း ခေါ်တော်မူခြင်း အသစ် ရရှိခဲ့ခြင်းပင်ဖြစ်သည်။ ဒိုမီနီကန် ရှေးအစဉ်အလာများ၏ ပြောပြချက်မှာတော့ စိန်ပီတာနှင့် စိန်ပေါလူးတို့သည် ရူပါရုံတစ်ခုတွင် သူ့အား တောင်ဝှေးတစ်ချောင်းနှင့် စာအုပ်တစ်အုပ်ပေးခဲ့ပြီး «သွား၍ဟောပြောလော»ဟု မိန့်ဆိုခဲ့ကြသည်။
အာဘီဂျန်းစီယမ်းတို့၏ သွန်သင်ချက်များနှင့် နည်းလမ်းများအား ရင်းနှီးကျွမ်းဝင်လာသောအခါ စိန်ဒေါမီနစ်သည် ၎င်းတို့အား ၎င်းတို့၏နယ်မြေပေါ်မှာပဲ ထိပ်တိုက်ရင်ဆိုင်ရန် ဆုံးဖြတ်ချက် ချခဲ့လေသည်။ သမ္မာကျမ်းစာတော်များ၊ ဓမ္မသင်္ဂြိုလ်ပညာ(theology)နှင့် အသင်းတော်၏ သမိုင်းကြောင်းများကို လူထုစကားရည်လုပွဲများ ပြုလုပ်ပြီး ရိုစင်းသောလူများအား အယူဝါဒ ရှုပ်ထွေးစေသည့် ဤဘာသာဝါဒပျက်များ၏ မျက်နှာဖုံးများကို ခွာချပေးခဲ့သည်။ ဒါတင်မကဘဲ ခြေလျင်ခရီးနှင်လျက် ဆင်းရဲခြိုးခြံခြင်း၌ လုံးဝနေထိုင်ခဲ့သည်။ ထို့အပြင် တရားတော်အရ နှိမ့်ချခြင်းဆိုသည်မှာ လူအများအထင်ကြီးစေခြင်းငှာ ကျင့်ကြံပြသည့် အပေါ်ယံသက်သက် မဟုတ်ဘဲ တကယ့်ကို နှလုံးသားမှလာ၍ ခရစ်တော်အား ရိုးရှင်းစွာအတုယူ ကျင့်ကြံခြင်းသာ ဖြစ်ကြောင်းပြသခဲ့သည်။
သူ့ဘဝတွင်ကြုံတွေ့လာမည့် အန္တရာယ်များအတွက်ပင် သူရဲ့လမ်းစဉ်က အတော်လေးကို အောင်မြင်နေခဲ့သည်။ အန္တရာယ်တိုင်းကိုလည်း ကြိုတင်ပြင်ဆင်ထားလေ့ရှိသော လူတစ်ယောက်၏ နှလုံးသားကဲ့သို့ စိတ်အေး သက်သာစွာနှင့် တည်တည်ငြိမ်ငြိမ် ၀မ်းမြောက်ဝမ်းသာ ရင်ဆိုင်ခဲ့လေ့ရှိသည်။ ဖြစ်နိုင်ရင် တရားတော်နှင့် အသင်းတော်အတွက် မိမိအသက်ကိုပင်ပေးဖို့ အဆင်သင့်ရှိသည့်တိုင်အောင် စိတ်အားထက်သန်ခဲ့သည်။
သူ၏တစ်ကိုယ်တော် ကြိုးပမ်းဆောင်ရွက်မှုတို့သည် မည်မျှပင် အောင်မြင်နေခဲ့ပါစေ၊ ၎င်းတာဝန်ကို တစ်ဦးတည်း လုပ်ဆောင်ဖို့ဆိုသည်မှာ အင်မတန်လေးသောဝန်တစ်ခုဆိုတာ သိသာလာခဲ့သည်။ တရားဟော ရဟန်းတော်များ ပို၍လိုအပ်လာခဲ့သည်။ တရားဟောရဟန်းတော်များလည်း စိန်ဒေါမီနစ်ကဲ့သို့ စိတ်ထားရှိခဲ့ကြသည်။ နေ့ရက်တို့ ဖြတ်သန်းလာသည်နှင့်အမျှ အချို့လူငယ်များလည်း သူနှင့်အတူ ပူပေါင်း၍ လတ်တလော တာဝန်အတွက် ပေးဆပ်ခဲ့ကြသည်။ တရားဟောသူတော်စင်များအဖွဲ့အစည်းတစ်ခုကို တည်ထောင်ခဲ့ကြသည်။ ဤသည်မှာ ဒိုမီနီကန်အသင်းဂိုဏ်း စတင်ပေါ်ပေါက်လာပုံပင်ဖြစ်သည်။ တရားဟောသူတော်စင်များအသင်းဂိုဏ်း (Order of Preachers)ဆိုသည့် အသင်းဂိုဏ်း၏အမည်မှာ ပုပ်ရဟန်းမင်းကြီး တတိယမြောက်သြောနောရီးအုစ် (Pope Honorius (III)) ပေးခဲ့သာ တရားဝင်အမည်ဖြစ်ပြီး ဒိုမီနီကန်ဆိုသည်မှာ စိန်ဒေါမီနစ်၏ နောက်လိုက်များကို ခေါ်ဝေါ်ခြင်းဖြစ်သည်။ အသင်းဂိုဏ်းကြီးသည် အတက်အလက်ခွဲများမွေးဖွားပေးခဲ့သည်ကိုလည်း သိထားစေချင်သည်။
(၁) Friars (Priests and brothers) (ရဟန်းတော်များနှင့် ကိုရင်များ)
(၂) Contemplative Nuns (တရားထောက်ရှုသော သီလှရှင်များ)
(၃) Sisters of the Active- life (အမှုထမ်းနေသော သီလှရှင်များ/စစ္စတာများ)
(၄) Lay Dominicans (သာမန်လူဝတ်ကြောင်ဒိုမီနီကန်များ)
(၅) Secular Institutes and Confraternities (အခြားသီးသန့်အဖွဲ့အစည်းများနှင့် ပညာရေးအဖွဲ့အစည်းများ) ဟူ၍ အသင်းဂိုဏ်းကြီးအတွင်း အတက်အလက်ခွဲများ ရှိကြသည်။ ၎င်းတို့အားလုံးကို ပေါင်းစပ်၍ ဒိုမီနီကန်မိသားစုဟု ခေါ်ဆိုသည်။
(၂) Contemplative Nuns (တရားထောက်ရှုသော သီလှရှင်များ)
(၃) Sisters of the Active- life (အမှုထမ်းနေသော သီလှရှင်များ/စစ္စတာများ)
(၄) Lay Dominicans (သာမန်လူဝတ်ကြောင်ဒိုမီနီကန်များ)
(၅) Secular Institutes and Confraternities (အခြားသီးသန့်အဖွဲ့အစည်းများနှင့် ပညာရေးအဖွဲ့အစည်းများ) ဟူ၍ အသင်းဂိုဏ်းကြီးအတွင်း အတက်အလက်ခွဲများ ရှိကြသည်။ ၎င်းတို့အားလုံးကို ပေါင်းစပ်၍ ဒိုမီနီကန်မိသားစုဟု ခေါ်ဆိုသည်။
ဒိုမီနီကန်အသင်းဂိုဏ်းသည် ကက်သလစ်အသင်းတော်ကြီးအတွင်း တည်ရှိသော ဘာသာရေးအသင်းဂိုဏ်းကြီး (Order) တစ်ခုဖြစ်သည်။ အခြားအသင်းဂိုဏ်းကြီးများနည်းတူ အခြေခံရည်မှန်းချက် ဖြစ်သည့် “ခရစ်တော်နောက်သို့ လိုက်ခြင်း” ၌ ဆင်းရဲခြင်း၊ ဖြူစင်ခြင်းနှင့် နာခံခြင်း သစ္စာသုံးပါးကို ခံယူလျက် ကျင့်ကြံခြင်းနေထိုင်ကြသည်။ တရားဟောအသင်းဂိုဏ်းကြီးဖြစ်သည့်အလျောက် တရားဟောခြင်းသည် အကျွန်ုပ်တို့၏အဓိကနှင့် အထူးရည်းမှန်းချက် ပန်းတိုင်ဖြစ်သည်။
