Breaking News

About Me

Monday, June 30, 2014

1-july-2014 (Reading)

Tue the 1st:     Amos 3:1-8, 4:11-12; Ps 5:4-8; Ps 130:5; Matt 8:23-27

အာမုတ်အနာဂတ္တိကျမ်း အခန်းကြီး (Amos 3:1-8, 4:11-12);

အိုဣသရေလအမျိုးသားတို့၊ အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သော အမျိုးသားအပေါင်းတို့၊ သင်တို့ကို ရည်မှတ်၍ ငါထာဝရဘုရားမိန့်တော်မူသော စကားကို နားထောင်ကြလော့။
မြေကြီးပေါ်မှာနေသော အမျိုးသား အပေါင်းတို့တွင် သင်တို့တမျိုးတည်းကိုသား ငါလက်ခံသောကြောင့်၊ သင်တို့အပြစ်ရှိသမျှတို့ကို ငါစစ်ကြောမည်။
လူနှစ်ဦးသည် သဘောမတူလျှင် ပေါင်းဘော်၍ခရီးသွားနိုင်သလော။
ခြင်္သေ့သည်ဘမ်းစရာ မရှိလျှင်၊ တော၌ ဟောက်လိမ့်မည်လော။ ခြင်္သေ့ပျိုသည် အဘယ်အရာကိုမျှ မဘမ်းမိလျှင်၊ တွင်းထဲကအသံပြုလိမ့်မည်လော။
မြေပေါ်မှာ ကျော့ကွင်းနှင့်မထောင်လျှင်၊ ငှက်ကိုကျော့မိလိမ့်မည်လော။ ထောင်ထားသောကျော့ကွင်း၌ အဘယ် အရာကိုမျှ မရမှီထောင်ထားရာအရပ်မှ နှုတ်သွားလိမ့်မည်လော။
မြို့ထဲမှာ တံပိုးမှုတ်လျှင် မြို့သားတို့သည် မကြောက်မလန့်ဘဲ နေကြလိမ့်မည်လော။ ထာဝရဘုရားစီရင်တော်မမူဘဲ ဘေးတစုံတခုသည် မြို့ထဲမှာရောက်လိမ့် မည်လော။
အကယ်စင်စစ် အရှင်ထာဝရဘုရားသည် မိမိကျွန်ပရောဖက်တို့အား မဘော်မပြဘဲ အဘယ်အမှုကိုမျှ စီရင်တော်မမူ။
ခြင်္သေ့ဟောက်သောအခါ၊ အဘယ်သူမျှအကြောက် မလန့်ဘဲ နေလိမ့်မည်နည်း။ အရှင်ထာဝရ ဘုရားမိန့်တော်မူသောအခါ အဘယ်သူသည် ပရောဖက်မပြုဘဲ နေလိမ့်မည်နည်း။
၁၁ ဘုရားသခင်သည် သောဒုံမြို့ နှင့် ဂေါမောရမြို့ကို မှောက်လှန်သကဲ့သို့၊ သင်တို့အချို့ကို ငါမှောက်လှန်၍ သင်တို့သည် မီးထဲကနှုတ်သော ထင်းစ ကဲ့သို့ဖြစ်ကြပြီ။ သို့သော်လည်း၊ ငါ့ထံသို့ပြန်၍ မလာကြဟု ထာဝရဘုရား မိန့်တော်မူ၏။
၁၂ သို့ဖြစ်၍၊ အိုဣသရေလ အမျိုး၊ အထက်ကပြုသကဲ့သို့ သင်တို့၌ ငါပြုဦးမည်။ ထိုသို့ပြုမည်ဖြစ်သောကြောင့်၊ အိုဣသရေလအမျိုး၊ သင်၏ ဘုရားသခင်နှင့် တွေ့ခြင်းငှါ ကိုယ်ကိုပြင်ဆင်လော့။

ဆာလံကျမ်းအခန်းကြီး (Ps 5:4-8);

ကိုယ်တော်သည် မတရားသော အမှုကို နှစ်သက်သော ဘုရားမဟုတ်၊၊ ဆိုးသောသူကို လက်ခံတော်မမူ၊၊
မိုက်သောသူသည် အထံတော်သို့ မဝင်ရ၊၊ မတရား သဖြင့် ပြုသောသူအပေါင်းတို့ကို မုန်းတော်မူ၏၊၊
မုသာစကားပြောသောသူတို့ကို ဖျက်ဆီးတော်မူ၏၊၊ လူ့အသက်ကို သတ်တတ်သောသူနှင့် လှည့်စားတတ်သောသူတို့ကို ထာဝရဘုရား စက်ဆုပ်ရွံ့ရှာတော်မူ၏။
အကျွန်ုပ်မူကား များစွာသော ကျေးဇူးတော်ကို ခံစားရသဖြင့် အိမ်တော်သို့ ရောက်၍ ကိုယ်တော်ကို ကြောက်ရွံ့သောစိတ်နှင့် သန့်ရှင်းသော ဗိမာန်ကို ကိုးကွယ်ပါလိမ့်မည်၊၊
အို ထာဝရဘုရား အကျွန်ုပ်၏ ရန်သူတို့ကြောင့် အကျွန်ုပ်ကို တရားတော်လမ်းထဲသို့ ပို့ဆောင်တော်မူပါ။ ကိုယ်တော်၏ လမ်းကို အကျွန်ုပ်ရှေ့မှာ ဖြောင့်စေတော်မူပါ၊၊

 ဆာလံကျမ်းအခန်းကြီး ၁၃၀ (Ps 130:5);

ထာဝရဘုရားကို ငါစောင့်လျက် နေ၏။ ငါ့ဝိညာဉ်သည် စောင့်လျက်နေ၏။ နှုတ်ကပတ်တော်ကို ငါမြော်လင့်၏။  

ရှင်မဿဲခရစ်ဝင် အခန်းကြီး (Matt 8:23-27);

၂၃ထိုအခါလှေထဲသို့ဝင်တော်မူ၍တပည့်တော်တို့သည်လိုက်ကြ၏။ အိုင်၌လှိုင်းတံပိုးပြင်းစွာထ၍ လှေကို လွှမ်းလေ၏။
၂၄ကိုယ်တော်သည်ကျိန်းစက်၍နေတော်မူ၏။
၂၅တပည့်တော်တို့သည်ချဉ်းကပ်၍ ကိုယ်တော်ကို နှိုးပြီးလျှင်၊ သခင်၊ အကျွန်ုပ်တို့သည်ပျက်စီးခြင်းသို့ရောက်ပါ၏။ ကယ်တော်မူပါဟု လျှောက်ကြသော်၊
၂၆ကိုယ်တော်က၊ ယုံကြည်အားနည်းသောသူတို့၊ အဘယ်ကြောင့်ကြောက်တတ် သနည်းဟုမေးတော်မူပြီးလျှင်၊ ထ၍ လေနှင့်ပင်လယ်  ပယ်လယ်ကိုဆုံးမတော်မူသဖြင့် အလွန်သာယာလေ၏။
၂၇ထိုသူတို့ကလည်း၊ ဤသူကားအဘယ်သို့သောသူ ဖြစ်သနည်း။ လေနှင့်ပင်လယ်သည်သူ၏စကားကို နားထောင်ပါသည်တကားဟုအံ့သြကြ၏။



No comments:

Post a Comment

Designed By