အမှန်တော့ အသင်းဂိုဏ်းတည်ထောင်ခဲ့ခြင်းမှာ အသင်းတော်အတွင်း၌ အသစ်မွမ်းမံခြင်းပင် ဖြစ်ပေသည်။ ထိုခေတ်အချိန်ကာလ၌ တရားဟောခြင်းအခွင့်အာဏာသည် ဆရာတော်များ၌သာရှိ၍ အထူးခန့်အပ်ခံရသော အချို့ရဟန်းအနည်းငယ်သာလျှင် တရားဟောပြောခွင့်ကို ရရှိခဲ့ကြသည်။ ထို့ကြောင့် စိန်ဒေါမီနစ်သည် တရားဟော သူတော်စင်များအသင်းဂိုဏ်း(Order of Preachers)ကို တည်ထောင်ရန် လျှောက်တင်သောအခါ အသင်းဂိုဏ်းအား ဆရာတော်များဖြင့် ဖွဲ့စည်းမည်လောဟု မေးမြန်းခံခဲ့ရဖူးသည်။ သို့သော်လည်း စိန်ဒေါမီနစ်သည် မေးမြန်းခံခဲ့ရသည့်အတိုင်း အသင်းဂိုဏ်းကို ဆရာတော်များဖြင့် ဖွဲ့စည်းခဲ့ခြင်းမဟုတ်ဘဲ အကျွန်ုပ်တို့ ယနေ့ မြင်တွေ့ကြရသည့်အတိုင်း အသင်းဂိုဏ်းအား ရဟန်းတော်များနှင့်ပင် ဖွဲ့စည်းခဲ့သည်။ ပုပ်ရဟန်းမင်းကြီးသည်လည်း စိန်ဒေါမီနစ်၏အယူအဆကို လက်ခံခဲ့၍ ထိုအတိုင်း တည်ထောင်ရန် အတည်ပြုပေးခဲ့သည်။
ဒီတော့ ဒိုမီနီကန်သူတော်စင်များဆိုသည်မှာ ဘုရားသခင်၏နှုတ်တော်ထွက် တရားတော်ကို ဟောပြော သွန်သင်ရန် စေလွတ်ခံရသူများဖြစ်သည်။
ဒိုမီနီကန်ကိုရင်
dom.koyin@gmail.com
Thursday, October 11, 2018
ဆာလ်ဗာဒေါနိုင်ငံ၏ သူရဲကောင်း ဆရာတော်ကြီး အောစကာရိုမဲရို
တနင်္ဂနွေနေ့ (၁၄.၁၀.၂၀၁၈)နေ့တွင် အသင်းတော်ကြီးက အသိမှတ်ပြု တင်မြှောက်ပေးမယ့် ရဟန္တာ (saint) ၆ပါးထဲတွင် လာတင်အမေရိကရှိ ဆာလ်ဗာဒေါနိုင်ငံရဲ့ သူရဲကောင်း ဆရာတော်ကြီး အောစကာရိုမဲရိုလည်း ပါဝင်ပါတယ်။ ဆရာတော်ကြီးဟာ ဆာလ်ဗာဒေါနိုင်ငံရဲ့ ပထမဆုံး ရဟန္တာ (saint) ဖြစ်လာမှာပါ။
ဆရာတော်ကြီးအောစကာရိုမဲရိုကို ၁၉၁၇ ခုနှစ်ရဲ့ သြဂုတ်လ ၁၅ ရက်နေ့ ၊ မယ်တော်သခင်မကောင်းကင်ဘုံသို့ ပင့်ဆောင်ခံရခြင်းပွဲနေ့မှာ မွေးဖွားခဲ့တာပါ။ ဆရာတော်ကြီးအနေဖြင့် ဆင်းရဲမွဲတေမှု၊ လူ့အဖွဲ့အစည်းရဲ့ မတရားမှု၊ လုပ်ကြံသတ်ဖြတ်မှုတွေနှင့် ညှင်းပမ်းနှိပ်စက်မှုတွေကို ဆန့်ကျင့်ဟောပြောလေ့ရှိပါတယ်။ အဲဒီအချိန်အခါက ဆာလ်ဗာဒေါနိုင်ငံဟာ နိုင်ငံရေး ရှုပ်ထွေးပြီး ပြည်တွင်းပုန်ကန်မှုတွေနဲ့ ပြည့်နေတဲ့အချိန်ဖြစ်ပါတယ်။ လက်ဝဲ-လက်ယာ တပ်တွေနဲ့ အချင်းချင်း လုပ်ကြံသတ်ဖြတ် ညှင်းဆဲနေကြတဲ့အချိန်လည်းဖြစ်ပါတယ်။ ထိုအထဲမှာ ဘုန်းကြီးတွေကိုယ်တိုင်လည်း ပါဝင်နေပါတော့တယ်။ အချို့ဘုန်းကြီးတွေဟာ Maxist အတွေးအခေါ်တွေကို ထောက်ခံပြီး ကွန်မြူနစ်ဆန်လာခဲ့ကြပါတယ်။ နိုင်ငံ့အခြေအနေက တဖြည်းဖြည်းနဲ့ ဆိုးရွာလာတဲ့အချိန်ပါပဲ။ လူ့အခွင့်အရေးချိုးဖောက်မှုတွေကလည်း ပိုပိုဆိုးလာပြီး နောက်ဆုံး တော်လှန်ရေးအစိုးရတက်လာတဲ့အခါ လုံးဝဆိုးရွားလာခဲ့ပါတယ်။ အမေရိကန်အစိုးရကိုလည်း လက်နက်ထောက်ပံ့ပေးခဲ့လို့ ဆရာတော်ကြီးက ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
ဆရာတော်ကြီးရဲ့ လူမှု့အကျိုးပြုလုပ်ငန်းတွေမှာ အင်တိုက်အားတိုက် လုပ်လာတဲ့အတွက် ကမ္ဘာကသိလာခဲ့ပါတော့တယ်။ တချိန်တည်းမှာပဲ ဆင်းရဲသားတွေအတွက် ရပ်တည်ပေးတဲ့ အသင်းတော်ကိုလည်း အစိုးရက ညှင်းပမ်းနှိပ်စက်ပါတော့တယ်။ ဒါပေမယ့် ဆရာတော်ကြီးကတော့ မကြောက်မရွံ့ သတ္တိရှိရှိနဲ့ အမှန်တရားအတွက်၊ တရားမျှတမှုအတွက်၊ နိုင်ငံတော် ပြေငြိမ်းရေးအတွက် ဆက်လက်ကြိုးပမ်းခဲ့ပါတယ်။
ဆရာတော်ကြီးက "ဘုရားသခင်၏အလိုတော်ကို ဆန့်ကျင့်သည့်အမိန့်မျိုးကို မည်သည့်စစ်သားမျှ နာခံရန် တာဝန်ဝတ္တရားမရှိ။" ဟုပြောဆိုခဲ့ပါတယ်။
ဆရာတော်ကြီး ရိုမဲရိုဟာ မစ္ဆားတရားဟောနေစဉ်မှာပဲ လက်ယာဘက် အစွန်းရောက်တို့ရဲ့ လက်နက်ကိုင်တစ်စု ၀င်ရောက်လာကာ ဆရာတော်ကြီးရဲ့ နှလုံးသားတည့်တည့်ကို ပစ်သပ်ခဲ့ပါတယ်။ ထိုမစ္ဆားအတွင်း သူ၏သြ၀ါဒမှာ "တစ်ဦးတစ်ယောက်ဟာ သမိုင်းက တောင်းဆိုလာတဲ့အခါ မိမိအသက်အန္တရယ်တွေကို ရှောင်ဖို့အတွက် မိမိကိုယ်ကို မိမိမချစ်ရဘူး။ အဲဒီအန္တရာယ်ကို ရှောင်တဲ့သူဟာ အသက်ဆုံးရှုံးရလိမ့်မယ်။"
ဒီလိုပဲ သမိုင်းက မိမိအသက်ကို စွန့်စားဖို့အထိ တောင်းဆိုလာတဲ့အခါ အမှန်တရားနှင့် တရားမျှတမှုအတွက်၊ အစွန်းရောက်တွေကို ဟောပြောသက်သေခံရင်း ဆရာတော်ကြီးလည်း နှလုံးသားတည့်တည့် ကျည်မှန်လို့ ရဲရဲဝံ့ဝံ့အသက်ပေးခဲ့ပါတယ်။ ဆာလ်ဗာဒေါနိုင်ငံရဲ့ သူရဲ့ကောင်းကြီး ဓမ္မအာဇာနည်ကြီးပါ ....
****Saint Oscar Romero, pray for us!****
****Saint Oscar Romero, pray for us!****
လေးစားဂုဏ်ပြုလျက်
ဒိုမီနီကန်ကိုရင်
ဒိုမီနီကန်ကိုရင်
dom.koyin@gmail.com
Wednesday, October 10, 2018
ပုပ်ရဟန်းမင်းကြီးဆဌမမြောက် ပေါလူး။- ရဟန္တာ (saint)အဖြစ်သို့
လာမည့် တနင်္ဂနွေနေ့အတွက် ဗာတီကန်ရင်ပြင်တော်ကြီးက အဆင်သင့် ဖြစ်နေပါပြီ။ ကမ္ဘာတ၀ှမ်းမှ လူပေါင်းများစွာကလည်း အဲဒီနေ့ကို ၀မ်းမြောက်ဝမ်းသာနဲ့ စောင့်နေကြပါပြီ။ ဘာကြောင့်လဲဆိုတော့ အဲဒီနေ့မှာ ပုပ်ရဟန်းမင်းကြီးဖရန်စစ်က သူတော်စင် (Blessed) ၆ပါးကို ရဟန္တာ (saint)အဖြစ် ကမ္ဘာတ၀ှမ်းလုံးကို ကြေငြာပေးပါတော့မယ်။ အဲဒီလို ရဟန္တာတင်မြှောက်ခံရမယ့် သူတော်စင်များထဲမှာ ကမ္ဘာကြီးမမေ့နိုင်သေးတဲ့ ပုပ်ရဟန်းမင်းကြီး ဆဌမမြောက်ပေါလူးနှင့် လာတင်အမေရိကရှိ ဆာလ်ဗာဒေါနိုင်ငံ၏ သူရဲကောင်း ဆရာတော်ကြီး အောစကာရိုမဲရိုတို့ ပါဝင်ပါတယ်။
ပုပ်ရဟန်းမင်းကြီး ဆဌမမြောက်ပေါလူးဟာ အသင်းတော်ကြီးရဲ့ ခေတ်သစ်ခြေလှမ်းကြီးဖြစ်တဲ့ ဒုတိယ-ဗာတီကန်ညီလာခံကြီးကို ၁၉၆၃-၁၉၆၅ မှာ ဦးဆောင်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးဖြစ်ပါတယ်။ အသင်းတော်အတွင်း ပြုပြင်ပြောင်းလဲရေးများစွာကို ခေတ်နှင့်အညီ ပြုလုပ်ပေးခဲ့ပြီး ၁၉၆၅ ခုနှစ်မှာ ညီလာခံကြီးကို အောင်မြင်စွာ ပိတ်ပေးခဲ့တဲ့ အရှင်သူမြတ်ကြီးလည်း ဖြစ်ပါတယ်။
အရှင်သူမြတ်ကြီးကို အပြန်အလှန်နှီးနှောဖလှယ်သူ (Dialogue) ပုပ်ရဟန်းမင်းကြီးလို့ သမုသ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အရှင်သူမြတ်ကြီးရဲ့Ecclesiam Suam စာချွန်တော်ထဲမှာ အသင်းတော်ကို ကမ္ဘာကြီးနှင့် အပြန်အလှန်နှီးနှောဖလှယ်မှုရှိတဲ့ အသင်းတော်ကြီး ဖြစ်စေချင်တယ်လို့ ဆိုခဲ့ပါတယ်။ ဒီ့အတွက်လည်း အရှင်သူမြတ်ကြီးက အင်တိုက်အားတိုက် ကြိုးပမ်းခဲ့ပါတယ်။ ကမ္ဘာကြီးနှင့်နှီးနှောဖလှယ်ပေမယ့် အမှန်တရားနှင့် အသင်းတော်ရဲ့သွန်သင်ချက်တွေကတော့ လူ့အလိုလိုက်ပြီး ပြောင်းလဲလို့မရပါ။ ဒီ့အတွက် အတုအပတွေသုံးပြီး သန္ဓေတားခြင်းကိုတော့ လုံးဝဆန့်ကျင့်ခဲ့ပါတယ်။ ၁၉၆၈ ခုနှစ်တွင် Humanae Vitae ဆိုတဲ့ အဓိပ္ပာယ်ရှိလှတဲ့ စာချွန်တော်ကို ရေးသားခဲ့ပါတယ်။ တကယ်တော့ အရှင်သူမြတ်ကြီးခေတ်ကာလဟာ အခက်အခဲမျိုးစုံနဲ့ စိန်ခေါ်မှုတွေ ပြင်းထန်လွန်တဲ့အချိန်ဖြစ်ပါတယ်။ ဒါပေမယ့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်မိန့်ဆိုသလိုပဲ - ပုပ်ရဟန်းမင်းကြီးဆဌမမြောက်ပေါလူးဟာဆိုရင် အခက်ခဲမျိုးစုံကြားမှာ တရားတော်ကို ဘယ်လိုသက်သေခံရမယ်ဆိုတာ သိတဲ့ပုဂ္ဂိုလ်ကြီးပါပဲ။ ပုပ်ရဟန်းမင်းကြီး ဘက်နက်ဒစ် (၁၆)ကတော့ အရှင်သူမြတ်ကြီးကို Superhuman ...စူပါလူသားပဲလို့ ချီးကျူးခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်က အရှင်သူမြတ်ကြီး မိန့်ခဲ့၊ ဟောခဲ့သမျှ ဒီနေ့ဖြစ်ပျက်နေတာပါတယ်။ ဒါ့ကြောင့် အရှင်သူမြတ်ကြီးကို ပရော်ဖက်ကြီးလို့လဲ ခေါ်ဆို သမုသ်ကြပါသေးတယ်။
ဒိုမီနီကန်ကိုရင်
dom.koyin@gmail.com
Friday, October 5, 2018
၂၇ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့
ဘုရားသခင်ဖက်စပ်တော်မူသောအရာကို လူသည်မခွဲခွာစေနှင့်။သံမာကု ၁၀း၂-၁၆။
သာမန်အားဖြင့်ကြည့်မယ်ဆိုရင်တော့ ဒီနေ့ဖတ်ရှု့ရတဲ့ဧ၀ံဂေလိတရားတော်မှာ လက်ထပ်ထိမ်းမြှားခြင်းအကြောင်း ထောက်ပြသွန်သင်ထားခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့တရားတော်ဟာ လက်ထပ်ထိမ်းမြှားခြင်းဆိုင်ရာသွန်သင်ချက်ထက် ပိုပြီးနက်ရှိုင်းပါတယ်။
ဒီနေ့ဧ၀ံဂေလိတရားတော်အား ဖတ်ရှု့မိတဲ့အခါ ဥပဒေနှင့် တရားတော်ဟူ၍ ကွဲပြားခြားနားစွာတွေ့နိုင်ပါတယ်။ ပထမ ဥပဒေဆိုသည်မှာ လူတစ်ဦးတစ်ယောက်အား အကန့်အသပ်တစ်ခုထိသာ ဖြောင့်မတ်စေပါတယ်။ ဒါပေမယ့် တရားတော်မူကား လူတစ်ဦးတစ်၏ ဖြောင့်မတ်ခြင်းအား ပြီးပြည့်စုံစေပါတယ်။ ဒါ့ကြောင့်လည်း ခရစ်တော်သခင်ကို ဖာရီဇေဦးတို့က အကောက်ကြံ၍ လင်မယားကွာရှင်းအပ်သလောဟု မေးမြန်းကြရာတွင်ခရစ်တော်က ပထမ မိုးဇယ်ရဲ့ဥပဒေကို ထောက်ပြခဲ့ပါတယ်။ နောက်မှ တရားတော်ကို ညွှန်ပြခဲ့ပါတယ်။
မိုးဇယ်၏ဥပဒေမှာ လင်ယောက်ျားဖြစ်သူမှ အစပြု၍ ဖြတ်စာရေးကာ မိမိမယားအား ကွာရှင်းခွင့်ပြုပါတယ်။ ဒါ့ကြောင့် ဥပဒေအရကြည့်ရင် လင်မယားကွာရှင်းတာ တရားဝင်ပါတယ်။ ကျွန်တော်တို့လူမှု့အသိုင်းအ၀ိုင်းမှာ ဒီလိုသာဓကတွေ အများကြီးပါ။ တရားရုံးမှာ လက်ထပ်၍ တရားဝင်လက်ထပ်ထိမ်းမြှားခြင်းဖြစ်သလို၊ တရားရုံးမှာကွာရှင်း၍လည်း ဥပဒေနဲ့ ညီလျှင် တရားဝင်ပါတယ်။ ဒါပေမယ့်လည်း ဤဥပဒေအရဆိုတာတွေဟာ လူတွေရဲ့နှလုံးသားတွေ မာကြောခြင်းကြောင့်ဖြစ်ရသည်ဟု ခရစ်တော်သခင်က ထောက်ပြခဲ့ပါတယ်။
ခရစ်တော်သခင်၏ တရားတော်မှာတော့ ဘုရားသခင်၏မူလ စီမံကိန်းကိုထောက်ပြခဲ့ပါတယ်။ လူယောက်ျားနှင့် လူမိန်းမတို့ဟာ ဘုရားသခင်ဖန်ဆင်းကတည်းကပင် တစ်ဦးကိုတစ်ဦး ပြည့်စုံစေကြပြီး အပြန်အလှန်မှီခိုကြရင်း နှစ်ဦးသည်တစ်သားတည်းဖြစ်ရပါတယ်။ ဒါ့ကြောင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားဆက်ဆံ၍ သစ္စာရှိရှိဖြင့် တရားတော်နှင့်ညီသော အိမ်ထောင်စု၊ မိသားစု တစ်ခုကိုတည်ထောင်အစပျိုးရင်း လူ့အသိုင်းအ၀ိုင်းတစ်ခုလုံးထိ တိုးတက်စေရပါတယ်။ လူ့သားအသိုင်းအ၀ိုင်းတစ်ခုလုံး၏ အရင်းအမြစ်ဟာ ဒီမိသားစုလေးက စတင်တာပါ။
ဒီမိသားစုလေးတွေပျက်စီးခြင်းဟာ ၎င်းထက်ကြီးမားတဲ့ လူ့အသိုင်းအ၀ိုင်းကြီးပျက်စီးရာ လမ်းစဖြစ်နေပါလိမ့်မယ်။ ပျက်စီးနေတဲ့ မိသားစုမှ ပေါက်ဖွားလာတဲ့ ကလေးငယ်များဟာလည်း အနာဂတ်မှာ စိတ်ပိုင်းဆိုင်ရာ၊ လူမှု့ရေးဆိုင်ရာ၊ ၀ိညာဉ်ရေးဆိုင်ရာ ခြိုးတဲ့တဲ့ လူငယ်များဖြစ်လာစေပြီး ပတ်ဝန်းကျင်နှင့်အသိုင်းအ၀ိုင်းကို ဆုတ်ယုတ်စေပါတယ်။ ကျန်းမာပျော်ရွှင်တဲ့မိသားစုတစ်ခုဟာ အချင်းချင်းနားလည်ပေးတတ်သည့် မိဘနှစ်ပါး၊ အချင်းချင်း အပြန်အလှန်လေးစားဆက်ဆံတတ်သည့် မိဘနှစ်ပါး၊ အချင်းချင်း တစ်ဦးဟာတစ်ဦးအတွက် အသင့်ရှိနေတတ်သည့် မိဘနှစ်ပါး၊ အချင်းချင်းလက်ချင်းဆက်၍ ဆုတောင်းတတ်တဲ့ မိဘနှစ်ပါးတို့ပေါ်မှာ အများကြီးမူတည်ပါတယ်။ ဆုတောင်းခြင်းမှာ စည်းလုံးတဲ့မိသားစုဟာ အမြဲအတူတကွစည်းလုံးနေပါတယ်။ တရားရှိတဲ့မိသားစုမှာ ဘုရားရှိပါတယ်။ ဘုရားရှိတဲ့မိသားစုမှာ မေတ္တာတရားတို့ရှိပါတယ်။ မေတ္တာတရားရှိတဲ့မိသားစုမှာ ပြည့်စုံတဲ့ဘ၀၊ ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘ၀တို့ ရှိနေပါတယ်။
ဒီနေ့ ခေတ်ကာလမှာ ဟိုတရားရုံးက ဥပေဒေထုတ်လိုက်၊ ဒီတရားရုံးက ဥပဒေထုတ်လိုက်နဲ့ ဥပေဒေနှင့်ညီစေသလိုလိုဖြစ်တဲ့ လက်ထပ်ထိမ်းမြှားခြင်းတွေ ကမ္ဘာအနှံ့ပေါ်ပေါက်နေပါတယ်။ ဒါပေမယ့်လည်း ဒီအရာတွေကို ဥပဒေထက် ခပ်မြင့်မြင့် တရားလမ်းစဉ်နဲ့ စဉ်းစားထောက်ရှု့ကြမယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့နှလုံးသားတွေလည်း ဥပဒေတစ်ခုရဲ့ အကန့်အသပ်ဖြင့်သာ ဖြောင့်မတ်မှန်ကန်ကြမည်မဟုတ်တော့ဘဲ တရားတော်အရ ဖြောင့်မတ်မှန်ကန်လာကြမှာဖြစ်ပြီး ပြည့်စုံခြင်းသို့ရောက်စေမှာဖြစ်ကြောင်း ဒီနေ့ဧ၀ံဂေလိတရားတော်အား ထောက်ရှု့ဝေငှလိုက်ပါတယ်။
ဒိုမီနီကန်ကိုရင်
Monday, October 1, 2018
စိတ်ပုတီး၏လမြတ် အောက်တိုဘာ
အသင်းတော်၏၀တ်ပြုရာပြကဒိန်ထဲတွင် အောက်တိုဘာလ (၇)ရက်နေပသည် စိတ်ပုတီး၏သခင်မပွဲနေ့ ဖြစ်သည်။ ဤပွဲတော်အား လက်ပန်တိုစစ်ပွဲတွင် စိတ်ပုတီး၏တန်ခိုးတော်အားဖြင့် အောင်နိုင်ခဲ့ခြင်းကို အောက်မေ့သတိရလျက် ကျင်းပခြင်းဖြစ်သော်လည်း စိတ်ပုတီး၏ တန်ခိုးအစွမ်းသည် ခေတ်အဆက်ဆက်နှင့် ယုံကြည်စွာဆုတောင်းသည့် လူမျိုးတကာတို့အပေါ် အကျိုးသက်ရောက်မှုရှိသည်ကို အစဉ်နှိုးဆော် ကျင်းပခြင်းလည်းဖြစ်သည်။ ထို့အပြင်း စိတ်ပုတီးစိတ်ခြင်းဖြင့် အထူးဆုတောင်းကြဖို့ အောက်တိုဘာလ တစ်လလုံးကိုလည်း အပ်နှံထားပေသည်။
အောက်တိုဘာလသည် စိတ်ပုတီးစိတ်ဖို့ အကောင်းဆုံးလဟု ဆိုရပေမည်။ သို့သော် တစ်နှစ်ပတ်လုံး အမြဲစိတ်ကြဖို့ အားပေးလျက်ရှိသည်။ စိတ်ပုတီးစိတ်၍ဆုတောင်းခြင်းသည် ကျွန်ုပ်တို့ကို အမှန်တကယ် ငြိမ်းချမ်းစေသလို၊ ဖြူစင်သန့်ရှင်းစေသည်။ မကောင်းသောအရာများ ပြောင်းလဲလာဖို့ စိတ်ပုတီးစိတ်၍ဆုတောင်းခြင်းဟာ အကောင်းဆုံးလက်နက်တစ်ခု ဖြစ်သည်။ စိတ်ပုတီးစိတ်ခြင်းသည် ဘုရား၏မယ်တော် မွန်မြတ်သော ကညာစင်မာရိယာအား အထူးသဒ္ဓါကြည်ညိုခြင်းပေးရာဖြစ်သလို၊ ယေဇူးဘုရားရှင်၏ ဘ၀အကြောင်းရာကိုလည်း ကမ္မဌာန်းရှုရာ ရောက်သည်။
စိတ်ပုတီးစိတ်၍ ဧ၀ံဂေလိကျမ်းအား ကမ္မဌာန်းထောက်ရှု ဆုတောင်းခြင်းသည် ကျွန်ုပ်တို့အား မှားယွင်းသောသွန်သင်ချက်တွေမှ ကာကွယ်ပေးသည်။ အသင်းတော်အား ရန်သူမျိုးစုံ၏ တိုက်ခိုက်မှုမျိုးစုံမှ ကာကွယ်ပေးသည်။
စိတ်ပုတီး၏လမြတ်တွင် မိသားစုနှင့် စိတ်ပုတီးစိတ်၍ ဆုတောင်းသင့်သည်။ မိမိတို့၏သားသမီးငယ်များကိုလည်း ဤဆုတောင်းနည်းမှာ စံနမူနာပြ၍ ဆွဲခေါ်သင့်သည်။ အခါအားသင့်လျှင် အိမ်နီးချင်းတွေပါ စုပြီး စိတ်ပုတီးစိတ်ဆုတောင်းသင့်သည်။
အသင်းတော်ကြီးအတွက်၊ အသင်းတော်အတွင်း ဦးဆောင်မှုပြုနေသော ပုပ်ရဟန်းမင်းကြီးနှင့် ဆရာတော်ကြီးများအတွက်၊ ရဟန်းတော်များအတွက်၊ သီလှရှင်များအတွက် ဆုတောင်းပေးသင့်သည်။ သူတို့တတွေလည်း သင်တို့၏ဆုတောင်းမေတ္တာ အထူးလိုအပ်သူများဖြစ်သည်ကို မမေ့သင့်ပေ။
အောက်တိုဘာလ (၇)ရက်နေ့၊ စိတ်ပုတီး၏သခင်မပွဲနေ့ မစ္ဆားပူဇော်ခြင်းမှာ ပါဝင်သင့်သလို၊ အောက်တိုဘာလ (၁၃)ရက်နေ့ ဖာတီမာမြို့လေးမှာ မယ်တော်သခင်မ၏ နောက်ဆုံးရူပါရုံပြသည့်နေ့ကို သတိရအောက်မေ့သင့်သည်။
အခါအားသင့်သလို မိမိဘာသာလည်း စိတ်ပုတီးစိတ်၍ ဆုတောင်းသင့်သည်။
ဒိုမီနီကန်ကိုရင်
Tuesday, June 26, 2018
အာပတ်ဖြေခြင်းစက္ကရမင်တူးရဲ့ ချိပ်တံဆိပ်ကိုဖြေဖို့ထက် ထောင်နန်းစံဖို့သာပို၍ ဆန္ဒရှိပါတယ်
သြစတြေးလျရှိ အာဏာပိုင်တွေနဲ့ နယ်ပိုင်တွေဟာ ကက်သလစ်ဘုန်းတော်ကြီးများကို လိင်ပိုင်းဆိုင်ရာတွေနဲ့ဆက်စပ်တဲ့အမှုတွေမှာ အာပတ်ဖြေလာတဲ့သူတွေရဲ့ အပြစ်တွေကို ထုတ်ဖော်ပြောပြဖို့အတွက် အာပတ်ဖြေခြင်းစက္ကရမင်တူးရဲ့ ချိပ်တံဆိပ်ကိုဖြေခိုင်းဖို့ ဥပဒေပြဌာန်းတော့မယ်လို့ ဆိုလာပါတယ်။
ဒီအတွက် ကက်သလစ်ဘုန်းတော်ကြီးများက အာပတ်ဖြေခြင်းစက္ကရမင်တူးရဲ့ ချိပ်တံဆိပ်ကိုဖြေဖို့ထက် ထောင်နန်းစံဖို့သာပို၍ ဆန္ဒရှိတယ်လို့ ဖြေကြပါတယ်။
သိပ်ကိုမှန်ကန်တဲ့အဖြေပါပဲ။ ကျနော်တို့ ယုံကြည်သူကက်သလစ်ခရစ်ယာန်တွေအတွက် အာပတ်ဖြေခြင်းဆိုတာ လူ-လူချင်း ရင်ဖွင့်နေကြတာ မဟုတ်ပါဘူး။ ဘုရားသခင်ဆီမှာ ၀န်ချတောင်းပန်ပြီး မိမိကိုယ်ကို ရင်ဖွင့်ပြီး အပြစ်ဖြေခြင်းတောင်းဆိုတဲ့ စက္ကရမင်တူးတစ်ပါးဖြစ်ပါတယ်။ ဘာသာတရားတစ်ခုမှာ တချို့အရာတွေကို သာမန်အားဖြင့် ရှုမြင်လို့ရပေမယ့် ယုံကြည်သူတွေသာလျှင် နားလည်လက်ခံနိုင်တဲ့ နက်ရှိုင်းတဲ့အရာတွေ ရှိပါတယ်။ ဘာသာတရားတစ်ခုကို undermind, ခပ်လွယ်လွယ်လေး မြင်လို့မရပါဘူး။ ဒါကို အစိုးရမင်းလုပ်သူတွေ ပိုပြီး နားလည်ကြရပါလိမ့်မယ်။ ၎င်းတို့ဟာ နိုင်ငံရေးရှုထောင့်ကနေ ကြည့်ပြီး ယုံကြည်သက်ဝင်မှု ဘာသာတရားတွေနဲ့ ရင်ဆိုင်ဖြေရှင်းကြရတော့မယ်ဆိုရင် အဲဒီဘာသာတရားတစ်ခုအကြောင်း ထယ်ထယ်ဝယ်ဝယ်သိဖို့တော့ လိုပါလိမ့်မယ်။
ဒီနေ့ခေတ် လူသားတွေရဲ့ မိမိတို့လိုချင်တဲ့အရာတိုင်းကို ဥပဒေနဲ့ချုပ်ကိုင်နေကြတာ မှားနေပါတယ်။ ဒီနေ့ခေတ် လွတ်လပ်မှုဆိုတာဟာ ငါရဲ့လွတ်လပ်ခွင့်ဟာ ငါ့ရဲ့ဆုံးဖြတ်ချက်လို့ခံယူပြီး အခြားသူများကို ထည့်မတွက်တော့တဲ့ တကိုယ်ကောင်းဆန်၊ အတ္တကြီးတဲ့ လွတ်လပ်မှုနဲ့ အခွင့်ရေးတွေကို ဥပဒေနဲ့ ကစားနေကြတာ အန္တရယ်ကြီးလှပါလား....
ချစ်စွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့၊ စက္ကရမင်းတူတွေကို သေချာနားလည်တဲ့ ကျနော်တို့တတွေအနေနဲ့ သြစတြေးလျရှိ အသင်းတော်နဲ့ ဘုန်းတော်ကြီးများအတွက် အထူးဆုတောင်းပေးကြပါစို့။ ရင်ဆိုင်ကြုံလာခဲ့လျှင်း ခွန်အားတန်ခိုးတွေနဲ့ ဖြည့်ဆည်းပေးနိုင်ဖို့ အမြဲဆုတောင်းသွားကြပါစို့။
ဒိုမီနီကန်ကိုရင်
သတင်းအကြောင်းရာကို ဒီလင့်ခ်မှာ ဖတ်နိုင်ပါတယ်။ https://www.catholicnewsagency.com/news/australian-priests-willing-to-go-to-jail-rather-than-break-confessional-seal-95237?fbclid=IwAR301he4f7JhfoHWrJOWxagOJm1zD3dYPq5dNUbNc1qYKkr86Z0cAmgfawM
Monday, May 7, 2018
Visit ad limina (သို့) ပုပ်ရဟန်းမင်းကြီးထံ လည်ပတ်ခြင်း
ရိုမန်ကက်သလစ်ခရစ်ယာန်အသင်းတော်တွင် Visit ad limina ဆိုတာကို တချို့လည်း ကြားဖူးကောင်းကြားဖူးကြပါလိမ့်မယ်။ တချို့လည်း အသိတမျိုးမျိုးဖြင့် မှတ်သားကောင်း မှတ်သားမိကြပါလိမ့်မယ်။ Visit ad limina ဆိုတာကို ခပ်လွယ်လွယ်ပြောရရင်တော့ ဒေသခံဆရာတော်ကြီးများဟာ အသင်းတော်ကြီးတစ်ခုလုံးရဲ့ဦးသျှောင် ပုပ်ရဟန်းမင်းကြီးထံ ၅ နှစ်တစ်ကြိမ် တရားဝင်လည်ပတ်ခြင်းပေါ့။ ဒီလို လည်ပတ်ခြင်းကို ၅ နှစ်တခါ ၀တ္တရားတစ်ခုအဖြစ် ပြုလုပ်ကြရပါတယ်။ ဒီလို လည်ပတ်ခြင်းပြုတဲ့အခါ ဒေသခံဆရာတော်ကြီးများဟာ မိမိတို့ဒေသအတွင်း ဖြစ်ပျက်သမျှအကြောင်းရာများ၊ အခြေနေများကို ပုပ်ရဟန်းမင်းကြီးထံ ကိုယ်တိုင်တင်ပြဆွေးနွေးရပါတယ်။ ပြီးမှ ပုပ်ရဟန်းမင်းကြီးရဲ့ အကြံညဏ်များ၊ သြ၀ါဒများကို နားယူပြီး ဆက်လက်အကောင်ထည်ဖော်ရမယ့် အနာဂတ်အစီစဉ်များမှာ အသင်းတော်နဲ့တသားတည်းကျအောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ ခပ်လွယ်လွယ်နဲ့ အဖြေပေးလိုက်တာပါ။ ဒီ Visit ad limina ကို လုံးပတ်လည်အောင် ထပ်ပြောပြချင်ပါသေးတယ်။
Visit ad limina ဆိုတဲ့ လာတင်စပ်ဝေါဟာရဟာ အတိုကောက်သုံးထားဖြစ်ပါတယ်။ ၎င်းရဲ့မူရင်းစကားလုံးအပြည့်ဟာ Visitatio ad limina apostolorum ဖြစ်ပါတယ် - ဆိုလိုသည်မှာ - တမန်တော်ကြီးများ၏ မုဂ်တံခါးများသို့ လည်ပတ်ခြင်းဖြစ်ပါတယ်။ တမန်တော်ကြီးများဆိုတာ သံပေတရူးနှင့် သံပေါလူးတို့ကို ရည်ညွှန်းထားခြင်းဖြစ်ပြီး ၎င်းတို့ရဲ့ အုပ်ဂူများထံသွားရောက် အရိုသေပေးခြင်းကို ဆိုလိုပါတယ်။ ဒီလို လည်ပတ်ခြင်းမျိုးကို ရှေးဦးခရစ်ယာန်များခေတ်ကာလမှာတော့ သာမန်အရိုသေပေးခြင်းအဖြစ် ပြုလုပ်လာခဲ့ပြီး နောက်တဖြည်းဖြည်းနဲ့ အသင်းတော်ဟာ စနစ်တကျဖြစ်လာတဲ့အခါမှာတော့ ဒါကို ၀တ္တရားတစ်ခုအဖြစ် ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။ ၅ ရာစုမှာပင် ပုပ်ရဟန်းမင်းကြီး လေအို (၁)ဟာ စစ္စလီမှ ဆရာတော်ကြီးသုံးပါးကို ရောမမြို့တော်၊ အသင်းတော်ရဲ့မဟာအစည်းအဝေးကြီးမှာ ကူညီဖို့ ပုံမှန်စေလွှတ်ခြင်းကို စတင်ဝတ္တရားဖော်ခဲ့ပါတယ်။ ၈ ရာစုမှာဆိုရင် ပုပ်ရဟန်းမင်းကြီး ဇာခေဦးက - ရောမအနီးတ၀ိုက်ရှိ ဆရာတော်ကြီးများအနေဖြင့် ၎င်းထံသို့ နှစ်စဉ် ad limina လည်ပတ်ခြင်းကို ကိုယ်တိုင်ပြုလုပ်ကြဖို့ ၀တ္တရားပြုခဲ့ပါတယ်။ ထိုနောက် ဒီဝတ္တရားဟာ တဖြည်းဖြည်းတိုးတက်ပြောင်းလဲလာပြီး ရောမမြို့နဲ့အနီးတ၀ိုက်သာမဟုတ်တော့ဘဲ ၁၁ ရာစုမှာတော့ အခြားမြို့တော်ကြီးများမှ ဆရာတော်ကြီးများလည်း ပုပ်ရဟန်းမင်းကြီးထံ ယခုလိုလည်ပတ်ခြင်းပြုလုပ်ဖို့ ၀တ္တရားဖြစ်လာခဲ့ပါတယ်။ ၁၃ ရာစု၊ ပုပ်ရဟန်းမင်းကြီး ဂရေဂေါ်ရီ (၉)လက်ထက်မှာတော့ ဆရာတော်ဘိသိပ်မခံယူမှီ ဆရာတော်လောင်းများဟာ ယခုလို ad limina လည်ပတ်ခြင်းကို နှစ်စဉ်၊ မိမိကိုယ်တိုင်သော်လည်ကောင်း၊ ကိုယ်စားလှယ်ဖြင့်သော်လည်းကောင်း လည်ပတ်ပြုဖို့ ကတိပြုကြရပါတယ်။
၁၅၈၅ ခုနှစ်၊ ပုပ်ရဟန်းမင်းကြီး စစ္စတု (၅)လက်ထက်မှာတော့ Romanus Pontifex အဖြစ် ရိုမန်ပုပ်ရဟန်းမင်းကြီးဆိုင်ရာ စည်းမျဉ်းထုတ်ပြီး ad limina လည်ပတ်ခြင်းအတွက် စည်းမျဉ်းများ သေချာထုတ်ပြန်ခဲ့ပါတယ်။ ဒီစည်းမျဥ်းထဲမှာတော့ ကမ္ဘာတ၀ှမ်းမှာရှိတဲ့ ဆရာတော်ကြီးများဟာ မိမိတို့တာဝန်ယူထားတဲ့ နေရာအတိုင်းအတာအရ ဘယ်အချိန်၊ ဘယ်နှစ်ခါ စသဖြင့် ad limina လည်ပတ်ရမယ်ဆိုတာကို ညွှန်ကြားထားပါတယ်။
ယနေ့လက်ရှိ ညွှန်ကြားချက်စည်းမျဉ်းကတော့ ၁၉၀၉တွင် ပုပ်ရဟန်းမင်းကြီး ပီအို (၉)ရဲ့ စည်းမျဉ်းလို့ပြောရမှာပါ။ ဒီစည်းမျဉ်းအရ၊ ဒေသခံဆရာတော်တစ်ပါးချင်းစီဟာ ၎င်းရဲ့ သာသနာနယ်အတွင်းမှ ဖြစ်ပျက်သမျှကို ပုပ်ရဟန်းမင်းကြီးနဲ့ကိုယ်တိုင်တွေ့ပြီး ပေးပို့ရပါတယ်။ ဒီလို ၅ နှစ်တခါ သတ်မှတ်ပြီး ကျင့်သုံးလာတာတော့ ၁၉၁၁ ခုနှစ်မှ စတင်ခဲ့ပါတယ်။
ဒီလို ad limina လည်ပတ်ခြင်းမှာ ရည်ရွယ်ချက် သုံးခုရှိပါတယ်။ ပထမ- အဓိကတမန်တော်ကြီးနှစ်ပါးဖြစ်တဲ့ သံပေတရူးနှင့် သံပေါလူးတို့အားအရိုသေပေးခြင်း၊ ဒုတိယ - သံပေတရူးရဲ့အရိုက်ရာအား ဆက်ခံလာသူ ပုပ်ရဟန်းမင်းကြီးအား အရိုသေဂါဝရပြုခြင်း၊ တတိယ - မိမိတို့သာသနာနယ်အတွင်း ဖြစ်ပျက်သမျှအကြောင်းရာများ၊ အရေးတကြီးလိုအပ်သည်များကို ကိုယ်တိုင်တင်ပြဆွေးနွေးပြီး အကြံညဏ်များ၊ အကူညီများရယူခြင်းတို့ပင် ဖြစ်ပါတယ်။
![]() |
ဆရာတော်ကြီးများ ပုပ်ရဟန်းမင်းကြီးနှင့်တွေ့ဆုံရန် စာင့်ဆိုင်းနေစဉ်။ |
ဒီနှစ်၊ ခရစ်သက္ကရာဇ် ၂၀၁၈၊ မေလ ၁ -၁၁ အရက်အတွင်းမှာတော့ မြန်မာနိုင်ငံမှ ဆရာတော်ကြီးများသည်လည်း ad limina လည်ပတ်ခြင်းအနေဖြင့် ရောမမြို့တော်သို့ ရောက်ရှိနေကြပါတယ်။ ကျနော်တို့ရဲ့ ဆုတောင်းမေတ္တာများအားဖြင့် ဆရာတော်ကြီးများရဲ့ လမ်းခရီး၊ လုပ်ဆောင်သမျှ၊ အခြားအကျိုးပြုစေမယ့် အလည်အပတ်များ အစစအရာရာ ဘုရားသခင်ရဲ့ကောင်းကြီးတော်ဖြင့် အဆင်ပြေနိုင်ကြပါစေကြောင်း ဆုတောင်းပေးကြရင်း ဆရာတော်ကြီးများနဲ့အတူ တလုံးတ၀တည်း ရပ်တည်ကြပါစို့။
dom.koyin@gmail.com
Friday, April 20, 2018
ကောင်းသောသိုးထိန်းမြတ်တနင်္ဂနွေ
တရားထောက်ရှုချက်။ သံယောဟန် ၁၀း၁၁ - ၁၈
သိုးထိန်းဆိုတဲ့အသံကြားရုံနဲ့ပင် တော်တော်လေးခရစ်ယာန်ဆန်တယ်လို့ ခံစားရပါတယ်။ ခရစ်ယာန်တွေအားလုံးလည်း ကျနော့်လိုပဲ ခံစားကြမယ်လို့ ယုံကြည်ပါတယ်။ ဒီစကားရပ်ဟာ သိုးမွေးမြူရေးနဲ့အသက်မွေးဝမ်းကြောင်းပြုတဲ့ အရှေ့အလယ်ပိုင်းဒေသဘက်က လာပါတယ်။ အဲဒီဒေသဘက်မှာဆိုရင် မိမိတို့ရဲ့ခေါင်းဆောင်တွေကို သိုးထိန်းတဲ့ပုဂ္ဂိုလ်တစ်ဦးလို တင်စားခေါ်ဝေါ်ကြတာပါ။ အီစ္စရေးဒေသနဲ့ လူမျိုးတွေကြားမှာလည်း ဒီလို တင်စားခေါ်ဝေါ်ကြတာပါပဲ။ သမ္မာကျမ်းစာထဲမှာဆိုရင် အာဗြရာဟံ၊ ဣဇာတ်၊ယာဂုတ်၊ မိုးဇယ်၊ ဒါဝိတ် အစရှိသည့် သူရဲကောင်းကြီးတွေကို သိုးထိန်းကောင်းတွေလို့ တင်စားကြပါတယ်။ ဓမ္မသစ်မှာလည်း ခရစ်တော်က မိမိကိုယ်တိုင် သိုးထိန်းနှင့် ခိုင်းနှိုင်းထားပါတယ်။ ကောင်းကင်ဘုံသို့ မတက်ကြွမှီ သံပေတရူးကိုလည်း သိုးများကို စောင့်ရှောက်ဖို့ မိန့်မှာပြီး သိုးထိန်းကောင်းတစ်ဦးဖြစ်စေခဲ့ပါတယ်။
သိုးတွေရှိရာ သိုးထိန်းရှိပါတယ်။ သိုးထိန်းရှိတဲ့နေရာမှာ သိုးတွေလုံခြုံစိတ်ချရပါတယ်။ ဒါ့ကြောင့် သိုးတွေနဲ့ သိုးထိန်း၊ သိုးထိန်းနဲ့သိုးတွေဆိုတာ နက်နက်ရှိုင်းရှိုင်း ဆက်စပ်မှုရှိနေတာ အမှန်ပါပဲ။ ဒါကို သိုးကျောင်းသားတွေ ကောင်းကောင်းသိနားလည်ပါတယ်။
သိုးကျောင်းသားဘ၀ကို သိုးကျောင်းတဲ့အလေ့အထမရှိတဲ့ ကျနော်တို့တတွေ သိပ်နားမလည်လောက်ပါဘူး။ သိုးမွေးသိုးကျောင်းလုပ်ခြင်းက ကျနော်တို့အရပ်ဒေသမှာ ရှားပါးတာမို့ သိပ်နားမလည်ဘဲ ဖြစ်နေနိုင်ပါတယ်။ ယေဇူးခရစ်တော် နေထိုင်ခဲ့တဲ့အရပ်ဒေသ (အရှေ့အလယ်ပိုင်းဒေသ)မှာတော့ သိုးကျောင်းတာဟာ နေ့စဉ်ဓူဝ အလုပ်တစ်ခုမို့ သိုးထိန်းလို့ ပြောလိုက်ရုံနဲ့ ချက်ချင်းနားလည်ကြပါတယ်။ သိုးတွေဟာ အင်မတန်မှ အပြစ်ကင်းတဲ့ သတ္တ၀ါတွေလို့ အမွန်းတင်ရလောက်အောင် ရိုးရှင်းတဲ့ တိရိစ္ဆာန်တွေဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို စားဖို့ ချောင်းမြောင်းနေတဲ့ သားရဲတိရိစ္ဆာန် သတ္တ၀ါတွေဟာ အမြဲ ၀န်းရံနေပါတယ်။ ဒီတော့ သိုးကျောင်းသားဟာ သိုးကျောင်းတဲ့အခါ အင်မတန်မှအရေးကြီးပါတယ်။ သိုးတွေကို ကာကွယ်ပေးဖို့ ရဲရင့်ရတယ်၊ သတ္တိရှိရတယ်၊ အသက်ကိုပင်ပေးဝံ့ရတယ်၊ ဘ၀ကိုမြုပ်နှံပြီးတော့ကို အချိန်ပေးစောင့်ရှောက်ရတယ်။ သိုးတွေဟာလည်း သူတို့သိုးထိန်းကို သိလာတာနဲ့အမျှ တခြားဘယ်ကိုမှ မလိုက်ကြတော့ဘူး။
ဒီနေ့ ဒီလိုရိုးရှင်းတဲ့ ပုံဥပမာလေးမှာ ခရစ်တော်ဘုရားရှင်က နက်ရှိုင်းတဲ့ တရားကိုပေးခဲ့တယ်။ ငါ၏သိုးတို့သည် ငါ့အသံကိုနားထောင်ကြ၏။ ငါသည်သူတို့ကိုသိ၍ သူတို့သည်လည်း ငါ့နောက်သို့လိုက်ကြ၏။ လို့ ခရစ်တော်ဘုရားရှင်မိန့်ဆိုလိုက်တဲ့အခါ တရားသဘောဟာ ရှင်းလင်းပြီး နက်ရှိုင်းနေတာမို့ နောက်ထပ်တွေးချဲ့၊ စဉ်းစားအဖြေထုတ်စရာကို မလိုတော့ပါဘူး။ ဒီနေ့ ပင်မအသင်းတော်ကြီးမှာတော့ ခရစ်တော်ဘုရားရှင် ကြိုတင်စံမံခဲ့တဲ့အတိုင်း ယုံကြည်သူ သိုးများဟာ သိုးထိန်းအောက်မှာ လုံခြုံစိတ်ချစွာ ရှိနေတယ်ဆိုတာကို စဉ်းစားမိပါသလား။ ဒါ့ကြောင့် ဒီကမ္ဘာလောကမှာ သိုးထိန်းအဖြစ် ခန့်အပ်ခံထားရတဲ့ အသင်းတော်ကြီးဟာ သခင့်သိုးတွေအတွက် အမြဲတမ်း ရှေ့တမ်းတင်လို့ တကမ္ဘာလုံးမှာ မတူညီတဲ့ လူမျိုးတကာတို့အကြား တူညီတဲ့ ကယ်တင်ခြင်းတရားကို အတတ်နိုင်ဆုံး ၀ိညာဉ်တော်ရဲ့လမ်းပြမှုနဲ့အတူ ဦးဆောင်ထိန်းကျောင်းနေတယ်ဆိုတာပါပဲ။ ကျနော်တို့ ယုံကြည်သူ သိုးတွေဟာလည်း သိုးထိန်းကို သိနေမှ ဖြစ်ပါလိမ့်မယ်။
-သင်းကွဲသိုးငယ်တစ်ကောင်လို တောထဲမှာ ပျောက်နေသလား၊ သိုးထိန်းသခင်ကို ရှာရင်း သားကောင်ဖြစ်နေရပြီလား။
-တို့အုပ်စုဟာဖြင့် သိုးထိန်းမရှိတဲ့ သိုးအုပ်စုလို ဖြစ်နေပြီလား။ -တို့တွေရဲ့ သိုးထိန်းအဘယ်မှာ ရှိနေမလဲ။ (မာတေဦး ၉း၃၆)
-သေခြင်းတရားသည်ပင် တို့တွေရဲ့သိုးထိန်းဖြစ်နေပြီလား။ (ဆာလံ ၄၉း၁၄)
-ဘုရားဗိမာန်ထဲမှာဈေးဖွင့်ရောင်းနေကြတဲ့ ဈေးသည်တွေရဲ့ ရောင်းချခံသိုးလေးဖြစ်နေပြီလား (ယောဟန် ၂း၁၄)
-လမ်းပျောက်သော သိုးများဖြစ်ခဲ့သကဲ့သို့ ယခုအခါ သိုးထိန်းရှိရာ ပြန်လာခဲ့ပြီလော။ (ပ-ပီတာ ၂း၂၅)
-ကိုယ်တော့်အတွက်ကြောင့် နေ့စဉ်သတ်ဖြတ်ခြင်းခံနေရတဲ့ သိုးတွေလို ဖြစ်နေတာလား (ရောမ ၈း၃၆)
-၀ံပုလွေတွေအကြားမှာ စေလွှတ်ခံထားရတဲ့ သိုးငယ်လေးဖြစ်နေပြီလား။ (မာတေဦး ၁၀း၁၆)
-သိုးစုငယ်၊ မကြောက်ရွံ့လေနှင့်။ အကြောင်းမူကား သင်တို့အဖသည် နိုင်ငံတော်ကို သင်တို့အားပေးရန် နှစ်သက်တော်မူ၏ (လုကာ ၁၂း၃၂)
-ထာဝရဘုရားသခင်သည် အကျွန်ုပ်၏ သိုးထိန်းဖြစ်တော်မူ၏။ (ဆာလံ ၂၃)
-သင်းကွဲသိုးငယ်တစ်ကောင်လို တောထဲမှာ ပျောက်နေသလား၊ သိုးထိန်းသခင်ကို ရှာရင်း သားကောင်ဖြစ်နေရပြီလား။
-တို့အုပ်စုဟာဖြင့် သိုးထိန်းမရှိတဲ့ သိုးအုပ်စုလို ဖြစ်နေပြီလား။ -တို့တွေရဲ့ သိုးထိန်းအဘယ်မှာ ရှိနေမလဲ။ (မာတေဦး ၉း၃၆)
-သေခြင်းတရားသည်ပင် တို့တွေရဲ့သိုးထိန်းဖြစ်နေပြီလား။ (ဆာလံ ၄၉း၁၄)
-ဘုရားဗိမာန်ထဲမှာဈေးဖွင့်ရောင်းနေကြတဲ့ ဈေးသည်တွေရဲ့ ရောင်းချခံသိုးလေးဖြစ်နေပြီလား (ယောဟန် ၂း၁၄)
-လမ်းပျောက်သော သိုးများဖြစ်ခဲ့သကဲ့သို့ ယခုအခါ သိုးထိန်းရှိရာ ပြန်လာခဲ့ပြီလော။ (ပ-ပီတာ ၂း၂၅)
-ကိုယ်တော့်အတွက်ကြောင့် နေ့စဉ်သတ်ဖြတ်ခြင်းခံနေရတဲ့ သိုးတွေလို ဖြစ်နေတာလား (ရောမ ၈း၃၆)
-၀ံပုလွေတွေအကြားမှာ စေလွှတ်ခံထားရတဲ့ သိုးငယ်လေးဖြစ်နေပြီလား။ (မာတေဦး ၁၀း၁၆)
-သိုးစုငယ်၊ မကြောက်ရွံ့လေနှင့်။ အကြောင်းမူကား သင်တို့အဖသည် နိုင်ငံတော်ကို သင်တို့အားပေးရန် နှစ်သက်တော်မူ၏ (လုကာ ၁၂း၃၂)
-ထာဝရဘုရားသခင်သည် အကျွန်ုပ်၏ သိုးထိန်းဖြစ်တော်မူ၏။ (ဆာလံ ၂၃)
စဉ်းစားထောက်ရှုနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပြုရင်း ဝေမျှလိုက်ရပါတယ်။ သိုးထိန်းနဲ့ မကွာဘဲရှိနေတဲ့ သိုးများဖြစ်နိုင်ကြပါစေ၊ သိုးထိန်းသံကို ကြားသိတဲ့ သိုးများဖြစ်ကြပါစေ။
ဒိုမီနီကန်ကိုရင်
Thursday, April 5, 2018
The Shroud of Turin မှ ပုံဖော်ထုတ်နိုင်ခဲ့သော ယေဇူးဘုရားရှင်၏ ရုပ်ကလာပ်တော်။
အီတလီမြောက်ပိုင်းရှိ တူးရင်းမြို့တွင် ခရစ်တော်သခင်အား မြုပ်နှံသင်္ဂြိုလ်ခဲ့ချိန်က အသုံးပြုခဲ့သော ပိတ်စဟု ယုံကြည်စွာ သိမ်းဆည်းထားသော အလောင်းတော်ပတ်ဝတ်ရုံအား သိပ္ပံနည်းမကျသည်ဖြစ်၍ သံသယများစွာ ရှိလွန်းတာကြောင့် ထပ်တလဲလဲဆိုသလို သိပ္ပံနည်းမျိုးစုံဖြင့် စမ်းသပ်ခြင်းတွေ ပြုလုပ်ဖို့ ပုပ်ရဟန်းမင်းကြီး အဆက်ဆက်နှင့် အသင်းတော်က ခွင့်ပြုထားပါတယ်။ ယခင်ကလည်း ဓါတ်မှတ်ရိုက်နည်းပညာဖြင့် စမ်းသပ်ကြရာ အံ့သြဖွယ်ကောင်းတဲ့ ပုံတော်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ ထိုပုံတော်များတွင် ကားတိုင်တင်ခံရသူတစ်ဦးအား အမှန်တကယ် ဂျူးထုံးစံအတိုင်း ပိတ်စဖြင့်ပတ်စည်းခဲ့သည်ဖြစ်ကြောင်း ပေါ်လွင်လာခဲ့တယ်။ ထို့အပြင် ဒဏ်ရာဒဏ်ချက်များ၊ ခေါင်းပေါ်မှ ဆူးပေါင်းဒဏ်ရာ၊ နံဘေးမှ လှံဒဏ်ရာ စတာတွေပါ ပေါ်လွင်လာခဲ့တာမို့ ထိုအလောင်းတော်ပတ် ၀တ်ရုံအား စိတ်ဝင်စားသူများပိုမိုများပြားလာခဲ့သလို၊ ယုံကြည်သက်ဝင်ပြီး အရိုသေပြုကြသူများလည်း ပိုပိုပြီးများလာပါတယ်။
အခု နည်းပညာက နောက်တဆင့်တက်ပြီး 3D Carbon Copy ထပ်ထုတ်နိုင်ခဲ့ပြန်ပါပြီ။ ဒီ 3D Carbon Copy ကိုတော့ Padua University မှ ကြိုးစားပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီက ပါမောက္ခ Giulio Fanti က - ဒါဟာ ခရစ်တော်သခင် လူ့ပြည်မှာ အမှန်တကယ်နေထိုင်အသက်ရှင်ခဲ့စဉ်ကပုံစံအတိုင်း တစ်ပုံစံတည်း ထပ်တူပြုလုပ်နိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ် လို့ဆိုပါတယ်။ ဒါ့အပြင် ပါမောက္ခ Giulio Fanti က ခန္တာကိုယ်ပေါ်က ဒဏ်ရာဒဏ်ချက်တွေကိုလည်း ရေတွက်ခဲ့ပြီး ကြာပွတ်ရာ ၃၇၀ ချက် (ခန္တာတဖက်ခြင်းသာဖြစ်ပြီး) ပြန်လည်ရေတွက်ပြီး တွက်ချက်ရရင်တော့ စုစုပေါင်း ဒဏ်ရာဒဏ်ချက်တွေ ၆၀၀ ကျော်မယ်လို့ ဆိုပါတယ်။
ဒီလေ့လာတွေ့ရှိချက်အရ ယေဇူးခရစ်တော်ဟာ ၅ပေ ၁၁ လက်မနီးပါး အရပ်ရှည်ပြီး သန်သန်မာမာနဲ့အမျိုးသားပီသသူတစ်ဦးဖြစ်တယ်လို့ ယုံကြည်ရပါတယ်။
ဒိုမီနီကန်ကိုရင်
source: https://aleteia.org/2018/03/28/this-3d-carbon-copy-of-jesus-was-created-using-the-shroud-of-turin/?utm_source=FB_InstantArticles&utm_campaign=Evergreen&utm_term=PaidMedia&utm_content=ad_5&fbclid=IwAR3TOg_E2Nku5b5yqu-aDFlhCf-u_K549lUHt9KUJEdZB6t0I6Yivt2TInU
source: https://aleteia.org/2018/03/28/this-3d-carbon-copy-of-jesus-was-created-using-the-shroud-of-turin/?utm_source=FB_InstantArticles&utm_campaign=Evergreen&utm_term=PaidMedia&utm_content=ad_5&fbclid=IwAR3TOg_E2Nku5b5yqu-aDFlhCf-u_K549lUHt9KUJEdZB6t0I6Yivt2TInU
Monday, April 2, 2018
အတင်းအဖျင်း ကင်းရှင်းပါစေ
အတင်းအဖျင်းဆိုတာတော့ အဓိပ္ပာယ်ဖွင့်ရှင်းပြစရာ လိုမယ်မထင်ပါဘူး။ မြန်မာလူမျိုးအားလုံး ရင်းနှီးကျွမ်းဝင်ရှိလှဆုံး ဝေါဟာရတစ်စုလို ထင်ပါတယ်။ ကျနော်တို့ ရပ်ထဲရွာထဲမှာဆို တစ်အိမ်တက် တစ်အိမ်ဆင်းနဲ့ သူတစ်ပါးမကောင်းကြောင်းကို လှည့်လည်ပြောဆိုတတ်သူတွေကို မြင်ဖူး ကြုံဖူးကြမှာပါ။ တချို့တွေဆို BBC လို့ဘွဲ့တွေပင် ရလာတတ်ပါတယ်။ ဒီနေ့ခေတ် အင်တာနက်ခေတ်ဆိုတော့ တစ်အိမ်တက် တစ်အိမ်ဆင်းဟာ လိုင်းပေါ်ကနေ သက်တောင့်သက်တာ ပြောလို့ရတာပေါ့။ Facebook လို social network အကြီးစားမှာ အတင်းအဖျင်းဇရပ်လို အသုံးချလာသူတွေလည်း ဒုနဲ့ဒေးပဲလေ။
ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်ကြီးကတော့ - အတင်းအဖျင်းဟာ အကြမ်းဖက်တိုက်ခိုက်မှုထက်ပိုဆိုးတယ်လို့ ပြောဆိုပါတယ်။ ဒါ့အပြင် သဟဇာတဖြစ်တဲ့ ကျနော်တို့အသိုင်းအ၀ိုင်းကို အဆိုးဆုံးဖြစ်စေတဲ့ အဆိုးဆုံးရန်သူဟာလည်း အတင်းအဖျင်းပါလို့ မိန့်ဆိုပါတယ်။
အရှင်သူမြတ်ကြီးက -
တစ်ခါက သာသနာအုပ်စုတစ်ခုမှာ အတင်းပြောတတ်လွန်းတဲ့ အမျိုးသမီးကြီးတစ်ဦးရှိတယ်။ အကြောင်းရာအကုန်လုံးကို ပြောဆိုတတ်ပါတယ်။ တကယ်တော့ သူမရဲ့အိမ်က ဘုရားကျောင်းနဲ့ကပ်နေတာပါ။ သူမရဲ့ပြတင်းပေါက်ကနေကြည့်ရင် ဘုရားကျောင်းထဲက ဘုရားစင်ကိုပင်မြင်နေရပါတယ်။ မစ္ဆားတရားတော်မြတ်ကို နေ့တိုင်းလာတက်ပါတယ်။ ဒါပေမယ့် နေ့တနေ့ရဲ့အခြားအချိန်တွေကိုတော့ တခြားသူတွေအကြောင်း လှည့်လည်ပြောဆိုရင်းနဲ့ အချိန်ကုန်သွားတာပဲ။
အရှင်သူမြတ်ကြီးက -
တစ်ခါက သာသနာအုပ်စုတစ်ခုမှာ အတင်းပြောတတ်လွန်းတဲ့ အမျိုးသမီးကြီးတစ်ဦးရှိတယ်။ အကြောင်းရာအကုန်လုံးကို ပြောဆိုတတ်ပါတယ်။ တကယ်တော့ သူမရဲ့အိမ်က ဘုရားကျောင်းနဲ့ကပ်နေတာပါ။ သူမရဲ့ပြတင်းပေါက်ကနေကြည့်ရင် ဘုရားကျောင်းထဲက ဘုရားစင်ကိုပင်မြင်နေရပါတယ်။ မစ္ဆားတရားတော်မြတ်ကို နေ့တိုင်းလာတက်ပါတယ်။ ဒါပေမယ့် နေ့တနေ့ရဲ့အခြားအချိန်တွေကိုတော့ တခြားသူတွေအကြောင်း လှည့်လည်ပြောဆိုရင်းနဲ့ အချိန်ကုန်သွားတာပဲ။
တနေ့ကျတော့ သူမကတုတ်ကွေးဖြစ်ပြီး နေမကောင်းလို့ ကျောင်းထိုင်ဘုန်းကြီး ဖုန်းလှမ်းဆက်ပါတယ်. ကျမတော့ တုတ်ကွေးမိပြီး အိပ်ရာပေါ်မှာပါ ဘုန်းဘုန်း။ ကျမအတွက် ကိုယ်တော်မြတ်စက္ကရမင်တူးပင့်လာခဲ့ပေးပါ၊ ဘုန်းဘုန်း။ ဒါနဲ့ ဘုန်းကြီးက - ဒီ့အတွက် ဘာမှမပူနဲ့။ နင့်ရဲ့လျှာက အဲဒီလောက်ရှည်တာဆိုတော့ နင့်အိမ်ပြတင်းပေါက်ကနေ ကိုယ်တော်မြတ်လှမ်းပင့်လို့ရမှာပါလို့ စ၊နောက်လိုက်တယ်။
အရှင်သူမြတ်ကြီးက ဆက်လက်ပြီး - ဘုန်းကြီးမကောင်းကြောင်းပြောတဲ့သူတွေ ဘယ်နှစ်ယောက်ရှိလဲ။ ခရစ်တော်ကို သက်သေမခံဘဲ သနားစရာ၊ တစ်ကိုယ်တည်းနေရတဲ့ ဘုန်းကြီးအကြောင်းကို ပြောနေတယ်။ ပြောချင်တာက အတင်းအဖျင်းကိုပါ။ ခရစ်ယာန်မိသားစုအတွင်းမှာ ရုပ်အဆိုးဆုံးအရာဟာ အတင်းအဖျင်းပဲ။ Do you know that gossip is terrorism? အတင်းအဖျင်းဟာ အကြမ်းဖက်မှုဆိုတာ သင်သိသလား။ ဘာလို့လဲဆိုတော့ အတင်းအဖျင်းပြောသူဟာ အကြမ်းဖက်သမားလိုပဲ ပြုမူတယ်။ ရုပ်တရက်ချည်းကပ်ပြီး ရုပ်တရက် စကားလုံးဗုံးတွေကြဲတော့တာပဲလေ။ ပြီးတော့ သူကထွက်သွားတယ်။
တချို့မိတ်ဆွေတွေက ဒါကို အတင်းအဖျင်းပြောတာလို့ ၀င်မခံဘဲ ဝေဖန်တာလို့ စောဒကတက်ပါလိမ့်မယ်။ အသင်းတော်ကောင်းဖို့၊ အဖွဲ့အစည်းကောင်းဖို့၊ မိသားစုကောင်းဖို့ ဝေဖန်တာပါလို့ စောဒကတက်ပါလိမ့်မယ်။ ဒါပေမယ့် ဝေဖန်ခြင်းနဲ့ အတင်းအဖျင်းဟာ လုံးဝကွာခြားတယ်ဆိုတာ သိသင့်ပါတယ်။ ဝေဖန်ခြင်းမှာ Objectively ရည်ရွယ်ချက်ကောင်းနဲ့ စိတ်ရင်းမှန်နဲ့ ထောက်ပြပြောဆိုပေမယ့် အတင်းအဖျင်းမှာတော့ စိတ်ရဲ့အလိုအတိုင်း ပြောလိုရာကို၊ မှန်သည်မှားသည် ချင့်ချိန်မှုမရှိဘဲ စကားလုံးဗုံးကြဲတာပါပဲ။ ဒါဟာ အကြမ်းဖက်မှုတစ်ခုပါပဲ။
ဒီတော့ဗျာ - အတင်းအဖျင်းတွေ ကင်းရှင်းဖို့ ကြိုးစားကြရမယ်။ ဝေဖန်မှုဆိုရင်လည်း စိတ်ရင်းစေတနာအရင်းဆုံးမှန်ကန်ပါစေ။ မပြောခင် စဉ်းစားပါ၊ ပြောရင်လည်း စကားလုံးရွေးချယ်ပါ။ မိမိရဲ့စိတ်ရင်းစေတနာပေါ်လွင်အောင် ထားပါ...
ဗုဒ္ဓဆရာတော်ကြီး ဦးဥတ္တမသာရကတော့ ဒီလိုလေးမိန့်ဖူးပါတယ်-
ဗုဒ္ဓဆရာတော်ကြီး ဦးဥတ္တမသာရကတော့ ဒီလိုလေးမိန့်ဖူးပါတယ်-
မေတ္တာနှင့် တစ်လောကလုံးကို ဖြန့်ပြီး စိတ်ရှင်းရှင်းထား နေတတ်သူဟာ
အမှိုက်သရိုက်နဲ့တူတဲ့ သူ့ကြောင်းကိုယ်အကြောင်း
ရှုပ်ရှုပ် ယှက်ယှက် တွေကို မစဉ်းစားဘူး။
အမှိုက်သရိုက်နဲ့တူတဲ့ သူ့ကြောင်းကိုယ်အကြောင်း
ရှုပ်ရှုပ် ယှက်ယှက် တွေကို မစဉ်းစားဘူး။
ကိုယ့်လာပြောလည်း နားမထောင်ဘူး။
စိတ်ကိုရှင်းရှင်းထားမှ ချမ်းသာတယ်။
စိတ်ကိုရှင်းရှင်းထားမှ ချမ်းသာတယ်။
ဒိုမီနီကန်ကိုရင်
dom.koyin@gmail.com
Friday, January 5, 2018
၂၀၁၈ ခုနှစ်အတွက် ပါစကားပွဲတော်နေ့ ကြေငြာခြင်
ဝါကြီးဝင်သည့် ဗုဒ္ဓဟူးနေ့ကြီးသည် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့။
ပါစကားပွဲတော် တနင်္ဂနွေနေ့ကြီးသည် ဧပြီလ ၁ ရက်နေ့။
ဒိုမီနီကန်ကိုရင်
dom.koyin@gmail.com
Subscribe to:
Posts (Atom)